သျှမ်းပြည်တောင်ပိုင်းရှိ စစ်ရှောင်စခန်းများတွင် စားနပ်ရိက္ခာများပြတ်လတ်မှုဖြစ်ပွားနေ

သျှမ်းပြည်နယ်တောင်ပိုင်းရှိ စစ်ရှောင်စခန်းအများစုတွင် စားနပ်ရိက္ခာများ ပြတ်လတ်နေပြီး အရေးပေါ် လိုအပ်နေကြောင်း စစ်ရှောင်စခန်း တာဝန်ရှိသူတစ်ဦးထံမှ နိုဝင်ဘာလ(၂)ရက်နေ့တွင် သိရှိရသည်။

ပင်လောင်းစစ်ရှောင်

ယခင် စစ်ရှောင်ဦးရေ (၁၈၀၀၀၀)ခန့် ရှိသော ထိုစခန်းတွင် လက်ရှိ စစ်ရှောင်ဦးရေ (၉၀၀၀)ကျော် ကျန်ရှိပြီး၊ စားနပ်ရိက္ခာများ ပြတ်လတ်နေသည်မှာ ကြာမြင့်နေပြီဖြစ်ကြောင်း စစ်ရှောင်တစ်ဦးထံမှ သိရသည်။

“အခုက စားနပ်ရိက္ခာတွေလည်း ပြတ်ပြီး။ ရိက္ခာတွေ လိုအပ်နေတယ်။ အလှူရှင်တွေ မလာတော့တာ (၇)လကျော် လောက်ရှိပြီ။ စားဝတ်နေရေး အခက်အခဲကြောင့် ပြောင်းချိုး၊ ပြောင်းလှန်းတာမျိုး နေ့စားအလုပ်တွေ လိုက်လုပ်နေကြပေမယ့် မပြေလည်ပါဘူး” ဟု ထိုစစ်ရှောင်တစ်ဦးက ပြောကြားသည်။

ပင်လောင်းစစ်ရှောင်

ထိုစစ်ရှောင်စခန်းတွင် စားဝတ်နေရေး အခက်အခဲများ ကြုံတွေ့နေကြရသည့် အပြင် သန့်ရှင်းသော သောက်သုံးရေ ရှားပါးတဲ့ ပြဿနာ အခက်အခဲကိုလည်း ရင်ဆိုင်နေကြရပါသည်။

“သောက်သုံးရေဆိုရင် ပိုက်ဆံ နည်းနည်းချင်းစီ စုထည့်ပြီး ဓာတ်ဆီဝယ် ချောင်းကရေကို တင်သွယ်ပြီး သုံးရတာပေါ့။ သန့်ရှင်းမှုကတော့ အားနည်းတာပေါ့။ ထုံးဓာတ်လဲများတော့ ကျိုချက်ပြီး အနည်ထိုင်အောင် စောင့်ပြီးမှ သောက်လို့ရတာ။ ခုက မိုးရွာတော့ ရေတွေ ရနေသေးတော့ အဆင်ပြေသလို နေလို့ ရတယ်။ နွေရာသီကျရင် ချောင်းမှာ ရေရှားသွားပြီ။ လူကလဲများတော့ ရေလုချိုးရတာတွေမျိုးလည်း ဖြစ်တယ်” ဟု အဆိုပါစစ်ရှောင်က ထပ်လောင်းပြောသည်။

ပင်လောင်းစစ်ရှောင်

စစ်ရှောင်များဟာ စစ်ရှောင်စခန်းမှာ အဆင်ပြေသလို ရှာဖွေ စားသောက်နေကြရသော်လည်း စစ်ရှောင်များသည် မိမိနေရပ်ပြန်လိုသည့်ဆန္ဒများပြင်းထန်နေသည်။

“အိမ်ကိုလည်း ပြန်ချင်နေပြီ။ အခုက အမိုးအကာနဲ့ပဲ တံခါး မရှိပဲနေရတော့ ညအိပ်ရင်လဲ စိတ်ချ လက်ချ မအိပ်နိုင်ဘူး။ နေရ ထိုင်ရတာလဲ လုံခြုံမှုမရှိပါဘူး” ဟု ၎င်းကဆက်ပြောသည်။

ယင်းစစ်ရှောင်များသည် ကရင်နီပြည်အနှံနှင့် သျှမ်းတောင် ပင်လောင်း၊ ဖယ်ခုံ၊ မိုးဗြဲမြို့နယ်မှ ဒေသခံများ ဖြစ်ကြသည်။

၂၀၂၂ခုနှစ်မှ စ၍ ရှောင်တိမ်းနေကြရပြီး စစ်ရှောင်ကာလ ကြာလာသည်နှင့်အမျှ နေထိုင်စားသောက်ရေးမှာ ပိုမို ခက်ခဲလာတဲ့အပြင် အထောက်အပံ့များ လုံလုံလောက်လောက် မရရှိသည့် အခြေအနေကို သျှမ်းပြည် တောင်ပိုင်းရှိ စစ်ရှောင်စခန်းများတိုင်းလိုလို ကြုံတွေ့နေရကြောင်း သိရှိရသည်။

လက်ရှိ အချိန်ထိ အိမ်ပြန်ရန် ခက်ခဲနေသော စစ်ရှောင်များအတွက် ရေရှည် ရပ်တည်နိုင်ရန် အလုပ်အကိုင် အခွင့်အလမ်းများလည်း လိုအပ်‌နေကြောင်း စစ်ရှောင်များမှ ပြောကြားသည်။

နော်လာဝါ မှ သတင်းပေးပို့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

ပင်လောင်း ခရမ်းချဉ်သီးစိုက်သူ အရှုံးပေါ်

0
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် ခရမ်းချဉ်သီးဈေးနှုန်း ကျဆင်းမှုကြောင့် အရင်းအနှီးပြန်မရသည့်အထိ ဆုံးရှုံးမှုများ နေကြောင်း စုံစမ်းသိရသသည်။ မြန်မာနိုင်ငံအတွင်း နေ့စဉ်နှင့်အမျှ ကုန်ဈေးနှုန်းများ မြှင့်တက်လာသည့်အလျောက် ပင်လောင်းမြို့နယ်တွင် ပြီးခဲ့သည့် မေလ နောက်ဆုံးပတ်မှ စပြီး ခရမ်းချဉ်သီးဈေးနှုန်း ဆက်တိုက်ကျဆင်းနေကြောင်း စိုက်ပျိုးရေးသမား ကိုချမ်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ပြီးခဲ့တဲ့ပတ်က တစ်ပိဿကို...

ပင်လောင်းဒေသခံများ PNO အတွက် နေ့စဉ်ထမင်းထုပ်ပို့နေရ

0
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိ ကျေးရွာများတွင် ပအိုဝ်းပြည်သူ့စစ် PNO က ကျေးရွာများအတွက် လုံခြုံရေးယူပေးနေသည်ဟုဆိုကာ ဒေသခံများကို နေ့စဉ် ထမင်းထုပ်ပို့ဆောင်ခိုင်းကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ ပထမပတ်မှစပြီး ပင်လောင်းမြို့နယ် လုံးပျဉ်းကျေးရွာ၊ တောင်မဲသင်းကျေးရွာ နှင့် မြောက်စလုံးကျေးရွာတို့တွင် ပအိုဝ်းပြည်သူ့စစ် (PNO) တို့က ကျေးရွာလုံခြုံရေးယူပေးနေသည်ဟုဆိုကာ...

ပင်လောင်းတွင် တောင်ကျရေ ရုတ်တရက်စီးဆင်းမှုကြောင့် စိုက်ခင်းများ ပျက်စီး

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီးကုန်ကြောင်း သတင်းရရှိသည်။ ယမန်နေ့ မေလ (၂၁)ရက်တွင် ပင်လောင်းမြို့နယ် အပါအဝင် သျှမ်းတောင်တွင် မိုးများရွာသွန်းခဲ့ပြီးနောက် နောင်ပီကျေးရွာတွင် တောင်ကျရေများ ရုတ်တရက်ကျဆင်းကာ ကော်ဖီထုတ်စိုက်ခင်း၊ ပြောင်းစိုက်ခင်းနှင့် ခရမ်းချဉ်စိုက်ခင်းများသို့ ရေဝင်လာသဖြင့် သီးနှံစိုက်ခင်းများ ပျက်စီးဆုံးရှုံး သွားခဲ့ရသည်။ ထိုသို့ သဘာဝဘေးကြုံတွေ့မှုကြောင့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...