Wednesday, January 28, 2026

မူဆယ်-နမ့်ခမ်းလမ်း တိုက်ပွဲကြား အမျိုးသားတစ်ဦး ပျောက်ဆုံးနေ

သျှမ်းပြည် မူဆယ်-နမ့်ခမ်းလမ်းကြား တစ်နေရာတွင် တိုက်ပွဲဖြစ်ပွားနေစဉ် ကာလအတွင်း အမျိုးသားတစ်ဦး ပျောက်ဆုံးနေပြီး လက်ရှိအချိန်ထိ အသတင်းအချက်အရမရှိသေးကြောင်း သတင်းသိရှိရသည်။

ဖြစ်စဉ်မှာ (အောက်တိုဘာလ ၂၈ ရက်)တွင် အသက် ၂၃ နှစ်အရွယ်ရှိ မောင်မရန်ယောင်ထန် ဆိုသည့် အမျိုးသားတစ်ဦးသည် မူဆယ်-နမ့်ခမ်းလမ်းပိုင်း ဖြတ်သန်းသွားလာစဉ်အတွင်း ပျောက်ဆုံးသွားခဲ့သည်ဟု ၎င်း၏ မိသားစုဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

၎င်းပျောက်ဆုံးနေစဉ်တွင် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်အဖွဲ့ဝင် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) အကြား တိုက်ပွဲဖြစ်ပွားပြီး၊ စစ်ရေးတင်းမာမှုနှင့် စစ်ဆေးမှု တင်းကြပ်နေသည့် အချိန်ကာလ ဖြစ်သည်။

“ သူ့က လွယ်ဂျယ်ကနေ ဆင်းလာတာ။ သူ့အမေကားဘီးပေါက်လို့ ဆိုပြီး သူက သွားကြိုနေချိန် လမ်းမှာ TNLA စစ်သားက သူ့ကိုခေါ်သွားလိုက်တာ။ သူ့ကို ၅ နာရီခွဲလောက်ကနေ ခေါ်သွားပြီး ၉ နာရီလောက်စစ်ဆေးပြီးတာ။ အဲ့နဲ့သူ့ကို ဖုန်းပြန်ကိုင်ခွင့်ပေးပြီး နက်ဖြန်မှပြန်ခိုင်းမယ်ပြောပြီးတော့ နောက်နေ့ ၂၉ ရက် မနက် ၁၀ နာရီ၊ ၁၁ နာရီဝန်းကျင် လောက်မှာ အဆက်သွယ်မရတော့ဘူး “ ဟု ပျောက်ဆုံးနေသူ၏ မိသားစုဝင်တစ်ဦးက ပြောသည်။

လက်ရှိအချိန်ထိ သတင်းအချက်အလက်မရရှိဘဲ ပျောက်ဆုံးနေသဖြင့် မိသားစုဝင်များက အလွန်စိုးရိမ်နေသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ရဲ့ ပြန်ကြားရေး တာဝန်ခံ ဒုဗိုလ်မှူးကြီး တားအိုက်ကျော်ထံ ဖုန်းဖြင့်ကြိုးစားဆက်သွယ်ခဲ့သော်လည်း မရခဲ့ပေ။

နမ့်ခမ်းမြို့တွင်း နိုဝင်ဘာ ၃ ရက်မှ စတင်ပြီးတိုက်ပွဲပြင်းထန်လာခဲ့သဖြင့် နမ့်ခမ်-မူဆယ် လမ်းကြောကို ယနေ့ (နိုဝင်ဘာ ၉)ရက်မှစပြီး TNLA ဘက်မှ ယာယီပိတ်ထားကြောင်း မူဆယ်ဒေသခံများပြောပြချက်အရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...