နောင်ချို ဂုတ်တွင်း စစ်ကောင်စီနှင့် TNLA၊ မန္တလေး PDF တို့ တိုက်ပွဲပြင်းထန်နေဆဲ

သျှမ်းပြည် ကျောက်မဲနှင့် နောင်ချိုမြို့အကြားရှိ ဂုတ်တွင်းလမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် TNLA ၊ မန္တလေး-PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း စုံစမ်းသိရသည်။

TNLA

နောင်ချိုမြို့နယ် ဂုတ်တွင်းလမ်းပိုင်း တံတားအနီးတွင် စခန်းချထားသည့် စစ်ကောင်စီ တပ်စခန်းကို TNLA ၊ မန္တလေး-PDF ပူးပေါင်းတပ်ဖွဲ့တို့က ယနေ့ (နိုဝင်ဘာ ၈ ရက်) နံနက် ၇ နာရီဝန်းကျင်မှ စတင်တိုက်ခိုက်ခဲ့ပြီး နေ့လည် ၁ နာရီခန့်တွင် တိုက်ပွဲပိုမိုပြင်းထန်ခဲ့ကြောင်း နောင်ချိုဒေသခံများက ပြောသည်။

“ဂုတ်တွင်းထဲမှာတော့ မနေ့ည ၆ နာရီလောက်ကတည်းက အကြီး/အသေး အသံစုံကြားနေရတာ။ မနေ့ညက တစ်ညလုံးပဲ ပွဲကြမ်းနေတာ။ ညသန်းခေါင်ကြီး လေယာဉ်နဲ့ ၂ ခါ လာဝဲပြီး ပစ်သွားသေးတယ်။ ဒီမနက်ရောက်တော့လဲ ၇ နာရီလောက်ကတည်းက အသံပြန်ကြားနေရတယ်။ သတင်းကြားတာတော့ ဂုတ်ထိပ်ရှုခင်းသာမှာ နေရာယူထားတဲ့ TNLA နဲ့ မန္တလေး-PDF အဖွဲ့တွေက ဂုတ်တွင်းတံတားနားက စစ်ကောင်စီစခန်းကို သွားတိုက်တာ”ဟု ဂုတ်တွင်းအနီး နောင်ပိန်ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နောင်ချိုမြို့နယ် ဂုတ်တွင်းတံတားအနီးရှိ စစ်ကောင်စီ တပ်စခန်းကို TNLA နှင့် မန္တလေး-PDF ပူးပေါင်းတပ်ဖွဲ့တို့သည် ယမန်နေ့ (နိုဝင်ဘာ ၆ ရက်)မှ စတင်တိုက်ခိုက်ခဲ့ပြီး ထိုနေ့တွင် စစ်ကောင်စီဘက်မှ ဂျက်ဖိုက်တာ လေကြောင်းပစ်ကူဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ခြင်းကြောင့် ကျောက်မဲဘက်ခြမ်းရှိ လုံကြိမ်ကျေးရွာ စာသင်ကျောင်း ဗုံးထိမှန်ပျက်စီးခဲ့သည်ဟု သိရသည်။

ယခုဖြစ်ပွားနေသော စစ်ကောင်စီတပ်နှင့် TNLA ၊ မန္တလေး-PDF ပူးပေါင်းတပ်ဖွဲ့တို့၏ ဂုတ်တွင်းတိုက်ပွဲများကြောင့် ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်အတွင်းရှိ နောင်ပစ်၊ လုံကြိမ်၊ ပင်ပေါ၊ ခဲလုံ၊ ပန်မလွတ်နှင့် ဇီးပင်စခန်းကျေးရွာတို့မှ ဒေသခံပြည်သူ ၅၀၀ ကျော်သည် နောင်ပိန် အောင်ဓမ္မာရုံနှင့် ရှမ်းစာပေယဉ်ကျေးမှုခန်းမတို့တွင် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု နောင်ပိန်ဒေသခံများက ပြောသည်။

အလားတူ ပြင်ဦးလွင်မြို့မှ ထိုးစစ်ဆင်ရန် အင်အားဖြည့်တင်းလာသည့် စစ်ကား ၄၀ စီးခန့်နှင့် သံချပ်ကာ ၂ စီးပါ စစ်ကောင်စီယာဉ်တန်းကိုလည်း TNLA နှင့် မန္တလေး-PDF ပူးပေါင်းတပ်ဖွဲ့တို့က နောင်ချိုမြို့နယ် အုမ္မသီးနှင့် ရွှေညောင်ပင်ရွာတွင် ဖြတ်တောက်တိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီတပ်၏ သံချပ်ကာ ၁ စီး ဖျက်စီးထားနိုင်သည်ကို တွေ့ရကြောင်း နောင်ချိုဒေသခံများက ပြောသည်။

‌နောင်ချိုမြို့နယ် အုမ္မသီးလမ်းခွဲနှင့် ရွှေညောင်ပင်ရွာတို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် ဆမ္မဆယ်အုပ်စု ကျေးရွာများမှ စစ်ဘေးရှောင်မည့် ဒေသခံပြည်သူများကို ချောင်းမြောင်းပစ်ခတ်ပြီး ကျေးရွာအတွင်းမှ လူငယ်များကို လူသားဒိုင်းကာအဖြစ် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားမှုများလည်း ရှိနေသည်ဟု နောင်ချိုဒေသခံများက ပြောသည်။

လက်ရှိတွင် နောင်ချိုမြို့နယ်အတွင်း “၁၀၂၇ စစ်ဆင်ရေး”ကြောင့် စစ်ဘေးရှောင်ဦးရေ ၂၅၀၀ ကျော် ရှိလာပြီး သဖန်းကိုင်း၊ သုံးဆယ်၊ ငို့ကလေး၊ အင်းဝိုင်း၊ ဘန့်ဘွေးနှင့် ပြင်ဦးလွင်မြို့များရှိ ဘုန်းကြီးကျောင်းများတွင် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...