မူဆယ် ဓားပြတိုက် ၂ဦးဖမ်းဆီးရမိ

သျှမ်းပြည် မူဆယ်မြို့တွင် ပြည်သူများကို ဓားထောက် ဓားပြတိုက်နေသည့် အမျိုးသား နှစ်ဦးကို ဒေသခံများ နှင့် ပြည်သူ့ စစ်များက ဖမ်းဆီးမိကြောင်း စုံစမ်းသိရသည်။

ဓားပြတိုက်တဲ့ နန်းတော်ရှေ့ဂိတ်

ယမန်နေ့ (နိုဝင်ဘာ ၈)ရက် ည ၆နာရီအချိန်တွင် မူဆယ်မြို့ရှိ နန်းတော်ပေါက်ရှေ့၌ ပြည်သူများကို အမျိုးသား ၂ဦးက ဓားထောက်ပြီး ဓားပြတိုက်မှုပြုလုပ်ခဲ့သည်။

ထို ဓားပြတိုက်သူ ၂ဦးကို သက်ဆိုင်ရာ ရဲများက ဖမ်းဆီးရမိခဲ့ကြောင်း ဒေသခံ အမျိုးသား တစ်ဦး ကသျှမ်းသံတော်ဆင့်ကိုပြောသည်။

“ဓားထောက်ပြီး ဓားပြတိုက်တာ ဟုတ်တယ်။သူတို့က သူများပိုက်ဆံ အိပ်ကိုလာလုတာ။ နှစ်ယောက် လာတာ နှစ်ယောက်လုံးကို ဖမ်းမိတယ်။ ပြည်သူ့ စစ်တွေနဲ့ တာဝန်ရှိသူတွေက ဖမ်းသွားတာ”ဟု မူဆယ်မြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

မူဆယ်မြို့သည် မြန်မာ-တရုတ်နယ်စပ်မြို့ဖြစ်ပြီး၊ လူမျိုးစုံ၊ လက်နက်ကိုင်ပေါင်းစုံ လှုပ်ရှားသည့် နယ်မြေဖြစ်ကာ မကြာခဏ ဓားပြတိုက်ခြင်း၊ လုယက်ခြင်၊ ဒုစရိုက်သမားများပေါများသည့် ဒေသလည်းဖြစ်သည်။

ဓားပြတိုက် တဲ့ ရွှေနန်းတော်

ထို့ကြောင့် မူဆယ်မြို့နေထိုင်သည့် ပြည်သူများသည် အပြင်သွားအလုပ်လုပ်ခြင်း၊ ခရီးသွားခြင်း၊ အလုပ်သွားခြင်းတို့တွင် အိမ်ကို စိတ်မချဘဲစိုးရိမ်နေရကြောင်း သိရသည်။

ထို့အပြင် နမ့်ခမ်းမြို့တွင်း တိုက်ပွဲကြောင့် နေရပ်စွန့်ပြီးထွက်ပြေးတိမ်းရှောင်လာကြသည့် စစ်ဘေးရှောင်များသည် လက်ရှိတွင် မူဆယ်မြို့ရှိ မြို့လယ် ဝေဠုဝန်ကျောင်း နှင့် ခရစ်ယာန်ဘုရားကျောင်းတွင် လာရောက် ခိုလှုံနေသူ ၁၀၀ ကျော် ရှိနေကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

မူဆယ်မြို့ ရွှေဆိုင်ပိုင်ရှင် မိသားစု ဓားပြတိုက်ခံရ၊ ကျူးလွန်သူများ လွတ်မြောက်နေဆဲ

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ရွှေဆိုင်ပိုင်ရှင်မိသားစု နှစ်ဦးကို အမည်မသိလက်နက်ကိုင် လူတစ်စုက သေနက်ပစ်ဖောက်ကာ ဓားပြတိုက်လုယက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇွန်လ ၉ ရက်) နေ့လည် ၃ နာရီခွဲကျော် အချိန်တွင် မူဆယ်မြို့ ၊ တောင်ရပ်ကွက်တွင် ရွှေဆိုင်ပိုင်ရှင် မိသားစု နှစ်ဦး...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...