နားလည်မှုကွဲလွှဲခြင်းကြောင့် SSPP နှင့် TNLA တို့အကြားတိုက်ပွဲဖြစ်ပွားခဲ့ရ

မြန်မာ-တရုတ်နယ်စပ်ဒေသ မူဆယ်မြို့နယ် စယ်လန့်ကျေးရွာတွင် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တို့အကြား နားလည်မှုကွဲလွှဲခြင်းကြောင့် တိုက်ပွဲဖြစ်ပွားရကြောင်း သတင်းရရှိသည်။

ယမန်နေ့ ( နိုဝင်ဘာလ ၈ ရက် ) နံနက်ပိုင်းအချိန်တွင် ဖြစ်ပွားခဲ့သည့် စယ်လန့်ကျေးရွာအတွင်း တိုက်ပွဲတွင် SSPP ဘက်မှ တပ်သား ၁ ဦးကျဆုံးပြီး မြို့နယ်မှူးအပါအဝင် ၂ ဦးသတ်ဖြတ်ခံရကာ၊ TNLA ဘက်မှ တပ်သား ၄ ဦးကျဆုံးပြီး ၂ ဦးထိခိုက်ဒဏ်ရာရှိကြောင်း နှစ်ဖက်တပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားကြသည်။

ယင်းကဲ့သို့ တိုက်ပွဲဖြစ်ပွားရခြင်းသည် စယ်လန့်ကျေးရွာအုပ်စုနေ စိုင်းမောဝ်အွန်ကို TNLA တပ်ဖွဲ့မှ ဖမ်းဆီးသွားခဲ့ကြောင်း သတင်းသိရှိရသဖြင့် SSPP/SSA မူဆယ်မြို့နယ်မှူး ဦးဆောင်သည့် လုံခြုံရေးတပ်သား ၇ ဦးက အကျိုးအကြောင်း သိရှိရန်သွားရောက်မေးမြန်းရာ TNLA ဘက်မှစတင်ပစ်ခတ်မှုကြောင့် အနီးကပ် တိုက်ပွဲဖြစ်ပွားခဲ့ရသည်ဟု SSPP မှ ထုတ်ပြန်ထားသည်။

တအာင်း ( ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/ TNLA ဘက်မှ မိမိတို့စစ်ဆင်ရေး ဖော်ဆောင်နေစဉ်အတွင်း စိုင်းမောဝ်အွန်က ဓါတ်ပုံမှတ်တမ်းကူးယူခြင်း ပြုလုပ်နေသောကြောင့် အကြောင်းရင်းအား သိရှိရန်အတွက် ခဏတာခေါ်ယူမေးမြန်း စုံစမ်းခဲ့ကြောင်း၊ ထိုသို့ မေးမြန်းနေစဉ် SSPP မှ အရာရှိဖြစ်သူ စိုင်းလင်းနှင့်အဖွဲ့တို့ ရောက်ရှိလာပြီး စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ၎င်းတို့နှစ်ဖက်တပ်ဖွဲ့က အပြန်အလှန် စွပ်စွဲပြောဆိုထားသည်။

အလားတူပင် ယနေ့ ( နိုဝင်ဘာလ ၈ ရက်) တွင် ဖမ်းဆီးထားသည့် စိုင်းမောဝ်အွန်ကို ရပ်မိရပ်ဖထံ အပ်နှံပေးပြီး ဖြစ်ကြောင်း PSLF /TNLA ရဲ့ သတင်းနှင့် ပြန်ကြားရေးဌာနက ယနေ့တွင် ထုတ်ပြန်ထားသည်။

စိုင်းမောဝ်အွန်သည် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNDL) ၏ စယ်လန့်ကျေးရွာအုပ်စု အလုပ်အမှု ဆောင်ကော်မတီ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်ကြောင်း၊ လက်နက်ကိုင် ပဋိပက္ခအတွင်း ပါဝင်နေသည့် မည်သို့သော အဖွဲ့အစည်းနှင့်မျှ ပတ်သက်ခြင်းမရှိဘဲ ဒေသတွင်း လူမှုကူညီရေးလုပ်ငန်းများကို လုပ်ဆောင်သူသာ ဖြစ်ပြီး ချွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးကာ အိမ်တိုင်ရာရောက် ပို့ဆောင်ပေးရန် SLND က ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...