လားရှိုး စစ်ကောင်စီ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အမျိုးသမီး ၃ ဦး သေဆုံး

သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းတင်ကျေးရွာတွင် စစ်ကောင်စီတပ်မှ ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲခြင်းကြောင့် ကလေးအပါအဝင် အမျိုးသမီး ၃ ဦး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။

ယနေ့ (နိုဝင်ဘာလ ၉ ရက်) နံနက် ၇ နာရီကျော်အချိန်က လားရှိုးမြို့နယ် မိုင်းတင်ကျေးရွာတွင် အသက် ၆၀ အရွယ်ရှိ နိုင်းမွန်း ဆိုသူ အဘွား ၁ ဦးနှင့် အသက် ၁၂ နှစ်အရွယ်ရှိ နန်းဆိုင် ဆိုသူ မိန်းကလေး ၁ ဦးတို့မှာ နေအိမ်၌ နံနက်စာ ချက်ပြုတ်နေစဉ် စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲခြင်းကြောင့် ပွဲချင်းပြီး သေဆုံးခဲ့သည်။

ထို့အပြင် အသက် ၄၀ အရွယ်ရှိ နန်းရွှေ ဆိုသူ အမျိုးသမီးမှာ ခြေထောက်ပြတ်ဒဏ်ရာဖြင့် လားရှိုးမြို့သို့ ဆေးကုသရန် ပို့ဆောင်နေစဉ် ဆေးရုံအရောက်တွင် သေဆုံးသွားခဲ့သည်ဟု လားရှိုးမြို့နယ် မိုင်းတင်ဒေသခံများက ပြောသည်။

“ဒီမနက် ၇ နာရီကျော်လောက်က ရွာထဲကို လက်နက်ကြီးတွေ အများကြီးကျတာ။ အဘွား ၁ ယောက်နဲ့ မိန်းခလေး ၁ ယောက်က အိမ်မှာပဲ ပွဲချင်းပြီး သေသွားတာ။ ခြေထောက်ပြတ်သွားတဲ့ အသက် ၄၀ အရွယ် အမျိုးသမီးကျတော့ ဆေးရုံရောက်မှ ဆုံးသွားတယ်။ သေတာက ၃ ယောက်လုံး အမျိုးသမီးတွေကြီးပဲ”ဟု လားရှိုးမြို့ မိုင်းတင်ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုသေဆုံးသွားသူများသည် ညအချိန်တွင် ဘုန်းကြီးကျောင်း၌ စစ်ရှောင်လာပြီး နံနက်အချိန်တွင် အစားအသောက် ချက်ပြုတ်ပြင်ဆင်ရန် အိမ်ပြန်ချိန် လက်နက်ကြီးထိမှန်ပြီး သေဆုံးခဲ့ကြောင်း မိုင်းတင်ဒေသခံတစ်ဦးက ပြောဆိုသည်။

ယနေ့ (နိုဝင်ဘာလ ၉ ရက်) နံနက်ပိုင်းတွင် စစ်ကောင်စီတပ် ခလရ-၆၈ မှ ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးကြောင့် လားရှိုးမြို့နယ် မိုင်းတင်ကျေးရွာအတွင်း နေအိမ် ၃ အိမ် ထိခိုက်ပျက်စီးခဲ့ပြီး မိုင်းတင်ဘုန်းကြီးကျောင်းတွင် ကျရောက်သည့် လက်နက်ကြီးမှာ မပေါက်ကွဲသေးဘဲ ရှိနေသည်ဟု မိုင်းတင်ဒေသခံများက ပြောသည်။

“ဒီနေ့မနက်မှ ရုတ်တရက်ကြီး ရွာထဲကို လက်နက်ကြီးကျလာတာ။ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ အရင်ရက်ကတည်းက ပစ်တယ်။ မိုင်းတင်ရွာထဲကို မကျဘူး။ စစ်ကောင်စီတပ်က မဟာမိတ်တပ်တွေ ရွာထဲရှိတယ်ထင်ပြီး လှမ်းပစ်တာ။ မိုင်းတင်ရွာထဲမှာ ဘာမှ မရှိဘူး၊ ရွာသူရွာသားတွေပဲရှိတာလေ။ ရွာထဲက ၃ အိမ်ထိတယ်။ ဘုန်းကြီးကျောင်းမှာတော့ လက်နက်ကြီး ၁ လုံး ကျတာ မကွဲသေးဘူး”ဟု ၎င်းက ဆက်ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၈ ရက်တွင်လည်း မိုင်းတင်ကျေးရွာအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲခြင်းကြောင့် နေအိမ် ၆ အိမ်ထက်မနည်း ထိခိုက်ပျက်စီးခဲ့သည်။

လားရှိုးမြို့နယ် မိုင်းတင်ဘုန်းကြီးကျောင်းတွင် လက်ရှိ စစ်ဘေးရှောင်ဦးရေ ၂၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေရပြီး သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များမှာ ဆောင်းဝင်စ ရာသီအကူးအပြောင်းကြောင့် နာမကျန်းဖြစ်ကာ ဆေးဝါးများနှင့် စားနပ်ရိက္ခာများ အလျင်အမြန် လိုအပ်နေသည်ဟု သိရသည်။

“၁၀၂၇ စစ်ဆင်ရေး” စတင်သည့် အောက်တိုဘာလ ၂၇ ရက်နေ့မှ စ၍ ယနေ့အထိ လားရှိုးမြို့နယ်တွင် နှစ်ဘက်တိုက်ပွဲများ ပြင်းထန်လျက်ရှိကာ စစ်ဘေးရှောင်ဦးရေ ၆၅၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး အမျိုးသမီးများအတွက် တစ်ကိုယ်ရေသုံးပစ္စည်းများနှင့် ကလေးငယ်များအတွက် အဝတ်အထည်များ အလျင်အမြန် လိုအပ်နေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...