မူဆယ် နာမကျန်းသူအချို့ ဆေးရုံသို့ အချိန်မီ မပိုနိုင် သေဆုံးမှုများရှိနေ

သျှမ်းပြည်မြောက်ပိုင်း တိုက်ပွဲများ‌ကြောင့် မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီး ပိတ်ထားခံရသဖြင့် မူဆယ်မြို့မှ နာမကျန်းသူအချို့ကိုလားရှိုးနှင့် မန္တလေး ဆေးရုံသို့ အချိန်မီ မပို့‌နိုင်၍ သေဆုံးမှုများ ရှိနေကြောင်း မူဆယ်မြို့ခံများထံမှ သိရသည်။

မူဆယ်မြို့

မန္တလေး- လားရှိုး- မူဆယ်လမ်းပိုင်းကို အောက်တိုဘာလ ၂၇ ရက်မှ စတင်၍ ညီနောင်မဟာမိတ်သုံးဖွဲ့မှပိတ်ထားခဲ့ပြီး သိန္နီမြို့ရှိ နမ္မတူချောင်းတံတားပါ ပျက်စီးနေသောကြောင့် အရေးပေါ် နာမကျန်းဖြစ်နေသူများကို လားရှိုးနှင့် မန္တလေးဆေးရုံများသို့ ပို့ဆောင်နိုင်ခြင်းမရှိ၍ သေဆုံးမှုများ ဖြစ်ပေါ်နေရကြောင်းသိရသည်။

“ ပြီးခဲ့တဲ့ ရက်က နေမကောင်းဖြစ်နေတဲ့ လူနာနှစ်ဦး ဆေးရုံမပို့နိုင်လို့ ဆုံးသွားတယ်ဗျာ။လမ်းတွေကပိတ်၊ တိုက်ပွဲကြားက သွားဖို့ကလည်းမဖြစ်၊တတ်နိုင်တဲ့သူတွေကတော့ ရွှေလီဘက်ကို သွားကုကြတာပေါ့။ မတတ်နိုင်တဲ့သူတွေကတော့ ဒီအတိုင်း ကြိတ်ခံနေရတယ်၊၊ ပုံမှန်သောက်နေကျဆေး‌ကုန်သွားလို့ ပြန်ဝယ်ဖို့တောင်မလွယ်တော့ဘူး အားလုံးရှားပါးကုန်ပြီ ” ဟု ဒေသခံတစ်ဦးမှ သျှမ်းသံတော်ဆင့် သို့ ပြောကြားသည်။

မူဆယ်မြို့တွင် စက်သုံးဆီ တစ်လီတာလျှင် တသောင်းလေးထောင်ကျပ်အထိ ပေးဝယ်ရနေပြီး လိုသလောက်မရဖြစ်နေ၍ သွားလာရေးခက်ခဲမှုများဖြစ်ပေါ်နေကြောင်းသိရသည်။

မူဆယ်မြို့မှ ဗန်းမော်-ရွှေကူ-ကသာ-မတ္တရာလမ်းအတိုင်း လှည့်ပတ်‌သွား‌ရ၍ မန္တလေးမြို့သို့ ရောက်ရန် နှစ်ညအိပ် သုံးရက်ခရီးသွားနေရကြောင်းလည်း စုံစမ်းသိရှိရသည်။

မူဆယ် ဗန်မော်-မန္တလေး

“မနက်သွားညရောက်တဲ့ခရီးက အခု ဗန်းမော်ဘက်ကလှည့်သွားနေရလို့ နှစ်ညအိပ် သုံးရက်ခရီး ဖြစ်သွားတာပေါ့ဗျာ။ လူတယောက်ကို ကားခက နှစ်သိန်းခွဲလောက်ကျတယ် လိုက်ပေးတဲ့ကားရှိလို့ ညှိပြီးသွား‌နေကြတာ။ နာမကျန်းဖြစ်နေသူဆို မလွယ်ဘူး” ဟု မူဆယ်မြို့မှ မန္တလေးသို့ပြန်လာသည့် ခရီးသည်တစ်ဦးမှ ပြောကြားသည်။

လက်ရှိတွင် သျှမ်းပြည်မြောက်ပိုင်း၌ တိုက်ပွဲအရှိန်များ ဆက်လက်မြင့်တက်လာမှုနှင့်အတူ အခြေခံစားသောက်ကုန် ဈေးနှုန်းများပါ အဆမတန်မြင့်တက်လျှက်ရှိပြီး စားနပ်ရိက္ခာပြတ်လပ်မှုများပါ ဖြစ်ပေါ်လာမည်ကို စိုးရိမ်နေကြရကြောင်းလည်း ဒေသခံများထံမှ သိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...