မူဆယ်-နမ့်ခမ်းလမ်း တိုက်ပွဲကြား အမျိုးသားတစ်ဦး ပျောက်ဆုံးနေ

သျှမ်းပြည် မူဆယ်-နမ့်ခမ်းလမ်းကြား တစ်နေရာတွင် တိုက်ပွဲဖြစ်ပွားနေစဉ် ကာလအတွင်း အမျိုးသားတစ်ဦး ပျောက်ဆုံးနေပြီး လက်ရှိအချိန်ထိ အသတင်းအချက်အရမရှိသေးကြောင်း သတင်းသိရှိရသည်။

ဖြစ်စဉ်မှာ (အောက်တိုဘာလ ၂၈ ရက်)တွင် အသက် ၂၃ နှစ်အရွယ်ရှိ မောင်မရန်ယောင်ထန် ဆိုသည့် အမျိုးသားတစ်ဦးသည် မူဆယ်-နမ့်ခမ်းလမ်းပိုင်း ဖြတ်သန်းသွားလာစဉ်အတွင်း ပျောက်ဆုံးသွားခဲ့သည်ဟု ၎င်း၏ မိသားစုဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

၎င်းပျောက်ဆုံးနေစဉ်တွင် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်အဖွဲ့ဝင် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) အကြား တိုက်ပွဲဖြစ်ပွားပြီး၊ စစ်ရေးတင်းမာမှုနှင့် စစ်ဆေးမှု တင်းကြပ်နေသည့် အချိန်ကာလ ဖြစ်သည်။

“ သူ့က လွယ်ဂျယ်ကနေ ဆင်းလာတာ။ သူ့အမေကားဘီးပေါက်လို့ ဆိုပြီး သူက သွားကြိုနေချိန် လမ်းမှာ TNLA စစ်သားက သူ့ကိုခေါ်သွားလိုက်တာ။ သူ့ကို ၅ နာရီခွဲလောက်ကနေ ခေါ်သွားပြီး ၉ နာရီလောက်စစ်ဆေးပြီးတာ။ အဲ့နဲ့သူ့ကို ဖုန်းပြန်ကိုင်ခွင့်ပေးပြီး နက်ဖြန်မှပြန်ခိုင်းမယ်ပြောပြီးတော့ နောက်နေ့ ၂၉ ရက် မနက် ၁၀ နာရီ၊ ၁၁ နာရီဝန်းကျင် လောက်မှာ အဆက်သွယ်မရတော့ဘူး “ ဟု ပျောက်ဆုံးနေသူ၏ မိသားစုဝင်တစ်ဦးက ပြောသည်။

လက်ရှိအချိန်ထိ သတင်းအချက်အလက်မရရှိဘဲ ပျောက်ဆုံးနေသဖြင့် မိသားစုဝင်များက အလွန်စိုးရိမ်နေသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ရဲ့ ပြန်ကြားရေး တာဝန်ခံ ဒုဗိုလ်မှူးကြီး တားအိုက်ကျော်ထံ ဖုန်းဖြင့်ကြိုးစားဆက်သွယ်ခဲ့သော်လည်း မရခဲ့ပေ။

နမ့်ခမ်းမြို့တွင်း နိုဝင်ဘာ ၃ ရက်မှ စတင်ပြီးတိုက်ပွဲပြင်းထန်လာခဲ့သဖြင့် နမ့်ခမ်-မူဆယ် လမ်းကြောကို ယနေ့ (နိုဝင်ဘာ ၉)ရက်မှစပြီး TNLA ဘက်မှ ယာယီပိတ်ထားကြောင်း မူဆယ်ဒေသခံများပြောပြချက်အရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

မူဆယ်-နမ့်ခမ်း မြစ်ဘေးရှိ ရပ်ကွက်များနှင့် လယ်ယာ၊ စိုက်ပျိုးမြေများ ရေမြှုပ်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ နှင့် နမ့်ခမ်းမြို့ ရွှေလီမြစ်ဘေးနေထိုင်သည့် ပြည်သူများ၏ နေအိမ်နှင့် လယ်ယာများ ရေမြှုပ်နေကြောင်း သတင်းရရှိသည်။​ ဇူလိုင်လ တတိယပတ်အတွင်း သျှမ်းပြည် မြောက်ပိုင်း နှင့် တရုတ်နိုင်ငံအတွင်း မိုးအဆက်မပြတ်ရွာ သွန်းမှုအပြင် တရုတ်နိုင်ငံမှ ရေကာတာ ရေထုတ်လွှတ်မှုကြောင့် ရွှေလီမြစ်ရေမှာ ရက်ပိုင်း ရေမြင့်တက်လာခြင်းဖြစ်ကြောင်း မူဆယ်မြို့ဒေသခံအမျိုးသားတစ်ဦးက...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...