မူဆယ်-မန္တလေး ကားလမ်းကို ဗန်းမော်ဘက် ပတ်သွားနေရ

သျှမ်းပြည် မူဆယ်-မန္တလေး ပြည်ထောင်စုလမ်းမကြီး တစ်လျှောက်တွင် စစ်ရေးပြင်းထန်ပြီး လမ်းကြောင်း ပိတ်ဆို့ထား သဖြင့် မူဆယ်-ဗန်းမော်ကားလမ်းဘက်ပတ်ပြီး မန္တလေးကို သွားနေရကြောင်း စုံစမ်းသိရသည်။

မူဆယ်-မန္တလေး ပြည်ထောင်စုလမ်းမကြီးသည် ညီနောင် မဟာမိတ် (၃)ဖွဲ့နှင့် စစ်ကောင်စီတို့ကြား စစ်ရေး ပြင်းထန်နေပြီး၊ သိန္နီမြို့ရှိ နမ္မတူတံတားကျိုးပျက်မှုကြောင့် ကားလမ်းများ ပိတ်ထားရသည်။

ထို့ကြောင့် မူဆယ်-မန္တလေး သို့ သွားရောက်လိုသူများသည် ဗန်းမော်-ရွှေကူ-ကသာ–မတ္တရာ -မန္တလေး လမ်းသို့ အသုံးပြုနေကြောင်း ခရီးသွားသူများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ကျနော်တို့ မန္တလေးကနေ မူဆယ်ကို အရင်လို တရက်တည်းမရောက်ဘူး။ ၂ညအိပ် ၃ရက်ကြာတယ်။ ဗန်မော်မှာ တစ်ညအိပ်ရတယ်။ နောက် လွယ်ကျယ်မှာတစ်ညပါ။ ငွေလည်း ပိုကုန်တယ်။ အချိန်လည်းပိုကုန်တာပေါ့” ဟု ခရီးသွား ပြည်သူ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

လက်ရှိ အသုံးပြုနေတဲ့လမ်း

ယခင် မူဆယ်-မန္တလေး ပြည်ထောင်စု လမ်းမကြီး တွင် ကားခ တစ်ဦးလျှင် ကျပ် ခုနစ်သောင်းပေးခဲ့ရာ လက်ရှိတွင် မူဆယ်-ဗန်မော်-မန္တလေး ကားခသည် တစ်ဦးလျှင် ကျပ် နှစ်သိန်း၃သောင်းခွဲ (၂၃၅၀၀၀) ထိပေးဆောင်ရပြီး နှစ်ညအိပ် ၃ရက်ခရီးသွားကြကြောင်း သိရသည်။

“မူဆယ် ကနေ မန္တလေး (ပြည်ထောင်စုလမ်းမကြီး)ကတော့ သွားလို့မရဘူးဗျ။ဗန်းမော်ဖက်က နေသွားရင် ဈေးကများတယ်။ ကျနော်တို့ ကားတွေကတော့ မထွက်သေးဘူးဗျ” ဟု မူဆယ်-မန္တလေး ကားသမားတစ်ဦးက ပြောသည်။

အလားတူ သျှမ်းပြည် လောက်ကိုင်မြို့နှင့် ချင်းရွှေဟော်မြို့တွင် ပိတ်မိနေသည့် ပြည်သူများကို “ဝ” UWSA တပ်ဖွဲ့က တန့်ယန်းဘက် လိုက်လံပို့ဆောင်ပေးခဲ့ကြောင်း တန့်ယန်းကားသမား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ကျနော်တို့ တန့်ယန်းဘက်ရောက်လာတဲ့ လောက်ကိုင်-ချင်းရွှေဟော်က လူတွေကို မန္တလေးဘက်ထိ လိုက်ပို့ပေးတာရှိတယ်။ လောက်ကိုင်-ချင်းရွှေဟော်ကနေ တန့်ယန်ထိတော့ “ဝ”ဘက်က တာဝန်ယူပြီးပို့တယ်။ တန့်ယန်း-မန္တလေးကတော့ တယောက်ကို ကားခ ၃သိန်းကျပ်ထိရှိပါတယ်” ဟု ကားသမားက ထပ်လောင်းပြောသည်။

နောင်ချို-ကျောက်မဲ-လားရှိုး-မူဆယ်-ချင်းရွှေဟော် စသည့် လမ်းပိုင်းများအား ဖြတ်သန်းသွားလာခွင့် တားမြစ်ထားဆဲ ဖြစ်ရာ မည်သူမဆို ယာဉ်ဖြင့်ဖြတ်သန်းသွားလာပါက စစ်တပ်ထောက်ပို့ယာဉ်အဖြစ် သတ်မှတ်၍ ပြင်းထန်စွာတိုက်ခိုက် ချေမှုန်းသွားမည် ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့မှ အောက်တိုဘာ ၂၇ ရက်၌ ထုတ်ပြန်ထားသည်။

“၁၀၂၇” စစ်ဆင်ရေး ကြောင့် သျှမ်းမြောက် မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးဇုံ လမ်းကြောတလျောက် ပိတ်ဆိုင်းခဲ့ရာ လက်ရှိတိုက်ပွဲကြောင့် အရပ်သား (၂၀)ဦးထက်မနည်း သေဆုံးပြီး၊ ထိခိုက်ဒဏ်ရာရရှိသူ (၄၀)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သျှမ်းသံတော်ဆင့် ကောက်ယူထားသည့် သတင်းအချက်အလက်အရသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...