စစ်ကောင်စီတိုင်းမှူးများ မိုင်းရှူးမြို့နယ်အတွင်းမှ ဆုတ်ခွာပြီး စစ်ရေးတင်းမာမှုဖြေလျှော့
သျှမ်းပြည်တောင်ပိုင်း မိုင်းရူးမြို့နယ်အတွင်း စစ်ရေးကွပ်ကဲသည့် စစ်ကောင်စီတိုင်းမှူးများသည် လက်ရှိတွင် မိုင်းရှူးမြို့နယ်အတွင်းမှ ဆုတ်ခွာပြီး SSPP/SSA နှင့် စစ်ရေးတင်းမာမှုကို ဖြေလျှော့နေကြောင်း သတင်းသိရသည်။ အဆိုပါ စစ်ကောင်စီ တိုင်းမှူးများသည် ဇူလိုင် ၂၅ ရက်တွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ)၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ရလခ) နှင့် တြိဂံဒေသတိုင်းစစ်ဌာနချုပ်...
SSPP နှင့် RCSS တို့က လွိုင်လင်ခရိုင်အတွင်း တပ်သားသစ်အပြိုင်စုဆောင်းနေ
သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင်အတွင်းတွင် သျှမ်းလက်နက်ကိုင် တပ်ဖွဲ့ ဖြစ်သည့် SSPP/SSA နှင့် RCSS/SSA တို့ တပ်သားသစ်အပြိုင် စုဆောင်းနေကြောင်း သတင်းသိရသည်။ ပင်လုံမြို့ ဆနင်းဒေသအတွင်းမှ ဒေသခံပြည်သူများကို SSPP/SSA တပ်ဖွဲ့မှ တပ်သားသစ်အတွက် စာရင်းကောက်ခြင်း ဖမ်းခေါ်ခြင်းများ ပြုလုပ်နေကြောင်း အမည်မဖော်လိုသူ ဒေသခံ အမျိုးသားတစ်ဦးက...
မုံးကိုး နေရပ်မပြန်နိုင် စစ်ရှောင် စားနပ်ရိက္ခာ ခက်ခဲနေ
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် မုံးကိုးမြို့ပေါ်တွင် လက်ရှိမှာ တိုက်ပွဲဖြစ်ပွားမှုမရှိသော်လည်း စစ်ရှောင်များသည် နေရပ်ကျေးရွာသို့ မပြန်သေးသဖြင့် စားနပ်ရိက္ခာခက်ခဲနေကြောင်း စုံစမ်းသိရသည်။ မုံးကိုး စစ်ရှောင် (၈၀၀) ကျော်သည် (၄) လခန့် ကြာပြီး အလှူရှင်များ မရှိသောကြောင့် ယခုကာလတွင် စစ်ရှောင်များအတွက် စားနပ်ရိက္ခာများ ခက်ခဲနေကြောင်း မုံးကိုးစစ်ရှောင်ကူညီသူ...
ပင်လုံမြို့မြောက်ဘက်တွင် တိုက်ပွဲဖြစ်
SHAN -
သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့ စန့်ကျန်းကျေးရွာတွင် စစ်ကောင်စီ ပူးပေါင်းတပ်ဖွဲ့နှင့် တိုင်းရင်း သား လက်နက်ကိုင်တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့( သြဂုတ်လ ၁ )ရက်တွင် ပင်လုံမြို့ နှင့် လေးမိုင်ခန့်ကွာဝေးသည့် စန့်ကျန်းရွာ တွင် နယ်မြေလှည့်လာသည့် စစ်ကောင်စီနှင့် ပအိုဝ့်ပြည်သူ့စစ် PNA တို့နှင့် ဒေသအတွင်းရှိနေသည့်...
စစ်ကောင်စီ နှင့် KIA တို့ တိုက်ပွဲကြောင့် ဒေသခံပြည်သူများ စိုးရိမ်မှုမြှင့်တက်
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့သည် ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားသည့်အတွက် ဒေသခံများ စိုးရိမ်မှုမြှင့်တက်နေကြောင်း သတင်းသိရသည်။ ယမန်နေ့ (သြဂုတ် ၁ ) ရက် ညနေ ၈ နာရီဝန်းကျင်တွင် ကွတ်ခိုင်မြို့နယ် ဘတ်နွတ်တောင်တွင်စစ်ကောင်စီ...
မိုးမိတ် တိုင်းရင်းသား လက်နက်ကိုင်များ မူးယစ်ဆေးအကြောင်းပြ ဖမ်းဆီးရာ ပစ်ခတ်သေဆုံးမှုထိရှိ
သျှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ်မှ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့၏ မူးယစ်ဆေးဝါးအကြောင်းပြ ဖမ်းဆီးမှုတွင် ပစ်ခတ်သေဆုံးမှုများ ရှိနေကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက်တွင် မိုးမိတ်မြို့နယ် မိုးဘုံကျေးရွာ (ဝမ်ဘုံကန်ရွာ) နှင့် ဝမ်အုံကျေးရွာရှိ ရွာသား ၄ ဦးကို မူးယစ်အကြောင်းပြကာ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး...
ပျောက်ဆုံးနေသော မိုးဗြဲဒေသခံ စစ်ကောင်စီ ပစ်သတ်
SHAN -
သျှမ်းပြည်တောင်ပိုင်း မိုးဗြဲဒေသခံ အမျိုးသားတစ်ဦးသည် ကရင်နီပြည် လွိုင်ကော်ပြည်သူ့ဆေးရုံတွင် ဆေးခန်းသွားပြရာ အပြန်လမ်း၌ စစ်ကောင်စီ၏ စစ်ဆေးမှုခံရပြီး ပစ်သတ်ခံရကြောင်း ဒေသခံများထံ စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင် ၁၉ ရက်တွင် မိုးဗြဲဒေသခံ အမျိုးသား ခွန်လေးသည် လွိုင်ကော်ပြည်သူ့ဆေးရုံသွားပြပြီး နောင်ယားကန်အရောက် စစ်ကောင်စီ၏ စစ်ဆေးမှုခံရပြီး သေဆုံးသွားကြောင်း...
စစ်ရေးတင်းမာနေသည့် မိုင်းရှူးဘက်သို့ စစ်ကောင်စီ တိုက်လေယာဥ် နှစ်စီးပျံသန်း
စစ်ရေးတင်းမာနေသည့် သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ်အတွင်းသို့ အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ ၏ တိုက်လေယာဥ် နှစ်စီး ပျံသန်းခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ ဇူလိုင် ၂၇ ရက် နေ့ခင်းပိုင်း ၁၂ နာရီဝန်းကျင် အချိန်တွင် သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်...
သျှမ်းပြည် တိုက်ပွဲကြား ကလေးငယ်နှစ်ဦး အသက်ဆုံးရှုံးခဲ့ရ
သျှမ်းပြည်အတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခများအကြား တစ်လအတွင်း အပြစ်မဲ့ ကလေးငယ် နှစ်ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်တွင် မိုင်းရှူးမြို့နယ်မှ အရပ်သား မောင်းနှင်လာသည့် ကားကို စစ်ကောင်စီမှ သေနတ်ပစ်ခတ်လိုက်သဖြင့် ကားပေါ်ပါလာသည့် အသက် ၃ နှစ်...
ဟိုပုံးမြို့နယ် PNO စစ်သင်တန်း စားရိတ်အတွက် ထပ်မံကောက်မည်
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ်အတွင်းရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့က ဒုတိယအကြိမ် စစ်သင်တန်း စားရိတ် ထပ်မံကောက်ခံမည် ဟု စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇွန်လတွင် ပအိုဝ်းပြည်သူ့စစ် (PNO) တပ်ဖွဲ့များက ဟိုပုံးမြို့နယ်အတွင်းရှိ ကျေးရွာများကို တစ်အိမ်လျှင် ပိုက်ဆံ (၃၀,၀၀၀) ကျပ် နှင့်...





