Wednesday, January 28, 2026

ကွတ်ခိုင်မြို့နယ်တိုက်ပွဲအတွင်း ကလေးငယ်တစ်ဦး လက်နက်ကြီး ကျည်ထိ

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မန်နောင်ကျေးရွာ အနီးတွင် အာဏာသိမ်း စစ်ကောင်စီနှင့် ကချင် လွတ်မြောက်ရေးတပ်မတော်( KIA) တို့တိုက်ပွဲဖြစ်ပွားပြီး ကလေးငယ်တစ်ဦး လက်နက်ကြီးထိ ဒဏ်ရာပြင်းထန်စွာ ရရှိကြောင်း သတင်းသိရသည်။

ကွတ်ခိုင်တိုက်ပွဲ ကျည်ထိမှန်သည့်ကလေးငယ်

ယနေ့ (ဇူလိုင် ၂၅) ရက် နံနက် ၇ နာရီဝန်းကျင်တွင် လွိုင်ဆမ်ဆစ်တောင်ခြေရှိ မန်နောင်ကျေးရွာနှင့် နမ့်ပါခီး အကြားတွင် တိုက်ပွဲဖြစ်ပွားပြီး မန်နောင်ကျေးရွာအတွင်းသို့် လက်နက်ကြီးကျသဖြင့် ကလေးငယ်တစ်ဦး ထိခိုက် ဒဏ်ရာပြင်းထန်စွာ ရရှိကြောင်း အသက် ၄၀ ဝန်းကျင်ဒေသခံအမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ပြော သည်။

“တိုက်ပွဲက ၆ နာရီကျော် ၇ နာရီကတည်းက စဖြစ်လာတာပါ၊ မန်နောင်ရွာထဲကို လက်နက်ကြီးကျပြီး အိမ်တစ် လုံး နဲ့ ကလေးငယ်တစ်ဦးကိုကျည်မှန်သွားတယ်၊ ကလေးငယ်က ဦးခေါင်းပိုင်းကို ထိထားတာ၊ လက်ရှိတော့ ကွတ်ခိုင်ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေပါတယ်” ဟု ၎င်းအမျိုးသမီးက ပြောသည်။

အဆိုပါ လက်နက်ကြီးကျည်ထိမှန်သည့် ကလေးငယ်သည် အသက် ၃ နှစ်ဝန်းကျင်သာ ရှိနေပြီး ဦးခေါင်းပိုင်း ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည့်အတွက် လက်ရှိတွင် ဆေးရုံ၌ အောက်စီဂျင်ပေးထားပြီး အခြေအနေစောင့် ကြည့်နေရကြောင်း အသက် ၄၀ကျော် အမျိုးသမီးက ဆက်လက်ပြောသည်။

လက်ရှိတွင်တိုက်ပွဲပြီးဆုံးသွားသော်လည်း စစ်ကောင်စီဘက်မှ မန်နောင်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်တွင် စစ်အင်အားဖြည့်တင်းမှုရှိနေသည့်အတွက် စစ်ရေးတင်းမှုနေလျက်ရှိကြောင်း အမည်မဖော်လိုသူ ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

“မန်နောင်ရွာတွင်းမှာရော၊ အဲ့လမ်းပိုင်းတစ်လျှောက်မှာရော စစ်ကောင်စီတွေ ထပ်ပြီး အင်အားဖြည့်ထားတယ်၊ ရွာသားတွေလည်း အပြင်မထွက်ရဲဘူး၊ Ambulance( လူနာတင်ကား) တွေ အဲ့တိုက်ပွဲဖြစ်တဲ့ဘက် သွားတာတွေ့တော့ နှစ်ဖက် တပ်သားထိခိုက်မှုလည်းရှိမယ်ထင်ပါတယ်” ဟု အထက်ပါ အမျိုးသားက ပြောသည်။

လက်ရှိအချိန်ထိ နှစ်ဖက်တပ်ဖွဲ့၏ ထိခိုက်ကျဆုံးမှုများကို မသိရှိရသေးချေ။

ကွတ်ခိုင်မြို့နယ်အတွင်းတွင် အာဏာသိမ်း စစ်ကောင်စီတပ်နှင့် KIA၊ PDF၊ KPDF တို့က တိုက်ပွဲများ မကြာခဏတိုက်ပွဲ ဖြစ်ပွားလေ့ရှိသည့် နေရာဒေသဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...