Sunday, May 5, 2024

မူဆယ်မြို့ စစ်ဘေးရှောင် ၁၀၀ ကျော် ရောက်ရှိနေ

Must read

မြန်မာ-တရုတ်နယ်စပ်ဒေသ မူဆယ်မြို့တွင် တိုက်ပွဲကြောင့်ထွက်ပြေးတိမ်းရှောင်ရသူ စစ်ဘေးရှောင် ၁၀၀ ကျော် ရောက်ရှိနေကြောင်း သတင်းသိရှိရသည်။

နမ့်ခမ်းမြို့တွင်း တိုက်ပွဲကြောင့် နေရပ်စွန့်ပြီးထွက်ပြေးတိမ်းရှောင်လာကြသည့် စစ်ဘေးရှောင်များသည် လက်ရှိမှာ မူဆယ်မြို့ရှိ မြို့လယ် ဝေဠုဝန်ကျောင်း နှင့် ခရစ်ယာန်ဘုရားကျောင်းတွင် လာရောက် ခိုလှုံနေရသည်ဟု စစ်ရှောင်ကူညီသူဒေသခံတစ်ဦးက ပြောသည်။

“ မနေ့ကစပြီး လာကြတာ။ ဒီနေ့လည်း ထပ်လာနေသေးတယ်။ မြို့လယ်ဘုရားကျောင်းမှာတော့ လူဦးရေ ၇၀ ကျော်လောက်ရှိတယ်။ ခရစ်ယာဉ်ဘုရားကျောင်းမှာက ၃၀ ကျော်ရှိတယ်။ တချို့တွေလည်း ဆွေမျိုးမိတ်ဆွေ ဆီမှာ သွားနေကြ တာလည်း ရှိတယ် “ ဟု ၎င်းဒေသခံတစ်ဦးက ပြောသည်။


လက်ရှိ စစ်ရှောင်များ၏ စားနပ်ရိက္ခာထောက်ပံ့ရေးကို ဒေသခံများက စုပေါင်းထောက်ပံ့ပေးထားသည်။

ထို့အပြင် မူဆယ်မြို့အတွင်းသို့ ရောက်ရှိလာကြသည့် စစ်ရှောင်အများစုသည် ၎င်းတို့ နီစပ်သည့် ဆွေမျိုးမိတ်ဆွေအိမ်သို့ သွားရောက်နေထိုင်ကြပြီး၊ တရုတ်ပြည်ဝင်ရန် နယ်စယ်ဂိတ်၌ သွားရောက်စောင့်ဆိုင်း သူများလည်း ရှိသည်။

ယင်းကဲ့သို့ စစ်ရှောင်စခန်းအတွင်း လာရောက်နေထိုင်းမပြုကြသည့် စစ်ရှောင်များမှာ စုစုပေါင်း ၁ ထောင်ကျော် ရှိကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article