Wednesday, January 28, 2026

မိုးမိတ်မြို့နယ်အတွင်း စစ်ကောင်စီတပ်မှ အင်အားဖြည့်တင်း နေရာယူမှုရှိ

သျှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့တို့မှ စစ်အင်အားဖြည့် နေရာယူမှုများရှိနေကြောင်း သတင်းသိရသည်။

ယမန်နေ့ ဇူလိုင် ၂၅ ရက်တွင် စစ်ကောင်စီတပ် တပ်မ ၉၉ လက်အောက်ခံ ခလရ ၂၇၆ နှင့် ၃၄၈ တို့သည် နမ့်မိတ်ချောင်း မြောက်ဘက်ရှိ ရွှေကာလီဘုန်းကြီးကျောင်းအနီး နှင့် သရက်ချိုကျေးရွာ၊ ဆိုင်းလျန်(သဲနီ) ကျေးရွာ၊ စင့်ကင်စေတီကုန်း၊ စင့်ကင်ကျေးရွာ စသည့်နေရာများတွင် ထပ်တိုးလာသည့် စစ်အင်အားများနှင့် အတူ ဖြန့်ကျက်နေရာယူထားကြောင်း ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့က မွန်းလွဲပိုင်း ၂ နာရီလောက်မှာ တင်းတောင် တောင်ကုန်း (ၵွင်းတိုင်းတဝ်ႇ) ဘက်ကနေလာတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီး (၈၁) မမ နဲ့ နမ့်နန်းကျေးရွာဘက်ကို ၇ လုံးလှမ်းပစ်တာ ၆ လုံး ပေါက်ကွဲသွားတယ်၊ အဲ့ဘက် မှာ KIA တွေနေရာယူထားတယ်ထင်ပြီး လှမ်းပစ်တာ၊ ပြည်သူထိခိုက်မှုတော့ မရှိဘူး” ဟု ၎င်းက ပြောသည်။

သျှမ်းပြည်တွင်းရှိ စစ်ကောင်စီ စစ်ကြောင်း တစ်ကြောင်း

ပြီးခဲ့သည့် ၂၁ ရက်နေ့တွင်လည်း စစ်ကောင်စီ နှင့် KIA ပူးပေါင်းတပ်ဖွဲ့တို့သည် ဒေသအတွင်း တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားသည့်အတွက် စင့်ကင်ကျေးရွာ နှင့် ပန်ဆားစေးကျေးရွာတို့မှ ဒေသခံများသည် အိုးအိမ်စွန့်ခွာကာ စစ်ဘေးတိမ်းရှောင်ရကြောင်း သတင်းသိရသည်။

“ဇူလိုင် ၂၁ ရက်နေ့မှာဆိုရင် ရွာနှစ်ရွာက အိမ်ခြေ ၁၀၀ ကျော် နဲ့ လူဦးရေ ၃၀၀ နီးပါး စစ်ဘေးတိမ်းရှောင်ရတယ်၊ တချို့က မြို့ထဲမှာ သွားပြီးတိမ်းရှောင်နေရသလို တချို့ကလည်း စစ်ဘေးဒဏ်မရှိတဲ့ တောထဲမှာပဲ ဖြစ်သလို နေထိုင်ကြရတာ၊ ၂၅ ရက်နေ့မှာတော့ အခြေအနေ နည်းနည်းပြန်ကောင်းလာလို့ တချို့က အိမ်ကိုပြန် ရောက် ကြပြီ” ဟု အထက်ပါ ဒေသခံက ဆက်လက်ပြောဆိုထားသည်။

စစ်ရှောင်ပြည်သူများ အိမ်ပြန်သည့်အချိန်တွင် ရွာအနီးပတ်ဝန်းကျင် တစ်လျှောက်၌ စစ်ကောင်စီတပ်ဖွဲ့များ နေရာယူထားသည်ကို တွေ့မြင်ရသည့်အတွက် စိုးရိမ်စိတ်များ ရှိနေကြောင်းလည်း ဒေသခံများက ပြောသည်။

မိုးမိတ်မြို့နယ်အတွင်းတွင် ပြီးခဲ့သည့် ဇူလိုင် (၁) ရက်က စပြီး အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ / ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်ဖွဲ့တို့မှ တိုက်ပွဲစတင် ဖြစ်ပွားခဲ့ပြီးနောက် လက်ရှိ အချိန်ထိ အာဏာသိမ်းစစ်ကောင်စီတို့သည် KIA ပူးပေါင်းတပ်ဖွဲ့နှင့် တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်လောင်းတွင် စစ်ဘေးရှောင်များ နေရပ်ပြန်မဲမထည့်ပါက ရွာထဲနေခွင့်မပြုဟု ရွာသူကြီးများက ဖိအားပေးနေ

0
သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် စစ်ဘေးရှောင်များအား ရောက်ရာအရပ်မှ ပြန်လာခိုင်းပြီး မဲထည့်ခိုင်းကာ မဲမထည့်ပါက နောင်တွင် ရွာထဲ၌နေခွင့်မပြုဟုဆိုကာ ရွာသူကြီးများက ဖိအားပေးနေကြောင်း ဒေသခံများက ပြောသည်။ ယနေ့ ဇန်နဝါရီလ ၂၅ ရက် နံနက်ပိုင်းမှစတင်၍ ပင်လောင်းမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အသီးသီးရှိ မဲရုံများတွင် ရွေးကောက်ပွဲ အပိုင်း...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...