လားရှိုးမြို့ အသက် ၁ နှစ်ခွဲကလေးကို ကားဖြင့်တိုက်ခံရ၊ ကားသမားထွက်ပြေး

သျှမ်းပြည် လားရှိုးမြို့တွင် အသက် ၁နှစ်ခွဲ အရွယ်ရှိ ကလေးငယ်ကို Ford ကားအနက်တစ်စီးက ဝင်ရောက်တိုက်သွားပြီး၊ ကားသမားထွက်ပြေးသွားကြောင်း စုံစမ်းသိရသည်။

သျှမ်းပြည် လားရှိုးမြို့ ရပ်ကွက် ၅၊၆၊၇ အဝင်လမ်းထိပ်တွင် ယမန်နေ့ ( နိုဝင်ဘာလ ၉) ရက် ညနေ ၄ နာရီခွဲဝန်းကျင်၌ Ford အနက်ရောင် ကားတစ်စီးသည် အသက် (၁)နှစ်ခွဲအရွယ်ရှိ ကလေးငယ်ကို ကားဖြင့် တိုက်ပြီး၊ ၎င်းကလေးသည် ပွဲချင်းပြီး သေဆုံးသွားခဲ့ကာ ၊ ကားသမားသည် ထွက်ပြေးသွားကြောင်း ဒေသခံ အမျိုးသမီး တစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကလေးကိုမမြင်ပဲကားက ဝင်ကြိတ်သွားတာ၊ ဆင်းကြည့်သေးတယ် သေတော့ ချက်ချင်းထွက် ပြေးသွား တာ၊ ကလေးက ခေါင်းပြားသွားတယ်။ ကားပိုင်ရှင်ကိုတော့ ပြန်တွေ့တယ် သူမောင်းတာ မဟုတ်ဘူး။ သူ့ကားကို သူငယ်ချင်းက ငှားသွားတာတဲ့”ဟုလားရှိုး ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

တိုက်မိသည့်ကား

ထိုကလေးငယ်ကို အမှတ်-(၁၂၃)ယာဉ်ထိန်းတပ်ဖွဲ့စု၊တာဝန်မှူး-ဒုရဲအုပ်၊ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များနှင့် လားရှိုးလူငယ်များ လူမှုကူညီရေးအဖွဲ့တို့ ပူးပေါင်းပြီး (ဦးခေါင်းပွင့်)ဒဏ်ရာဖြင့် သေဆုံးသွားသည့် ကလေးငယ်ကို လားရှိုးပြည်သူ့ဆေးရုံကြီး-အရေးပေါ်ဌာန မှ တစ်ဆင့် ရင်ခွဲရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ကလေးကို တိုက်သွားသည့်ကား

ထိုအပြင် ယနေ့ (နိုဝင်ဘာလ ၉ ရက်) နံနက် ၇ နာရီကျော်အချိန်က လားရှိုးမြို့နယ် မိုင်းတင်ကျေးရွာအုပ်စုရှိ အသက် ၆၀ အရွယ်ရှိ နိုင်းမွန်း နှင့် အသက် ၁၂ နှစ်အရွယ်ရှိ နန်းဆိုင် ဆိုသူ မိန်းကလေး ၁ ဦးတို့သည် နေအိမ်၌ နံနက်စာ ချက်ပြုတ်နေစဉ် စစ်ကောင်စီတပ်ဘက်မှ ရမ်းသမ်းပစ်ခတ်ကြောင့် ပွဲချင်းပြီး သေဆုံးခဲ့သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လားရှိုးမြို့တွင် ခိုးဆိုးလုယက်၊ ဓားပြတိုက်မှု၊ ဗုံးပေါက်ကွဲမှု စသည်ဖြင့် ပဋိပက္ခများ မကြာခဏဖြစ်ပေါ်နေကာ အုပ်ချုပ်ရေး၊ တရားဉပဒေရေး မရှိတော့ရာမှ ပြည်သူများသည် စိုးရိမ်ကြောက်လန့်စိတ်ဖြင့် နေထိုင်ကြရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့တွင်း ရှော့တိုက်ဒုံးကျပေါက်ကွဲပြီးနောက် ဒေသခံများ တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့ပြီးနောက် စစ်ကော်မရှင် တပ်နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနိုင်မည်ကို ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။ လားရှိုးမြို့ အတွင်း ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲပြီးနောက် ပြည်သူများသည် စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်များကို အလျင်အမြန် ဝယ်ယူစုဆောင်းနေကြကြောင်း လားရှိုးမြို့...

လားရှိုးမြို့ ရှော့တိုက်ဒုံး ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဇူလိုင် ၉ ရက်) ယနေ့ ညနေ ၅ နာရီဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် (၆) နှင့် ရပ်ကွက် (၁၀) အတွင်းသို့...

လားရှိုးမြို့ “ခိုင်”သစ်သီးပွဲရုံ မီးလောင်

0
သျှမ်းပြည် လားရှိုးမြို့အဝင် လွယ်လွမ့်ကျေးရွာရှိ “ခိုင်”သစ်သီးပွဲရုံ မီးလောင်ကျွမ်းခဲ့ပြီး ပျက်စီးဆုံးရှုံးမှု များပြားကြောင်း စုံစမ်းသိရသည်။ ယနေ့ (မေလ ၂၇ ရက်) နေ့လယ် ၁ နာရီခန့်မှ စတင်ပြီး လားရှိုးမြို့အဝင်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ် လွယ်လွမ့်ကျေးရွာတွင် ဖွင့်လှစ်ထားသည့် “ခိုင်” သစ်သီးပွဲရုံရှိ ဂိုထောင်တစ်ခု...

လားရှိုးမှ သယ်ဆောင်လာသည့် ကျပ် ၉ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှ စီးဆင်းလာသည့် ခန့်မှန်းခြေ ကျပ် ၉ ဒသမ ၈၅ ဘီလီယံ တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများကို သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ ဧပြီလ ၁၂ ရက်မှ ဧပြီလ ၃၀ ရက်အတွင်း ဘိန်းဖြူ ၇၇ ကီလိုဂရမ်နှင့် စိတ်ကြွဆေးပြား...

လားရှိုးတွင် မူးယစ်ဆေးဝါးအကြောင်းပြပြီး MNDAA ဖမ်းဆီးသွားသည့်လူငယ်(၇၀)ကျော် ပြန်မလွတ်သေး

0
သျှမ်းပြည် လားရှိုးမြို့နယ် အီနိုင်းကျေးရွာအုပ်စုတွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ မူးယစ်ဆေးဝါးအကြောင်းပြကာ လူငယ်အမျိုးသား (၇၀) ယောက်ကျော်ကို ဖမ်းဆီးသွားခဲ့ပြီးနောက် သုံးပတ်ကျော် ကြာသည်အထိ ပြန်မလွတ်ပေးသေးကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA သွားလာလှုပ်ရှားနေသည့် ၁၂ မိုင်၊ ၁၃ မိုင်၊ အီနိုင်းနှင့် မန်တောင်းကျေးရွာများတွင်...