တောင်ကြီး မိုးသက် လေပြင်းတိုက်ခတ်မှုကြောင့် မီးတိုင်များလဲကျ

သျှမ်းပြည် တောင်ကြီးမြို့တွင် မိုးသက်လေပြင်း တိုက်ခတ်ခဲ့မှုကြောင့် မီးတိုင်၊ ဖုန်းတိုင်များ လဲကျသွားကြောင်း သိရသည်။

လေပြင်းတိုက်ခတ်မှုကြောင့် ဖုန်းတိုင် မီးတိုင်များ ပျက်စီးခြင်း

ယမန်နေ့ မေလ ၁၅ ရက် နေ့လယ်ပိုင်း အချိန်တွင် မိုးသက်လေပြင်း ထပ်မံတိုက်ခတ်မှုကြောင့် အနောက်မြို့ ပတ်လမ်းရှိ ပြည်နယ် လဝက ရုံးရှေ့မှ ဖုန်းတိုင် (၂) တိုင်၊ ချမ်းသာရပ်ကွက်ရှိ သိမ်တောင် ဘုန်းကြီးကျောင်းမှ မီးတိုင် (၄) တိုင် နှင့် ဘုရားဖြူ – ရေတံခွန်ရွာလမ်းမှ မီးတိုင် (၁) တိုင် လဲကျခဲ့ပြီး အဆိုပါ မီးတိုင်များ လဲကျခြင်းကြောင့် မကြာခဏ မီးပြတ်တောက်မှုများ ဖြစ်ပေါ်နေကြောင်း တောင်ကြီး ဒေသခံတစ်ဦးက ပြောသည်။

“မနေ့ နဲ့ ရှေ့တစ်နေ့က တောက်လျောက် မီးက လာလိုက် ပြတ်လိုက်နဲ့ ဖြစ်နေတာ။ အတော်နေ လာလိုက်၊ (၅) မိနစ်လောက်နေ ပြတ်သွားလိုက်နဲ့ ဖြစ်နေတယ်။ မနေ့ ည (၅) နာရီလောက်မှ မီးပြန်လာတယ်။ အခုထိတော့ မီးက လာနေသေးတယ် “ ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မေလ ၁၃ ရက်မှ မေလ ၁၅ ရက်ထိ ၃ ရက်အတွင်း မိုးသက်လေပြင်း တိုက်ခိုက်မှုကြောင့် စဝ်စံထွန်းဆေးရုံ ခြံဝင်း အကာအရံ ပြိုကျခြင်း၊ ရပခ ရုံးဝန်းထဲရှိ ညောင်ပင်ကြီး လဲကျမှုကြောင့် ပညာရေး ကောလိပ် နှင့် ကပ်လျက်ရှိသော သက်သာ ပစ္စည်းအရောင်းဆိုင် ပျက်စီးခြင်း၊ မြို့မဈေးတောင်ဘက်ရှိ ညဈေးတန်း၊ ကုန်စိမ်းဈေး အမိုးလန်ခြင်း နှင့် မီးတိုင်၊ ဖုန်းတိုင်များ လဲကျခြင်း စသည်ဖြင့် ပျက်စီးမှု ရှိခဲ့သည်။

အလားတူ သျှမ်းပြည် တာချီလိတ်မြို့တွင်လည်း မုန်တိုင်းဝင်ရောက်မှုကြောင့် ရေကြီးရေလျှံ၊ မြေပြိုကျခြင်း ဖြစ်ပြီး ဇနီးမောင်နှံ ၂ ဦးသေဆုံးသွားခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...