လားရှိုး စစ်ကောင်စီတပ် ဆင့်ကဲပေါက်ကွဲသည့် ဗုံးကြောင့် အရပ်သား ၂ ဦးဒဏ်ရာရ၊ နေအိမ် ပျက်စီးမှုရှိ
SHAN -
သျှမ်းပြည် လားရှိုးမြို့နယ် မက်ချိနုကျေးရွာအုပ်စုတွင် လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်မှ ပစ်လွှတ်လိုက်သည့် ဆင့်ကဲပေါက်ကွဲတတ်သော ဗုံးကြောင့် အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့နယ် မက်ချိနုကျေးရွာအုပ်စု ဝမ်မွန်းကျေးရွာတွင် ယမန်နေ့ (နိုဝင်ဘာလ ၉ ရက်) ညသန်းခေါင်အချိန်တွင် လားရှိုးအခြေစိုက်...
ကျောက်မဲ အမျိုးသားတစ်ဦး မိုင်းနင်းမိ ပွဲချင်းပြီး သေဆုံး
SHAN -
သျှမ်းပြည် ကျောက်မဲမြို့နယ် မန်ကောင်းမူးရွာနေ အမျိုးသားတစ်ဦးသည် ခြံသွားနေစဥ် မြေမြုပ်မိုင်း နင်းမိပြီး ပွဲချင်းပြီး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် ကျောက်မဲမြို့နယ် မန်ကောင်းမူးရွာ ယမန်နေ့ (နိုဝင်ဘာလ ၉ ရက်) နံနက် ၁၀ နာရီခွဲဝန်းကျင်တွင် အမျိုးသားတစ်ဦး ခြံသွားနေစဥ် မြေမြုပ်မိုင်းနင်းမိကာ ထိုနေရာတွင် ပွဲချင်းပြီး...
လားရှိုးမြို့ အသက် ၁ နှစ်ခွဲကလေးကို ကားဖြင့်တိုက်ခံရ၊ ကားသမားထွက်ပြေး
SHAN -
သျှမ်းပြည် လားရှိုးမြို့တွင် အသက် ၁နှစ်ခွဲ အရွယ်ရှိ ကလေးငယ်ကို Ford ကားအနက်တစ်စီးက ဝင်ရောက်တိုက်သွားပြီး၊ ကားသမားထွက်ပြေးသွားကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် လားရှိုးမြို့ ရပ်ကွက် ၅၊၆၊၇ အဝင်လမ်းထိပ်တွင် ယမန်နေ့ ( နိုဝင်ဘာလ ၉) ရက် ညနေ ၄ နာရီခွဲဝန်းကျင်၌ Ford...
မူဆယ် နာမကျန်းသူအချို့ ဆေးရုံသို့ အချိန်မီ မပိုနိုင် သေဆုံးမှုများရှိနေ
SHAN -
သျှမ်းပြည်မြောက်ပိုင်း တိုက်ပွဲများကြောင့် မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီး ပိတ်ထားခံရသဖြင့် မူဆယ်မြို့မှ နာမကျန်းသူအချို့ကိုလားရှိုးနှင့် မန္တလေး ဆေးရုံသို့ အချိန်မီ မပို့နိုင်၍ သေဆုံးမှုများ ရှိနေကြောင်း မူဆယ်မြို့ခံများထံမှ သိရသည်။ မန္တလေး- လားရှိုး- မူဆယ်လမ်းပိုင်းကို အောက်တိုဘာလ ၂၇ ရက်မှ စတင်၍ ညီနောင်မဟာမိတ်သုံးဖွဲ့မှပိတ်ထားခဲ့ပြီး သိန္နီမြို့ရှိ နမ္မတူချောင်းတံတားပါ...
သျှမ်းမြောက် တိုက်ပွဲ ပြဿနာအစ မူးယစ်ဆေးဝါး ကြောင့်ဟု စစ်ကောင်စီပြော
SHAN -
သျှမ်းပြည်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် ပြဿနာ၏ အစမှာ မူးယစ်ဆေးဝါး ပြဿနာပင်ဖြစ်ပြီး မူးယစ်ဆေးဝါး အမြတ်ပြတ်နှိမ်နင်းရေးကို ထိထိရောက်ရောက် ဆောင်ရွက်မည်ဟု အမျိုးသားကာကွယ်ရေး နှင့် လုံခြုံရေး ကောင်စီ (ကာလုံ) အစည်းအဝေးမှာ သတင်းထုတ်ပြန်ထားသည်။ အောက်တိုဘာလ ၂၇ ရက်မှစတင်ပြီး သျှမ်းမြောက်ဒေသရှိ စစ်ကောင်စီ တပ်စခန်းများကို ညီနောင်မဟာမိတ်သုံးဖွဲ့ နှင့်အတူ...
ညီနောင်မဟာမိတ်သုံးဖွဲ့ကို အလိုမရှိကြောင်း သျှမ်းပြည်သူများ ဆန္ဒဖော်ထုတ်ကြောင်း သတင်းမှားဖြန့်ချိနေ
SHAN -
သျှမ်းမြောက်ဒေသတွင် “ ၁၀၂၇ စစ်ဆင်ရေး “ တိုက်ပွဲကို ဆင်နွှဲနေလျက်ရှိသော ညီနောင်မဟာမိတ် သုံးဖော်အား သျှမ်းကျေးရွာများမှ ဒေသခံများက (လုံး၀) အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်နေသည်ဟု သတင်းအမှား ဖြန့်ဝေနေသည်။ စစ်ကောင်စီ၏ ဝါဒဖြန့် တယ်ရီဂရမ်ချယ်နယ်ဖြစ်တဲ့ lashio thar ဆိုသည့် အကောင့်တစ်ခုမှ “ အကြမ်းဖက်...
မူဆယ်-နမ့်ခမ်းလမ်း တိုက်ပွဲကြား အမျိုးသားတစ်ဦး ပျောက်ဆုံးနေ
သျှမ်းပြည် မူဆယ်-နမ့်ခမ်းလမ်းကြား တစ်နေရာတွင် တိုက်ပွဲဖြစ်ပွားနေစဉ် ကာလအတွင်း အမျိုးသားတစ်ဦး ပျောက်ဆုံးနေပြီး လက်ရှိအချိန်ထိ အသတင်းအချက်အရမရှိသေးကြောင်း သတင်းသိရှိရသည်။ ဖြစ်စဉ်မှာ (အောက်တိုဘာလ ၂၈ ရက်)တွင် အသက် ၂၃ နှစ်အရွယ်ရှိ မောင်မရန်ယောင်ထန် ဆိုသည့် အမျိုးသားတစ်ဦးသည် မူဆယ်-နမ့်ခမ်းလမ်းပိုင်း ဖြတ်သန်းသွားလာစဉ်အတွင်း ပျောက်ဆုံးသွားခဲ့သည်ဟု ၎င်း၏ မိသားစုဝင်တစ်ဦးက...
တောင်ကြီးမြို့ အဝေရာ မီးပုံပျံကွင်းနားတွင် ပွဲတော်အတွက် ဆိုင်ခန်း ငှားရမ်းခ နှစ်ဆထိမြင့်တက်
SHAN -
သျှမ်းပြည် တောင်ကြီးမြို့နယ်တွင် တန်ဆောင်ပွဲ နီးကပ်လာသဖြင့် ပွဲတော် ကျင်းပရာ အဝေရာမီးပုံပျံကွင်းနားရှိ ဆိုင်ခန်း ငှားရမ်းခ ဈေးနှုန်းများမှာ နှစ်ဆနီးပါး တိုးမြင့်လာကြောင်း စျေးရောင်းချသူများထံ စုံစမ်းသိရသည်။ "မီးပုံးပျံကွင်းနဲ့ နည်းနည်းလှမ်းတဲ့ ဒီလို (၆)ပေပတ်လည် ဆိုင်ခန်းေတွဆို ခါတိုင်း (၄)သိန်းကျော်ပဲ ရှိတာ။ အခုနှစ်ကတော့ ၇ညကို ငှားခ...
မူဆယ်-မန္တလေး ကားလမ်းကို ဗန်းမော်ဘက် ပတ်သွားနေရ
SHAN -
သျှမ်းပြည် မူဆယ်-မန္တလေး ပြည်ထောင်စုလမ်းမကြီး တစ်လျှောက်တွင် စစ်ရေးပြင်းထန်ပြီး လမ်းကြောင်း ပိတ်ဆို့ထား သဖြင့် မူဆယ်-ဗန်းမော်ကားလမ်းဘက်ပတ်ပြီး မန္တလေးကို သွားနေရကြောင်း စုံစမ်းသိရသည်။ မူဆယ်-မန္တလေး ပြည်ထောင်စုလမ်းမကြီးသည် ညီနောင် မဟာမိတ် (၃)ဖွဲ့နှင့် စစ်ကောင်စီတို့ကြား စစ်ရေး ပြင်းထန်နေပြီး၊ သိန္နီမြို့ရှိ နမ္မတူတံတားကျိုးပျက်မှုကြောင့် ကားလမ်းများ ပိတ်ထားရသည်။ ထို့ကြောင့် မူဆယ်-မန္တလေး...
လားရှိုး စစ်ကောင်စီ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အမျိုးသမီး ၃ ဦး သေဆုံး
SHAN -
သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းတင်ကျေးရွာတွင် စစ်ကောင်စီတပ်မှ ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲခြင်းကြောင့် ကလေးအပါအဝင် အမျိုးသမီး ၃ ဦး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ ယနေ့ (နိုဝင်ဘာလ ၉ ရက်) နံနက် ၇ နာရီကျော်အချိန်က လားရှိုးမြို့နယ် မိုင်းတင်ကျေးရွာတွင် အသက် ၆၀ အရွယ်ရှိ...





