သိန္နီ စစ်ရှောင်မိသားစု သေနတ်ပစ်ခံရ အမျိုးသား ပွဲချင်းပြီးသေဆုံး၊ အမျိုးသမီးနှင့်ကလေး ကျည်ထိမှန်

သျှမ်းပြည် သိန္နီမြို့နယ် နမ့်စလပ်ကျေးရွာအုပ်စုတွင် စခန်းချနေထိုင်သည့် စစ်ကောင်စီတပ်က မိသားစုဝင် (၃)ဦးကို သေနတ်ပစ်ခဲ့ရာ အမျိုးသား တစ်ဦး ပွဲချင်းပြီးသေဆုံးပြီး၊ အမျိုးသမီးနှင့် ကလေးငယ် ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။

နမ့်စလပ်

ပြီးခဲ့သည့် နိုဝင်ဘာလ ၄ ရက်နေ့က သိန္နီမြို့နယ် နမ့်စလပ်ကျေးရွာတွင် စစ်ဘေးရှောင်နေသည့် မိသားစု ၃ ဦးသည် အဝတ်အစားယူရန် ကွန်ကောက်ကျေးရွာအုပ်စု ဝမ်ကောင်းကျေးရွာသို့အပြန် နမ့်စလပ်ဆေးရုံအနီးတွင် စစ်ကောင်စီတပ်၏ ပစ်သတ်ခြင်းကို ခံခဲ့ရသည်ဟု သိန္နီမြို့ နမ့်စလပ်ဒေသခံများက ပြောသည်။

“မန်ကောင်းရွာမှာ ပစ်သတ်ခံရတာ။ သူတို့လင်မယားက စစ်ရှောင်လာတဲ့အချိန် အဝတ်အစားမရလာလို့ အိမ်ပြန်ယူမယ်လို့ပြောတာ၊ သူတို့မိသားစု ၃ ယောက် ဆိုင်ကယ်နဲ့ပြန်ကြတာ။ နမ့်စလပ်ဆေးရုံနားလေးက ကုန်းဆင်းသွားတဲ့လမ်းမှာ သေနတ်နဲ့ ပစ်တာ။ သူ့ယောကျာ်းကိုထိပြီး မသေခင် အသက်ငင်နေတုန်းမှာ ပိုက်ဆံ ၄ သိန်းနဲ့ ဖုန်းကို သူ့မိန်းမဆီပေးတော့ စစ်ကောင်စီ စစ်သားတွေက လုယူလိုက်တာ၊ မိန်းမနဲ့ ကလေးလည်း ကြောက်လန့်ပြီး ငိုကြတာပေါ့”ဟု သိန္နီမြို့နယ် နမ့်စလပ်ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သိန္နီမြို့ ဆီဆိုင် တန်းစီ စောင့်ဆိုင်းနေကြသည့်ပုံ

ယမန်နေ့ (နိုဝင်ဘာလ ၅ ရက်) နံနက်ပိုင်း အချိန်ကလည်း သိန္နီမြို့အထွက်ရှိ ပန့်ဆီဆိုင်တွင် ပြည်သူများ ဓာတ်ဆီဝယ်ယူရန် တန်းစီစောင့်ဆိုင်းနေစဉ် ဟိုတာ့ကျေးရွာထဲရှိ စစ်ကောင်စီတပ်မှ ပစ်ခတ်လာသည့် လက်နက်ကြီး ထိမှန်မှုကြောင့် အမျိုးသား ၁ ဦးထိခိုက်ဒဏ်ရာ ရခဲ့သည်ဟု သိန္နီမြို့ဒေသခံများက ပြောသည်။

“သိန္နီမှာ ပန့်ဆီဆိုင်တွေက ၁ ရက်ကို ၁ နာရီပဲ ရောင်းပေးတာ။ အရင်တစ်ရက် (နိုဝင်ဘာ ၅ ရက်) က ပြည်သူတွေ ဓာတ်ဆီသွားဝယ်ဖို့ တန်းစီစောင့်နေတဲ့ အချိန်မှာ ဟိုတာရွာထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်လာတာ။ လက်နက်ကြီးက လူအုပ်နားလေး ကျပြီးပေါက်ကွဲတော့ အမျိုးသား ၁ ယောက်ထိပြီး ကျန်တဲ့လူတွေ ဗုံးဆံမှန်တာလည်းရှိတယ် ”ဟု သိန္နီဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် သိန္နီမြို့နယ်တွင် “၁၀၂၇ စစ်ဆင်ရေး” ၁၂ ရက်အတွင်း လက်နက်ကြီးထိမှန်မှုကြောင့် အပြစ်မဲ့ပြည်သူ ၁၀ ဦးထက်မနည်း သေဆုံးပြီး ၂၀ ဦးကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု သိန္နီမြို့ ဒေသခံများထံမှ သိရသည်။

သိန္နီမြို့ ဆီဆိုင်အနီးမြင်ကွင်း

“တိုက်ပွဲဖြစ်လာတဲ့ ၁၀ ရက်ကျော် အတောအတွင်းမှာ နမ့်စလပ်မှာရှိတဲ့ စစ်ကောင်စီတပ်ထဲကနေ ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ပစ်လို့ နမ့်စလပ်တိုက်နယ်ထဲက အပြစ်မဲ့ပြည်သူ ၉ ဦးမက သေတယ်။ ဒါက ကျနော် သိသလောက် ပြောတာနော်။ ထပ်ပြီးတော့ မန်ကောင်း၊ ပန်စုံ အဲ့ဘက်တကြောက ဘယ်နှယောက်သေလဲဆိုတာ သတင်းတိတိကျကျ မသိရသေးဘူး၊ ဖုန်းလိုင်းမရတော့ အဆက်အသွယ်ပြတ်နေတာ”ဟု ၎င်းသိန္နီဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

သိန္နီမြို့နယ်တွင် “၁၀၂၇ စစ်ဆင်ရေး”စတင်သည့် အောက်တိုဘာလ ၂၇ ရက်မှ စ၍ စစ်ကောင်စီဘက်က ဖုန်းလိုင်းနှင့် အင်တာနက်ကွန်ယက်များ ဖြတ်တောက်ထားပြီး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေခြင်းကြောင့် စစ်ဘေးရှောင်ဦးရေ ၁ သောင်းခန့်အတွက် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေသည်ဟု သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...