မိုင်းရှူးဘက် စစ်ကောင်စီတိုင်းမှူးကိုယ်တိုင် စစ်ကြောင်း ဦးစီးနေ

သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ တိုင်းမှူးကိုယ်တိုင် စစ်ကြောင်းများကို ဦးစီးနေကြောင်း သတင်းသိရသည်။

ယမန်နေ့ (ဇူလိုင် ၂၅ ) ရက်တွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ)၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ရလခ) နှင့် တြိဂံဒေသတိုင်းစစ်ဌာနချုပ် (တသခ) တို့မှ တိုင်းမှူးများသည် ကား ၆ စီးဖြင့် မိုင်းရှူးမြို့နယ်သို့ ရောက်လာကြောင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တိုင်းမှူး ၃ ယောက်လုံးက မိုင်းရှူးကို တစ်ပြိုင်နက်တည်းရောက်လာတော့ တစ်ခုခုထူးလို့နေမှာပါ၊ ပြီးတော့ ခိုလမ်တိုင်းမှူးကိုယ်တိုင် ဒီမိုင်းရှူးမြို့နယ်ထဲက စစ်ကြောင်းကို ဦးစီးမယ်လို့ ကြားတယ်၊ ဒီရက်ပိုင်းအတွင်းမှာ စစ်ကောင်စီတွေ အင်အားက SSPP/SSA ရှိတဲ့ဘက်ကို ပိုတိုးလာတယ်”ဟု ၎င်းအမျိုးသားက ပြောသည်။

SSPP/SSA

လက်ရှိ မိုင်းရူးမြို့နယ်အတွင်း အခြေစိုက်လှုပ်ရှားနေသည့် SSPP/SSA တပ်စခန်းသုံးခုအနီးသို့ စစ်ကောင်စီတပ် လက်အောက်ခံ ခလရ (၁၅၀) တပ်ရင်းဌာနချုပ်မှ စစ်ကားကြီး (၆) စီးနှင့် မိုင်းရယ် ခလရ (၂၂) မှ စစ်ကားကြီး (၄) စီးတို့သည် လွိုင်နိုင်းဘက်သို့ စစ်အင်အား ဖြည့်တင်းခဲ့ကြောင်း ဒေသခံ အမျိုးသားက ဆက်လက်ပြောဆိုထားသည်။

ထို့အပြင် လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့တို့သည် လွိုင်နိုင်းအနီးပတ်ဝန်းကျင် တစ်ဝိုက်ကို မြေပြင် စစ်အင်အား ဖြည့်တင်းမှုများ ရှိနေသည့်အပြင် ညသန်းခေါင်ယံတွင်လည်း လေယာဥ်နှင့် ကင်းလှည့်လေ့ရှိ ကြောင်း ဒေသတွင်းလှုပ်ရှားနေသည့် SSPP/SSA အရာရှိတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခုရက်ပိုင်းအတွင်း ညသန်းခေါင်ဆို ကျနော်တို့ တပ်စခန်းနေရာတစ်ဝိုက်ကိုလေယာဥ်နဲ့ လာပတ်ကြည့်တာ၊ မြေပြင်မှာ စစ်အင်အားတွေဖြည့်နေတာ မနည်းတော့ဘူး၊ တဖြည်းဖြည်းနဲ့ ကပ်လာတဲ့ အနေထားပေါ့၊ ဒါပေမဲ့ စကစ တွေကျနော်တို့ မြေပေါ်ကျူးကျော်နေတာ နှစ်ပေါင်း ၇၀ ကျော်ရှိနေပြီလို့ စစ်ရေးအရ ဖြေ ရှင်းမှ ရမယ်ဆိုလည်း အသင့်ပါ” ဟု ၎င်းအရာရှိက ပြောသည်။

မြေပြင်စစ်ရေးတင်းမာမှုများကြောင့် SSPP/SSA တပ်ဖွဲ့မှလည်း စစ်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများရှိ နေသည့်အပြင် ဒေသခံပြည်သူလူထုများ အတွက်ထိခိုက်နစ်နာမှုများမရှိအောင် စစ်ရေးထိန်းနေကြောင်း ၎င်းက ဆက်လက်ပြောဆိုထားသည်။

အာဏာသိမ်း စစ်ကောင်စီတို့သည် မိုင်းရှူးမြို့နယ်အတွင်း လှုပ်ရှားနေသည့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့၏ တပ်စခန်းနေရာ ၃ ခုကို ဆုတ်ခွာခိုင်းရာမှ ယနေ့အထိ စစ်ရေး တင်းမာမှုများ ဖြစ်ပေါ်နေခြင်းဖြစ်သည်။

ယင်းကဲ့သို့ စစ်ရေးတင်းမာနေသည့်အချိန် ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်တွင်လည်း အရပ်သား မောင်းနှင်လာသည့် ကားကို စစ်ကောင်စီ မှ သေနတ်ဖြင့် ပစ်ခတ်လိုက်သဖြင့် ကားပေါ်ပါလာသည့် မိသားစု (၃) ဦးစလုံး သေဆုံးသွားခဲ့ရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...