ညီနောင်မဟာမိတ်သုံးဖွဲ့ကို အလိုမရှိကြောင်း သျှမ်းပြည်သူများ ဆန္ဒဖော်ထုတ်ကြောင်း သတင်းမှားဖြန့်ချိနေ

သျှမ်းမြောက်ဒေသတွင် “ ၁၀၂၇ စစ်ဆင်ရေး “ တိုက်ပွဲကို ဆင်နွှဲနေလျက်ရှိသော ညီနောင်မဟာမိတ် သုံးဖော်အား သျှမ်းကျေးရွာများမှ ဒေသခံများက (လုံး၀) အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်နေသည်ဟု သတင်းအမှား ဖြန့်ဝေနေသည်။

Fact Checking

စစ်ကောင်စီ၏ ဝါဒဖြန့် တယ်ရီဂရမ်ချယ်နယ်ဖြစ်တဲ့ lashio thar ဆိုသည့် အကောင့်တစ်ခုမှ “ အကြမ်းဖက် မြောက်သုံးကောင်အဖွဲ့က ရှမ်းလူမျိုးများအား ဓါးစာခံအဖြစ်ဖမ်းဆီးခြင်း၊ အကြပ်ကိုင်ခြိမ်းခြောက်ခြင်း၊ အကြောင်းမဲ့သတ်ဖြတ်ခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များ ပြုလုပ်လာသည့်အတွက် ရှမ်းရွာများရှိ ဒေသခံတိုင်းရင်းသားများက အကြမ်းဖက်မြောက်သုံးကောင်အဖွဲအား ဒေသအတွင်း လုံးဝ(လုံးဝ) အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရှိရ “ ဟုဆိုကာ လူမျိုးရေး မုန်းတီးမှုဖြစ်အောင် ရည်ရွယ်ချက်ဖြင့် လှုံ့ဆော်ရေးသား ဖြန့်ချိနေကြောင်း မသက်ဆိုင်သည့် ရုပ်ပုံနှင့်အတူ ဖြန့်ဝေးထားသည်။

မူရင်းလင့် – https://ghostarchive.org/archive/0W4oQ

သျှမ်းသံတော်ဆင့် အချက်အလက်စစ်ဆေးသည့် အဖွဲ့အနေဖြင့် ညီနောင်မဟာမိတ်သုံးဖွဲ့အား သျှမ်းကျေးရွာများမှ ဒေသခံများက မလိုမရှိကြောင်း ဆန္ဒဖော်ထုတ်ခဲ့သည်ဆိုတဲ့ သတင်းကို စီစစ်ဆေးမှု ပြုလုပ်ခဲ့ရာတွင် သတင်းအချက်အလက် မှားယွင်းနေကြောင်း တွေ့ရသည်။

ထိုရုပ်ပုံထဲမှ ဖယောင်းတိုင်မီးထွန်းကြသူများဟာ တိုက်ပွဲအတွင်း ကျဆုံးသွားသော ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တပ်သားများအတွက် ဝမ်းနည်းကြောင်း၊ TNLA မှဖမ်းဆီးသွားသော SSPP တပ်သား ( စစ်သုံ့ပန်း) အပေါ် သတ်ဖြတ်ခံရခြင်းကြောင့် စစ်ဉပဒေနှင့် ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်ခြင်း ဖြစ်သည်။

မူရင်းလင့် – https://www.facebook.com/photo?fbid=657518216566334&set=pcb.657519286566227

ယင်းကဲ့သို့ ကိစ္စနှင့် ပတ်သက်၍ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ဘက်က ပြဿနာအား မကြီးထွားလာစေရန် နှစ်ဖက်ခေါင်းဆောင်များမှ ထိန်းညှိ ထိန်းသိမ်းသွားမည်ဖြစ်ပြီး လက်ရှိတွင် မဟာမိတ်ရေးရာရုံးများမှ အပြန်အလှန်ဆက်သွယ်ကာ ဖြေရှင်းသွားမည်ဖြစ်ကြောင်း မီဒီယာများမှ ဖော်ပြထားသည်။

မူရင်းလင့် – https://m.facebook.com/story.php?story_fbid=pfbid02M8pHVcpqquHFWzvbiu8zYfA5zyoXB3z19o1tUSjPxYXuei4jYgsZuusMXyKs358Rl&id=100064895881172&mibextid=Nif5oz

ထို့ကြောင့် သျှမ်းမြောက်ညီနောင်မဟာမိတ်သုံးဖွဲ့အား သျှမ်းကျေးရွာများမှ ဒေသခံများက (လုံးဝ) အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်ခြင်းဆိုသည့် သတင်းမှာ မှားယွင်းနေပြီး မသက်ဆိုင်သည့် ရုပ်ပုံများကို အသုံးပြု၍ ချဲ့ကားပြောဆိုမှုကြောင့် လူမျိုးရေး မုန်းတီးမှုပြသာနာကြီးထွားလာနိုင်သည်။

သျှမ်းသံတော်ဆင့် စာဖတ်ပရိသတ်များအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများတွင် ဖော်ပြနေသည့် သတင်းများကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီယာများတွင် သွားရောက်ဖတ်ရှု့ကြရန် တိုက်တွန်းပါသည်။

သျှမ်းသံတော်ဆင့် အနေဖြင့်လည်း သတင်းများကို အချိန်နှင့် တပြေးညီ တင်ဆက်ပေးနေပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အင်းလေးဒေသတွင် အခြားတိုင်းရင်းသားများကို ပိတ်ပင်မည်ဟုဆိုသည့် ထုတ်ပြန်ချက်အတု

0
လတ်တလော လူမှုကွန်ရက်စာမျက်နှာများတွင် “အင်းတိုင်းရင်းသားများ သဘောထားထုတ်ပြန်ချက်” ဟူသည့် ခေါင်းစဉ်ဖြင့် အင်းလေးဒေသအတွင်း အခြားတိုင်းရင်းသားများ လာရောက်ခြင်းနှင့် စီးပွားရေး လုပ်ကိုင်ခြင်းများကို ပိတ်ပင်မည်ဟုဆိုသော စာတစ်စောင် ပျံ့နှံ့နေသည်။ ပျံ့နှံ့နေသော စာတွင် ၂၀၂၆ ခုနှစ် ဇူလိုင်လမှ စတင်ကာ အင်းလေးဒေသအတွင်း ကျင်းပသည့် ဘုရားပွဲ၊ စာတော်ပြန်ပွဲများသို့ အင်းတိုင်းရင်းသားမှလွဲ၍...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...