လားရှိုး စစ်ကောင်စီတပ် ဆင့်ကဲပေါက်ကွဲသည့် ဗုံးကြောင့် အရပ်သား ၂ ဦးဒဏ်ရာရ၊ နေအိမ် ပျက်စီးမှုရှိ

သျှမ်းပြည် လားရှိုးမြို့နယ် မက်ချိနုကျေးရွာအုပ်စုတွင် လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်မှ ပစ်လွှတ်လိုက်သည့် ဆင့်ကဲပေါက်ကွဲတတ်သော ဗုံးကြောင့် အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ကြောင်း စုံစမ်းသိရသည်။

လားရှိုး မက်ချိနူ ဆင့်ကဲဗုံးကွဲ အရပ်သား ၂ဦးထိမှန်

လားရှိုးမြို့နယ် မက်ချိနုကျေးရွာအုပ်စု ဝမ်မွန်းကျေးရွာတွင် ယမန်နေ့ (နိုဝင်ဘာလ ၉ ရက်) ညသန်းခေါင်အချိန်တွင် လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်မှ ပစ်လွှတ်လိုက်သည့် ဆင့်ကဲပေါက်ကွဲတတ်သော ဗုံးကြောင့် အသက် ၁၅ နှစ်နှင့် အသက် ၂၉ နှစ် အရွယ်ရှိ အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ကြောင်း လားရှိုးဒေသခံများက ပြောသည်။

“လားရှိုးစစ်တိုင်းထဲကနေ သူတို့ပစ်တဲ့ဗုံးက ဆင့်ကဲပေါက်ကွဲတတ်တဲ့ဗုံးမျိုး၊ ဗုံးတစ်လုံးထဲလာပြီး ကောင်းကင်မှာ ပေါက်ကွဲပြီးတော့ ဘေးကို ဗုံးဆံတွေက ပြန့်သွားတာ။ ထိခိုက်ဒဏ်ရာရတာ ၂ ယောက်ရှိတယ်။ တစ်ယောက်ကတော့ ခြေဖနောင့်ကို ထိတယ်၊ နောက်တစ်ယောက်က ဒူးခေါင်းကိုထိတာ။ လမ်းတော့ မလျှောက်နိုင်ဘူး၊ ဟိုပိတ်မှာ ဒဏ်ရာလာချုပ်ထားရတယ်”ဟု လားရှိုးမြို့နယ် ဝမ်မွန်းဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လားရှိုး မက်ချိနူ ဆင့်ကဲဗုံးကွဲ အရပ်သား ၂ဦးထိမှန်

ထိခိုက်ဒဏ်ရာရရှိသူ ၂ ဦးတွင် အသက် ၁၅ အရွယ်ရှိ စိုင်းဆိုင်ဝမ်း ဆိုသူသည် ခြေဖနောင့် ထိမှန်ပြီး အသက် ၂၉ နှစ် အရွယ်ရှိ စိုင်းအောင်ပွင့် ဆိုသူသည် ဒူးခေါင်းထိမှန်ကာ ဟိုပိတ်ကျေးရွာ ဆေးပေးခန်းတွင် လာရောက်ကုသနေရသည်ဟု သိရသည်။

ယမန်နေ့ (နိုဝင်ဘာ ၉ ရက်) ညသန်းခေါင်အချိန်က လားရှိုးမြို့နယ် ဝမ်မွန်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့သည့် ဗုံးကြောင့် လူနေအိမ် ၂ အိမ် ပျက်စီးပြီး အခြားအိမ်များ၏ အိမ်ခေါင်မိုးများနှင့် အုတ်တံတိုင်းများလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း လားရှိုးမြို့ ဝမ်မွန်းဒေသခံများက ပြောသည်။

လားရှိုး မက်ချိနူ ဆင့်ကဲဗုံးကွဲ အရပ်သား ၂ဦးထိမှန်

“အရင်ကလဲ လက်နက်ကြီးကျတာရှိတယ်။ ဒီတစ်ခေါက်ကျတော့ စစ်ကောင်စီတပ်က ပစ်လာတဲ့ဗုံးက ကောင်းကင်ပေါ်မှာပဲ အရင်ပေါက်ကွဲပြီးတော့ ဗုံးဆံတွေက ပြန့်လာတာမျိုး။ ဗုံးဆံမှန်တဲ့ အိမ်တွေဆို ခေါင်မိုးပေါက်တာတွေ၊ အုတ်တံတိုင်း ပေါက်တာမျိုးတွေ ဖြစ်ကုန်တယ်။ အခုတော့ အချက်အလက်တွေ ကောက်နေတုန်း၊ ခန့်မှန်းခြေ ၁၀ အိမ်နီးပါးရှိမယ်။ သူတို့က ၅ လုံးတွဲ ၆ လုံးတွဲ အဲ့လိုပစ်တော့ ရွာထဲကို ၂ နေရာ လာမှန်တာ”ဟု ၎င်းဒေသခံက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

လားရှိုးမြို့နယ် မက်ချိနုကျေးရွာအုပ်စု ဝမ်မွန်းရွာတွင် ယမန်နေ့ (နိုဝင်ဘာ ၉ ရက်) ညသန်းခေါင်အချိန် ဗုံးပေါက်ကွဲမှုကြောင့် ရွာသား ၁၀၀ ခန့်သည် ဟိုပိတ်ဘုန်းကြီးကျောင်းသို့ ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်ကြရပြီး ဟိုပိတ်စစ်ရှောင်စခန်းရှိ စစ်ဘေးရှောင်ဦးရေ ၃၀၀ ခန့်အတွက် စားနပ်ရိက္ခာများ လိုအပ်နေသည်ဟု သိရသည်။

“၁၀၂၇ စစ်ဆင်ရေး” စတင်သည့် အောက်တိုဘာလ ၂၇ ရက်နေ့မှ စ၍ ယနေ့အထိ လားရှိုးမြို့နယ်တွင် နှစ်ဘက်တိုက်ပွဲများ ပြင်းထန်လျက်ရှိကာ စစ်ဘေးရှောင်ဦးရေ ၆၅၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး အမျိုးသမီးများအတွက် တစ်ကိုယ်ရေသုံးပစ္စည်းများနှင့် ကလေးငယ်များအတွက် အဝတ်အထည်များ အလျင်အမြန် လိုအပ်နေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

စစ်တပ်ထိန်းချုပ် လားရှိုး ခိုးဆိုးလုယက် များလာ၊ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရ

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့အတွင်း စစ်ကော်မရှင်တပ် ထိန်းချုပ်လာပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှု နေ့စဉ်ဆက်တိုက်ဖြစ်လာပြီး၊ ဒေသခံများ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရကြောင်း သတင်းရရှိသည်။ လက်ရှိတွင် လားရှိုးမြိုတွင် ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံများ အနေဖြင့် တယောက်ထဲ သွားလာရန် စိုးရိမ်နေရပြီး၊ ဒေသခံများကို ကိုယ်ထူကိုယ်ထ ဖမ်းဆီးမှုပြုလုပ်နေရကြောင်း လားရှိုးမြို့...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...