CATEGORY

စစ်ရေး

စစ်ကောင်စီမှ ဖယ်ခုံမြို့ ဒေသခံအမျိုးသားများကို ဝမ်းလျားမှောက်အိပ်ခိုင်းပြီး စစ်ဆေး

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နှင့် ကရင်နီ နယ်စပ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ တပ်သားများသည် ဒေသခံအမျိုးသား ၁၅ ဦးခန့် ဝမ်းလျားမှောက်အိပ်ခိုင်းပြီး စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းသိရသည်။ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်တွင် ဖယ်ခုံမြို့ ဟိန္ဓမရပ်ကွက်ဘက် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ သည် အိမ်ထဲရှိနေသည့် ပြည်သူအမျိုးသားများကို...

မိုးဗြဲမြို့အနီး စစ်ကောင်စီ နှင့် PDF စစ်ရေးတင်းမာ ပြည်သူများတိုက်ပွဲထပ်ဖြစ်မှာ စိုးရိမ်

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ အတွင်း စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ ယနေ့ချိန်ထိ စစ်ရေးတင်းမာမှုရှိနေသဖြင့် ပြည်သူများ စိုးရိမ်နေရကြောင်း စုံစမ်းသိရသည်။ဇွန် ၇ ရက် တွင်လည်း မိုးဗြဲမြို့အတွင်းရှိ ကျေးရွာသို့ စစ်ကောင်စီ တပ်သားများရုတ်တရက် ရောက်ရှိလာပြီး PDF နှင့် တိုက်ပွဲဖြစ်ပွားကာ အရပ်သား...

စစ်ကောင်စီ တပ်ဆုတ်ခိုင်းသည့် SSPP စခန်း (၃) နေရာကို တပ်ဆုတ်ခွာမည် မဟုတ်

သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့ နယ် နှင့် တန့်ယန်းမြို့နယ်ကြားရှိ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA တပ်စခန်း (၃) နေရာကို စစ်ကောင်စီက ဇွန်လ (၁၀) ရက် နောက်ဆုံးထားပြီး တပ်ဆုတ်ခွာခိုင်းသော်လည်း SSPP မှ တပ်ဆုတ်သွားမည် မဟုတ်ကြောင်း SSPP ပြောခွင့်ရ ဗိုလ်မှူးကြီး...

အောင်ပန်း နှင့် ညောင်ရွှေ သေနတ်ပစ်ခတ်သံများ ဆက်တိုက်ကြားရ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင် အောင်ပန်းမြို့ နှင့် ညောင်ရွှေမြို့များတွင် ညအချိန် သေနတ်ပစ်ခတ်သံများ ဆက်တိုက် ကြားနေရကြောင်း သတင်းသိရသည်။ ယမန်နေ့ ဇွန်လ ၇ ရက်နေ့  ည ၉ နာရီဝန်းကျင်အချိန်တွင် အောင်ပန်းမြို့ အမှတ် ၄ ရပ်ကွက် နှင့် အမှတ် ၃ ရပ်ကွက်...

မိုးဗြဲ PDF တပ်ဖွဲ့တစ်ခု မှ မိုးဗြဲ PDF တပ်ရင်း (၂) တပ်ဖွဲ့ တိုးချဲ့ ဖွဲ့စည်း

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ PDF တပ်ရင်းမှ ယမန်နေ့ တွင် မိုးဗြဲ PDF တပ်ရင်း (၂) ကို ထပ်မံ ဖွဲ့စည်းလိုက်ကြောင်း မိုးဗြဲ PDF ထံမှ သတင်းရရှိသည်။ အဆိုပါ မိုးဗြဲ PDF တပ်ဖွဲ့သည် အင်အားများလာသောကြောင့် ယမန်နေ့ ဇွန်...

မိုးဗြဲမြို့နယ်အတွင်း ပြည်သူတစ်ဦး လက်နက်ကြီးထိ သေဆုံး၊နှစ်ဦးဒဏ်ရာရ

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့နယ်အတွင်းတွင် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့တို့မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်နေမှုများကြောင့် အရပ်သားတစ်ဦးထိခိုက်သေဆုံးပြီး၊ နှစ်ဦးဒဏ်ရာ ရရှိကြောင်း သတင်းသိရသည်။ယနေ့ (ဇွန် ၇ ) ရက် နံနက် ၇ နာရီခွဲဝန်းကျင်မှ စတင်ခဲ့သည့် စစ်ကောင်စီတို့၏ ရမ်းသမ်းပစ်ခတ်မှု ကြောင့် မိုးဗြဲဈေးကုန်းရပ်ကွက်မှ...

ဆီဆိုင်မြို့နယ် ဒေသခံများ PNO နှင့် PDF တို့ကြား နေထိုင်ရ ခက်ခဲနေ

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် ဒေသခံများက စစ်ကောင်စီ လက်အောက်ခံ PNO နှင့် PDF တို့ကြား နေထိုင်ရတာ ခက်ခဲနေကြောင်း စုံစမ်းသိရှိရသည်။ယခုရက်ပိုင်း PNO တပ်ဖွဲ့က ဆီဆိုင်မြို့နယ်အတွင်း လာမည့် ဇွန် ၂၇ ရက်နေ့တွင် နောက်ဆုံးထားကာ တပ်သားသစ်ကောက်ယူနေပြီး၊ တစ်ဖက်မှာလည်း PNO တပ်ထဲ...

ပင်းတယမြို့ CDM ကျောင်းဆရာမ တစ်ဦးအပါအဝင် ပြည်သူ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရ

သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့တွင် CDM ကျောင်းဆရာမ တစ်ဦးအပါအဝင် ပြည်သူ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံထားရကြောင်း ဒေသခံများထံမှ သိရသည်။ပြီးခဲ့သည့် ဇွန်လ ၁ ရက် ညပိုင်းတွင် စစ်ကောင်စီတပ်သားများသည် ပင်းတယမြို့ပေါ်ရှိ ရပ်ကွက်များနှင့် အနီးပတ်ဝန်းကျင်မှ ရွာများအထိ ဝင်ရောက်မွှေနှောက်ရှာဖွေကာ ပြည်သူများကို ဖမ်းဆီးခေါ်ဆောင်သွား ကြောင်းသတင်းသိရသည်။“အဲ့နေ့ည...

ရပ်စောက်မြို့  ညအချိန် စစ်ကောင်စီ သေနတ်ပစ်ခတ်သံကြားရ

သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့ ည (၈) နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်မှ သေနတ်ပစ်ဖောက်သည့်သံများ ကြားရသဖြင့် ပြည်သူများ စိုးရိမ်နေကြောင်း စုံစမ်းသိရှိရသည်။လွန်ခဲ့သည့် မေ (၃၁) ရက် နှင့် ဇွန် (၁) ရက် ည (၈) နာရီဝန်းကျင်တွင် ရပ်စောက်မြို့ အခြေစိုက် တပ်မ...

ပင်လောင်းမြို့နယ် စစ်ကောင်စီ ထောင်ထားသည့်မိုင်း ၎င်းတပ်သားပြန်လည်နင်းမိ

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတို့ တပ်ဆင်ထားသည့် မြေမြှုပ်မိုင်းကို ရေဆင်းချိုးသည့် စစ်ကောင်စီတပ်ဖွဲ့သားများ ပြန်လည်နင်းမိပြီး နှစ်ဦးသေဆုံးခဲ့ကြောင်း သတင်း သိရသည်။ပင်လောင်းမြို့နယ် ပင်ပုံကျေးရွာ မေ ၂၄ရက် တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပအို၀်း အမျိုးသား တပ်မတော် PNA တို့က ပူးပေါင်း စခန်းချ...

Latest news