စစ်ရေးပြင်းထန်နေသည့်ကြား တောင်ကြီး တန်ဆောင်တိုင် ပွဲ ၇ ရက် ဆက်တိုက်ကျင်းပမည်

သျှမ်းပြည် မြောက်ပိုင်းတွင် ညီနောင်မဟာမိတ်အဖွဲ့များနှင့် စစ်ကောင်စီတို့ တိုက်ပွဲများဖြစ်ပွား‌နေသော်လည်း သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အစဉ်အလာမပျက် ရိုးရာမီးပုံးပျံပွဲတော်ကို ၇ ရက်ဆက်တိုက် ကျင်းပမည်ဖြစ်ကြောင်း ရိုးရာမီးပုံးပျံပညာရှင်များထံမှ စုံစမ်းသိရသည်.

တောင်ကြီးတန်ဆောင်တိုင်

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့၏ အဝေရာ မီးပုံးပျံကွင်းတွင် နိုဝင်ဘာ ၂၁ ရက် မှ ၂၇ ရက်နေ့အထိ တန်ဆောင်တိုင်ပွဲတော်အား ၇ ရက်ဆက်တိုက် ကျင်းပမည်ဖြစ်ပြီး ယခုနှစ်တွင် ညလွှတ်မီးပုံးပျံမျိုးစုံ ၆၃ လုံးအထိ လွှတ်တင်သွားမည်ဖြစ်ကြောင်း သိရသည်။

” ဒီနှစ်က ဆုကြေးငွေများလို့ ပြိုင်ပွဲဝင်အသင်းတွေ များမယ်လို့ ယူဆတယ်။ အခုထိ စာရင်းလက်ခံနေရတုန်းပါ။မနှစ်က လုပ်တာ မပြည့်စုံခဲ့ဘူး၊ ဒီနှစ်တော့ ညပိုင်းအစီအစဉ်တွေ ပိုများအောင် ထည့်ထားပါတယ် မနှစ်ကထက် ပိုစည်လိမ့်မယ် ” ဟု ရိုးရာမီးပုံးပျံပညာရှင်အသင်းဝင်တစ်ဦးမှ သျှမ်းသံတော်ဆင့် သို့ ပြောသည်။

တန်ဆောင်တိုင်ပွဲတော်

ပွဲတော်တွင် ညလွှတ်မီးပုံးပျံ ၆၃ လုံး အပြင် ညလွှတ်ညမီးကြီးမီးပုံးပျံ ၂၅ ပေ ၁၅ လုံး ၊ ၂၂ ပေ ၂၃ လုံး နှင့် စိန်နားပန်မီးပုံးပျံ ၁၈ ပေ ၂၅ လုံးများ ပါဝင်မည်ဖြစ်ပြီး နေ့လွှတ်မီးပုံးပျံတွင် ခြေလေးချောင်းအရုပ် နှင့် ခြေနှစ်ချောင်းအရုပ်များလည်း ပါဝင်ကြောင်း သိရသည်။

” သျှမ်းမြောက်အခြေအနေတွေက မကောင်းတော့ တချို့က မလုပ်စေချင်ကြဘူး။ ဒါပေမဲ့ ပွဲဖြစ်အောင်လုပ်ကြဖို့ တွန်းအားတွေကလည်း ရှိတာပေါ့လေနော့်၊ အာ့ကြောင့် ဆုကြေးလည်း မြှင့်ထားတယ်ကြားတယ်။ အသေးစိတ်တော့ မသိရဘူး ခင်ဗျ” လို့ တောင်ကြီးမြို့ခံတစ်ဦးမှ သျှမ်းသံတော်ဆင့် သို့ပြောကြားသည်။

မြန်မာနိုင်ငံအဝှမ်းသို့ ကိုဗစ်ရောဂါပိုးများ ပြန့်ပွားလာခဲ့သည့် ၂၀၂၀ ခုနှစ်နှင့် စစ်ကောင်စီ အာဏာသိမ်းယူခဲ့သည့် ၂၀၂၁ ခုနှစ်တို့တွင် ရိုးရာ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို လုံးဝရပ်နားထားခဲ့ရပြီး ၂၀၂၂ ခုနှစ်တွင် ပွဲတော်အား ပြန်လည်ကျင်းပချိန်၌ နေ့လွှတ်မီးပုံးပျံ တမျိုးတည်းသာ ယှဉ်ပြိုင်စေခဲ့သဖြင့် စည်ကားမှုမရှိခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...