လောက်ကိုင်မြို့နယ် ပြည်သူ့စစ် အချင်းချင်း ပစ်ခတ်မှုဖြစ်ပွား
သျှမ်းပြည် အထူးဒေသ (၁) လောက်ကိုင်မြို့နယ်အတွင်း ပြည်သူ့စစ်တပ်ဖွဲ့ဝင် အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့ ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၉) ရက် ညနေပိုင်း ၅ နာရီဝန်းကျင်တွင် လောက်ကိုင်မြို့၊ တုံချိန် ရပ်ကွက်၊ ထာဝရ အဝိုင်းပတ် အနီး၌ ပစ်ခတ်သံများ ထွက်ပေါ်လာပြီး...
SHAN -
မြန်မာစစ်တပ်၏ ပြည်သူများအပေါ် လူမဆန် သတ်ဖြတ်မှုများကို ရပ်တန့်ရန် အတွက် မြန်မာစစ်တပ် ကို လက်နက်ပိတ်ပင်ပြီး တိုက်လေယာဥ်ဆီများတင်ပို့မှုရပ်ဆိုင်ရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း က တိုက်တွန်းတောင်းဆိုလိုက်သည်။ အဆိုပါ တောင်းဆိုမှုသည် (၇၈)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ လက်နက် ဖျက်သိမ်းရေးနှင့် နိုင်ငံတကာ လုံခြုံရေးကော်မတီ၏ မိန့်ခွန်းပြောကြားမှုအစီအစဉ်တွင်...
စစ်တပ်နောက်ခံယူပြီး ဖူလီလိုက် လားရှိုးမြို့ပေါ် စီးပွားရေး သောင်းကျန်း
“လားရှိုးမြို့ပေါ်မှာ တရုတ်ပြည်အလား တိုက်လာဆောက်နေတာ အများကြီးရှိပါတယ်။” လို့ လားရှိုးမြို့ ဒေသခံ စိုင်းလိတ်က ပြောပါတယ်။ အဲ့ဒီအဆောက်အဦးကို ကြည့်မယ်ဆိုပါက လားရှိုးမြို့ဟာ ဖွံ့ဖြိုးတိုးတက်နေပြီး စီးပွားရေးကောင်းမွန်နေတဲ့ မြို့တော်လို့ ထင်ကောင်းထင်ကြပါလိမ့်မယ်။ လားရှိုးမြို့ဟာ တရုတ် - မြန်မာ (၂) နိုင်ငံကြား ကုန်တင်ပို့မှု စီးပွားရေး အချက်အခြားကြတဲ့ မြို့ကြီးတစ်ခုဖြစ်ပြီး၊...
သိန္နီမြို့နယ် စစ်ကောင်စီ အင်အားထပ်ဖြည့်နေ၊ စစ်ရှောင်များက နေရပ်မပြန်နိုင်သေး
သျှမ်းပြည် သိန္နီမြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့က စစ်အင်အားထပ်မံ ဖြည့်တင်း နေပြီး စစ်ရှောင်များ နေရပ်မပြနိုင်ကြသေးကြောင်း စုံစမ်းသိရသည်။ ယနေ့( စက်တင်ဘာလ ၁၀) ရက် နံနက်ပိုင်း ၈ နာရီဝန်းကျင်တွင် သိန္နီမြို့နယ်၊ စယ်အူကျေးရွာ အုပ်စု၊ ဆာမိုင်ရွာ (ဝၢၼ်ႈသႃႇမႂ်ႇ) အတွင်းသို့ စစ်ကောင်စီ...
ညောင်ရွှေမြို့နယ် အင်းလေးဒေသ စစ်ဆေးရေးဂိတ်တွင် ဗျုတပ်ဖွဲ့ဝင်များစောင့်ပြီး ဆက်ကြေးကောက်
သျှမ်းပြည် ညောင်ရွှေမြို့နယ် အင်းလေးဒေသရှိ စစ်ဆေးရေးဂိတ်အချို့တွင် ဗျူစောထီးတပ်ဖွဲ့ဝင်များ စောင့်ဆိုင်းပြီး ဆက်ကြေး ကောက်ခံမှုပြုလုပ်နေသဖြင့် ပြည်သူများ အခက်အခဲကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ ယခုရက်ပိုင်းအတွင်း အင်းလေးဒေသ ကျေးပေါခုံကျေးရွာအုပ်စုရှိ ရှေးဟောင်းသမိုင်းဝင် ရွှေအင်းတိန်းဘုရားမှ စစ်ဆေးရေးဂိတ်တွင် ဗျုစောထီးတပ်ဖွဲ့ဝင်များ စောင့်ဆိုင်းပြီး ကားတစ်စီးလျှင် ကျပ်ငွေ ၅ ထောင်မှ ၁ သောင်းခွဲ...
BRI ပိုးလမ်းမ စီမံကိန်း တိုးမြှင့်လုပ်နေသည့်အပေါ် ရပ်တန့်ရန် KWAT တောင်းဆို
SHAN -
တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံရှိ BRI-ပိုးလမ်းမ စီမံကိန်းတိုးမြှင့်လုပ်ဆောင်မည့် အစီအစဉ်များကို ရပ်တန့်ရန် ကချင်အမျိုးသမီးများအစည်းအရုံး-ထိုင်းနိုင်ငံ (KWAT) က တောင်းဆိုလိုက်သည်။ စစ်ကောင်စီသည် BRI -ပိုးလမ်းမစီမံကိန်းတိုးချဲ့ပြုလုပ်နေသည့်အပေါ်ရပ်တန့်ပေးရန် နှင့် ကချင်ပြည် နှင့် သျှမ်းပြည် မြောက်ပိုင်း အတွင်း စစ်ကောင်စီမှ လူ့အခွင့်အရေး ချိုးဖောက်မှု ပိုပြင်းထန်လာပြီး KWAT က...
နမ့်ခမ်းမြို့နယ် ကလေးပြန်ပေးဆွဲသည့် အဖွဲ့မှ အသေ တစ်ဦး၊ အရှင် (၂) ဦး ဖမ်းဆီးမိ
သျှမ်းပြည် နမ့်ခမ်းမြို့နယ်အတွင်း ကလေးငယ်ကို ပြန်ပေးဆွဲလုပ်သည့် အဖွဲ့အား အသေ တစ် ဦး၊ အရှင် (၂) ဦးကို တစ်နေ့တည်းအတွင်း ဖမ်းဆီးရမိကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာ ၉) ရက် နံနက်ပိုင်း ၈ နာရီခွဲကျော်တွင် နမ့်ခမ်းမြို့နယ်၊ စာရေးတန်းရပ်ကွက် (ပွၵ့်ၸရေးတၢၼ်း) ၌...
မူဆယ်မြို့လယ်ခေါင် တရုတ်ငွေလဲလှယ်သည့် အမျိုးသမီး သေနတ်ပစ်ခံရပြီး ဓားပြတိုက်ခံရ
သျှမ်းပြည် မူဆယ်ခရိုင်၊ မူဆယ်မြို့လယ်ခေါင် နာရီစင်အနားတွင် တရုတ်ငွေ လဲလှယ်သည့် အမျိုးသမီး တစ်ဦး ဓားပြတိုက်ခံရပြီး သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၇ ရက် ည ၇ နာရီခွဲ ဝန်းကျင်တွင် မူဆယ်မြို့လယ်ခေါင် နာရီစင်အနား၌ မြန်မာ - တရုတ်...
နမ့်လန် ပြောင်းခင်းထဲ ကြွက်များသောင်းကျန်း
သျှမ်းပြည် နမ့်လန်မြို့နယ်အတွင်း တောင်သူများ စိုက်ပျိုးထားသည့် ပြောင်းခင်းထဲကြွက်များ ဝင်ရောက်သောင်းကျန်းမှုကြောင့် ပြောင်းအများအပြား ပျက်စီးကြောင်း စုံစမ်းသိရသည်။ ယခုရက်ပိုင်း နမ့်လန်မြို့နယ်အတွင်း တောင်သူများ စိုက်ပျိုးထားသည့် ပြောင်းခင်းထဲ ကြွက်များဝင်ရောက်သောင်းကျန်းမှုကြောင့် ပြောင်းများပျက်စီးခဲ့ရပြီး၊ ပြောင်းထွက်နှုန်းထိခိုက်မှုရှိကြောင်း နမ့်လန် တောင်သူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “ ပြောင်းအထွက်နှုန်းကောင်းပေမယ့် ကြွက်တွေဖျက်ဆီးတော့ ဆုံးရှုံးမှုရှိတယ်။ တကယ်လို့...
သိန္နီမြို့နယ် ကိုယ်ဝန်သည်တစ်ဦး လက်နက်ကြီး ထိမှန်
သျှမ်းပြည် လားရှိုးခရိုင် သိန္နီမြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီ တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုယ်ဝန်သည် အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာလ ၉) ရက် နံနက်ပိုင်း ၁၀ နာရီဝန်းကျင်မှ စတင်ကာ သိန္နီမြို့နယ် ကွန်ကောက် ကျေးရွာအုပ်စု (ဢိူင်ႇၵုၼ်ၵွၵ်ႇ)၊...






