Tuesday, January 27, 2026

ညီနောင်မဟာမိတ်သုံးဖွဲ့ကို အလိုမရှိကြောင်း သျှမ်းပြည်သူများ ဆန္ဒဖော်ထုတ်ကြောင်း သတင်းမှားဖြန့်ချိနေ

သျှမ်းမြောက်ဒေသတွင် “ ၁၀၂၇ စစ်ဆင်ရေး “ တိုက်ပွဲကို ဆင်နွှဲနေလျက်ရှိသော ညီနောင်မဟာမိတ် သုံးဖော်အား သျှမ်းကျေးရွာများမှ ဒေသခံများက (လုံး၀) အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်နေသည်ဟု သတင်းအမှား ဖြန့်ဝေနေသည်။

Fact Checking

စစ်ကောင်စီ၏ ဝါဒဖြန့် တယ်ရီဂရမ်ချယ်နယ်ဖြစ်တဲ့ lashio thar ဆိုသည့် အကောင့်တစ်ခုမှ “ အကြမ်းဖက် မြောက်သုံးကောင်အဖွဲ့က ရှမ်းလူမျိုးများအား ဓါးစာခံအဖြစ်ဖမ်းဆီးခြင်း၊ အကြပ်ကိုင်ခြိမ်းခြောက်ခြင်း၊ အကြောင်းမဲ့သတ်ဖြတ်ခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များ ပြုလုပ်လာသည့်အတွက် ရှမ်းရွာများရှိ ဒေသခံတိုင်းရင်းသားများက အကြမ်းဖက်မြောက်သုံးကောင်အဖွဲအား ဒေသအတွင်း လုံးဝ(လုံးဝ) အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရှိရ “ ဟုဆိုကာ လူမျိုးရေး မုန်းတီးမှုဖြစ်အောင် ရည်ရွယ်ချက်ဖြင့် လှုံ့ဆော်ရေးသား ဖြန့်ချိနေကြောင်း မသက်ဆိုင်သည့် ရုပ်ပုံနှင့်အတူ ဖြန့်ဝေးထားသည်။

မူရင်းလင့် – https://ghostarchive.org/archive/0W4oQ

သျှမ်းသံတော်ဆင့် အချက်အလက်စစ်ဆေးသည့် အဖွဲ့အနေဖြင့် ညီနောင်မဟာမိတ်သုံးဖွဲ့အား သျှမ်းကျေးရွာများမှ ဒေသခံများက မလိုမရှိကြောင်း ဆန္ဒဖော်ထုတ်ခဲ့သည်ဆိုတဲ့ သတင်းကို စီစစ်ဆေးမှု ပြုလုပ်ခဲ့ရာတွင် သတင်းအချက်အလက် မှားယွင်းနေကြောင်း တွေ့ရသည်။

ထိုရုပ်ပုံထဲမှ ဖယောင်းတိုင်မီးထွန်းကြသူများဟာ တိုက်ပွဲအတွင်း ကျဆုံးသွားသော ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တပ်သားများအတွက် ဝမ်းနည်းကြောင်း၊ TNLA မှဖမ်းဆီးသွားသော SSPP တပ်သား ( စစ်သုံ့ပန်း) အပေါ် သတ်ဖြတ်ခံရခြင်းကြောင့် စစ်ဉပဒေနှင့် ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်ခြင်း ဖြစ်သည်။

မူရင်းလင့် – https://www.facebook.com/photo?fbid=657518216566334&set=pcb.657519286566227

ယင်းကဲ့သို့ ကိစ္စနှင့် ပတ်သက်၍ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ဘက်က ပြဿနာအား မကြီးထွားလာစေရန် နှစ်ဖက်ခေါင်းဆောင်များမှ ထိန်းညှိ ထိန်းသိမ်းသွားမည်ဖြစ်ပြီး လက်ရှိတွင် မဟာမိတ်ရေးရာရုံးများမှ အပြန်အလှန်ဆက်သွယ်ကာ ဖြေရှင်းသွားမည်ဖြစ်ကြောင်း မီဒီယာများမှ ဖော်ပြထားသည်။

မူရင်းလင့် – https://m.facebook.com/story.php?story_fbid=pfbid02M8pHVcpqquHFWzvbiu8zYfA5zyoXB3z19o1tUSjPxYXuei4jYgsZuusMXyKs358Rl&id=100064895881172&mibextid=Nif5oz

ထို့ကြောင့် သျှမ်းမြောက်ညီနောင်မဟာမိတ်သုံးဖွဲ့အား သျှမ်းကျေးရွာများမှ ဒေသခံများက (လုံးဝ) အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်ခြင်းဆိုသည့် သတင်းမှာ မှားယွင်းနေပြီး မသက်ဆိုင်သည့် ရုပ်ပုံများကို အသုံးပြု၍ ချဲ့ကားပြောဆိုမှုကြောင့် လူမျိုးရေး မုန်းတီးမှုပြသာနာကြီးထွားလာနိုင်သည်။

သျှမ်းသံတော်ဆင့် စာဖတ်ပရိသတ်များအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများတွင် ဖော်ပြနေသည့် သတင်းများကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီယာများတွင် သွားရောက်ဖတ်ရှု့ကြရန် တိုက်တွန်းပါသည်။

သျှမ်းသံတော်ဆင့် အနေဖြင့်လည်း သတင်းများကို အချိန်နှင့် တပြေးညီ တင်ဆက်ပေးနေပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...