တန့်ယန်းမြို့ရောက် စစ်ရှောင် ၁ ထောင်ကျော် အရေးပေါ် စားနပ်ရိက္ခာလိုအပ်နေ

သျှမ်းပြည် တန့်ယန်းမြို့သို့ ရောက်ရှိနေသည့် စစ်ရှောင် ၁ ထောင်ကျော် အတွက် အရေးပေါ် စားနပ်ရိက္ခာအကူအညီ လိုအပ်နေကြောင်း စစ်ရှောင်ကော်မတီထံမှ စုံစမ်းသိရှိရသည်။

တန့်ယန်းရောက်စစ်ရှောင်

“ ၁၀၂၇ စစ်ဆေးရေး “ တိုက်ပွဲကြောင့် လောက်ကိုင်မြို့အတွင်း ထွက်ပြေးလာသူများနှင့် ချင်းရွှေဟော်မြို့ရှိ စစ်ရှောင်များသည် ဒေသအတွင်း အာဏာပိုင်များ၏ အကူအညီဖြင့် တန့်ယန်းမြို့ရှိ ဘုန်းကြီးကျောင်းနှင့် “ဝ” စာပေနှင့်ယဉ်ကျေးမှုကျောင်းထံသို့ နိုဝင်ဘာ ၃ ရက်တွင် စတင်ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

ယနေ့ ( နိုဝင်ဘာလ ၈ ရက်)အထိ လောက်ကိုင်၊ ချင်းရွှေဟော်ဘက်မှ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ရှောင်များ ထပ်မံ ရောက်ရှိလာနေပြီး စုစုပေါင်း စစ်ရှောင်ဦးရေ ၁,၀၀၀ ကျော်အထိ ရှိလာနေသဖြင့် စားနပ်ရိက္ခာမလုံလောက်မှုပြသာနာနှင့် ကြုံတွေ့နေရကြောင်း စစ်ရှောင်ကူညီသူ ဒေသခံတစ်ဦးက ပြောသည်။

“ အဓိကတော့ နေရာအထိုင်အခင်း၊ ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေ လိုအပ်တာပေါ့။ နေ့တိုင်း စစ်ရှောင်အသစ်တွေ ထပ်ရောက်လာတော့ စားဖို့သောက်ဖို့က မနက်ပိုင်းအချိန်ကို ကော်ဖီနဲ့ မုန့်ပဲစားရတယ်။ ကျန်တဲ့အချိန်တွေ ကျတော့ ဒီကလူတွေ စုပြီး ထမင်းလာဝေတယ်၊ ချက်ကျွေးတယ်။ ဒါပေမယ့် လူဦးရေများတော့ မလောက်ဘူး “ ဟု ၎င်းဒေသခံတစ်ဦးက ပြောသည်။

တန့်ယန်းရောက်စစ်ရှောင်

လက်ရှိ စစ်ရှောင်များသည် တန့်ယန်းမြို့ရှိ အောင်မင်္ဂလာ ဘုန်းကြီးကျောင်း၊ အားကစားကွင်း (ဘောလုံးကွင်း)အဆောင် နှင့် “ ဝ “ စာပေနှင့် ယဉ်ကျေးမှုကျောင်းတွင် ခိုလှုံနေကြပြီး၊ ထိုထဲတွင် ကလေးငယ်နှင့် ကိုယ်ဝန်သည်မိခင် ဦးရေ ၂၅ ရာခိုင်နှုန်း ပါဝင်သည်။

တချို့စစ်ရှောင်သည် ထွက်ပြေးလာစဉ် လမ်းတစ်ဝက်၌ စစ်ဆေးမေးမြန်းခံရပြီး မှတ်ပုံတင်၊ ဖုန်းနှင့် ပိုက်ဆံများ သိမ်းဆည်းခံလိုက်ရသောကြောင့် အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့် ထွက်တိမ်းရှောင်လာရသည်။
ယင်းကဲ့သို့ တိုက်ပွဲဖြစ်ပွားခြင်းနှင့် ထွက်ပြေးတိမ်းရှောင်လာစဉ် လမ်းပိုင်းစစ်မေးမြန်းခံရခြင်းကြောင့် တချို့ ကလေးမိခင်မှာ စိတ်ပိုင်းဆိုင်ရာ ပြသာနာနှင့် ကြုံတွေ့နေရသည်ဟု စစ်ရှောင်ကူညီသူတစ်ဦးက ပြောသည်။

တန့်ယန်းစစ်ရှောင်

“ အခုတွေ့ရသလောက်တော့ တချို့ကလေးမိခင်တွေက စိတ်ပိုင်းဆိုင်ရာ ပြသာနာနဲ့ ကြုံတွေ့ရတာရှိတယ်။ လူကို ကြောက်တယ်၊ လန့်တယ်။ သူတို့စိတ်ပိုင်းဆိုင်ရာ ထိခိုက်သွားပုံရတယ်။ အခုကြုံတွေ့နေရတဲ့ ပြသာနာနဲ့ ပတ်သက်ပြီး လာကူညီမယ့်အဖွဲ့အစည်းကလည်း မရှိသေးဘူး “ ဟု ၎င်းက ပြောသည်။

သျှမ်းမြောက်ဒေသတွင် လဝက်နီးပါးကြာ “ ၁၀၂၇ စစ်ဆေးရေး “ တိုက်ပွဲကြောင့် မိမိနေရပ်၊ အိုးအိမ်ကို စွန့်ပစ်ပြီး ထွက်ပြေးတိမ်းရှောင်နေရသူ စုစုပေါင်း စစ်ရှောင်ဦးရေ ၄ သောင်း ဝန်းကျင်အထိ ရှိလာပြီဖြစ်ကြောင်း လူသားချင်းစာနာမှုဆိုင်ရာ ကုလသမဂ္ဂညှိနှိုင်းရေးမှုးရုံး UNOCHA က ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...