Tuesday, April 16, 2024

ပျောက်ဆုံးနေသော မိုးဗြဲဒေသခံ စစ်ကောင်စီ ပစ်သတ်

Must read

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲဒေသခံ အမျိုးသားတစ်ဦးသည် ကရင်နီပြည် လွိုင်ကော်ပြည်သူ့ဆေးရုံတွင် ဆေးခန်းသွားပြရာ အပြန်လမ်း၌ စစ်ကောင်စီ၏ စစ်ဆေးမှုခံရပြီး ပစ်သတ်ခံရကြောင်း ဒေသခံများထံ စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၉ ရက်တွင် မိုးဗြဲဒေသခံ အမျိုးသား ခွန်လေးသည် လွိုင်ကော်ပြည်သူ့ဆေးရုံသွားပြပြီး နောင်ယားကန်အရောက် စစ်ကောင်စီ၏ စစ်ဆေးမှုခံရပြီး သေဆုံးသွားကြောင်း သိရသည်။

နောင်ယားကန်သာ Photo Credit: DVB

“သေဆုံးသွားပြီဆိုတာ ဟုတ်ပါတယ်။ သူ့မိသားစုဝင်တွေဆီကနေတော့ သတင်းပေးလာပါတယ်” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ ရုပ်အလောင်းကို စစ်ကောင်စီဘက်က ပြန်ယူဆောင်သွားကြောင်း သိရသည်။

“ရုပ်အလောင်းကတော့ ပြန်ရလာတယ်လို့တော့ပြောတယ်။ ဒါမဲ့ ကျနော်တို့တော့ အသေချာမသိရဘူး။ အဲ့နေ့က စစ်ကောင်စီတွေပဲ သူတို့ ရုပ်အလောင်းကို ပြန်ယူသွားတယ်လို့ကြားတယ်။ သူ့မိသားစုဝင်တော့ စိတ်မကောင်းဖြစ်နေတယ်” ဟု မိုးဗြဲမြို့ ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

အဆိုပါ ပျောက်ဆုံးနေသည့် အမျိုးသားသည် တကယ်သေဆုံးသွားမှုရှိ၊ မရှိကို သျှမ်းသံတော်ဆင့်မှ အတည်မပြုနိုင်သေးပေ။

သို့သော် ဒေသခံများ သတင်းပေးပို့ချက်အရ သေဆုံးသွားကြောင်း သိရသည်။

စစ်တပ်က အာဏာသိမ်းပြီး တစ်နှစ်ကျော်ကာလအတွင်း ပြည်သူ (၂၁၃၃) ဦး သတ်ဖြတ်ခံခဲ့ရပြီး (၁၁၈၁၅) ဦး ဖမ်းဆီးခံရဆဲဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားများကို ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP က ယမန်နေ့ ဇူလိုင် (၂၈) ရက်တွင် ထုတ်ပြန်ထားသည်။

Leave a Comments

- Advertisement -spot_img

Latest article