Wednesday, January 28, 2026

နားလည်မှုကွဲလွှဲခြင်းကြောင့် SSPP နှင့် TNLA တို့အကြားတိုက်ပွဲဖြစ်ပွားခဲ့ရ

မြန်မာ-တရုတ်နယ်စပ်ဒေသ မူဆယ်မြို့နယ် စယ်လန့်ကျေးရွာတွင် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တို့အကြား နားလည်မှုကွဲလွှဲခြင်းကြောင့် တိုက်ပွဲဖြစ်ပွားရကြောင်း သတင်းရရှိသည်။

ယမန်နေ့ ( နိုဝင်ဘာလ ၈ ရက် ) နံနက်ပိုင်းအချိန်တွင် ဖြစ်ပွားခဲ့သည့် စယ်လန့်ကျေးရွာအတွင်း တိုက်ပွဲတွင် SSPP ဘက်မှ တပ်သား ၁ ဦးကျဆုံးပြီး မြို့နယ်မှူးအပါအဝင် ၂ ဦးသတ်ဖြတ်ခံရကာ၊ TNLA ဘက်မှ တပ်သား ၄ ဦးကျဆုံးပြီး ၂ ဦးထိခိုက်ဒဏ်ရာရှိကြောင်း နှစ်ဖက်တပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားကြသည်။

ယင်းကဲ့သို့ တိုက်ပွဲဖြစ်ပွားရခြင်းသည် စယ်လန့်ကျေးရွာအုပ်စုနေ စိုင်းမောဝ်အွန်ကို TNLA တပ်ဖွဲ့မှ ဖမ်းဆီးသွားခဲ့ကြောင်း သတင်းသိရှိရသဖြင့် SSPP/SSA မူဆယ်မြို့နယ်မှူး ဦးဆောင်သည့် လုံခြုံရေးတပ်သား ၇ ဦးက အကျိုးအကြောင်း သိရှိရန်သွားရောက်မေးမြန်းရာ TNLA ဘက်မှစတင်ပစ်ခတ်မှုကြောင့် အနီးကပ် တိုက်ပွဲဖြစ်ပွားခဲ့ရသည်ဟု SSPP မှ ထုတ်ပြန်ထားသည်။

တအာင်း ( ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/ TNLA ဘက်မှ မိမိတို့စစ်ဆင်ရေး ဖော်ဆောင်နေစဉ်အတွင်း စိုင်းမောဝ်အွန်က ဓါတ်ပုံမှတ်တမ်းကူးယူခြင်း ပြုလုပ်နေသောကြောင့် အကြောင်းရင်းအား သိရှိရန်အတွက် ခဏတာခေါ်ယူမေးမြန်း စုံစမ်းခဲ့ကြောင်း၊ ထိုသို့ မေးမြန်းနေစဉ် SSPP မှ အရာရှိဖြစ်သူ စိုင်းလင်းနှင့်အဖွဲ့တို့ ရောက်ရှိလာပြီး စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ၎င်းတို့နှစ်ဖက်တပ်ဖွဲ့က အပြန်အလှန် စွပ်စွဲပြောဆိုထားသည်။

အလားတူပင် ယနေ့ ( နိုဝင်ဘာလ ၈ ရက်) တွင် ဖမ်းဆီးထားသည့် စိုင်းမောဝ်အွန်ကို ရပ်မိရပ်ဖထံ အပ်နှံပေးပြီး ဖြစ်ကြောင်း PSLF /TNLA ရဲ့ သတင်းနှင့် ပြန်ကြားရေးဌာနက ယနေ့တွင် ထုတ်ပြန်ထားသည်။

စိုင်းမောဝ်အွန်သည် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNDL) ၏ စယ်လန့်ကျေးရွာအုပ်စု အလုပ်အမှု ဆောင်ကော်မတီ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်ကြောင်း၊ လက်နက်ကိုင် ပဋိပက္ခအတွင်း ပါဝင်နေသည့် မည်သို့သော အဖွဲ့အစည်းနှင့်မျှ ပတ်သက်ခြင်းမရှိဘဲ ဒေသတွင်း လူမှုကူညီရေးလုပ်ငန်းများကို လုပ်ဆောင်သူသာ ဖြစ်ပြီး ချွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးကာ အိမ်တိုင်ရာရောက် ပို့ဆောင်ပေးရန် SLND က ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...