Wednesday, January 28, 2026

SSPP နှင့် RCSS တို့က လွိုင်လင်ခရိုင်အတွင်း တပ်သားသစ်အပြိုင်စုဆောင်းနေ

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင်အတွင်းတွင် သျှမ်းလက်နက်ကိုင် တပ်ဖွဲ့ ဖြစ်သည့် SSPP/SSA နှင့် RCSS/SSA တို့ တပ်သားသစ်အပြိုင် စုဆောင်းနေကြောင်း သတင်းသိရသည်။

ပင်လုံမြို့ ဆနင်းဒေသအတွင်းမှ ဒေသခံပြည်သူများကို SSPP/SSA တပ်ဖွဲ့မှ တပ်သားသစ်အတွက် စာရင်းကောက်ခြင်း ဖမ်းခေါ်ခြင်းများ ပြုလုပ်နေကြောင်း အမည်မဖော်လိုသူ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီဒေသထဲမှာရှိတဲ့ RCSS နဲ့ သိတဲ့သူတွေ ပတ်သက်ဖူးတဲ့ ဆွေးမျိုးရှိတဲ့သူတွေရဲ့ အမည်စာရင်းနဲ့တကွ လာဖမ်း တာမျိုးတွေ ရှိသလို အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ ရွာသားတချို့ကိုလည်း စစ်သားစုဆောင်းဖို့လာခေါ်တယ်၊ RCSS နဲ့ ပတ်သက်တယ်ဆိုပြီး ဖမ်းခေါ်ခံရတဲ့ တချို့တွေက ဘယ်ကိုရောက်သွားမှန်းမသိကြဘူး” ဟု အထက်ပါ ပုဂ္ဂိုလ် ကပြောသည်။

လက်ရှိအချိန်တွင် ဆနင်းဒေသအတွင်း ဒေသခံများကို တပ်သားသစ်စုဆောင်းရန်အတွက် ဒေသခံ အယောက် ၃၀ ကျော် ဖမ်းဆီးထားသည့်အပြင် RCSS/SSA နှင့် ပတ်သက်သည် ဆိုသည့် စွပ်စွဲချက်ဖြင့်လည်း ဒေသခံတချို့ကို ဖမ်းဆီးထားကြောင်း ဒေသခံများက ပြောသည်။

RCSS & SSPP

ထို့အပြင် ပြီးခဲ့သည့် ဇူလိုင်လအတွင်းမှ စတင်ကာ ပင်လုံမြို့ရှိ နောင်လိုင်ကျေးရွာ နှင့် လဲချားမြို့ပေါ်တွင်လည်း သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) တို့က ရွာသားများကို တပ်သားသစ်အတွက် ဖမ်းဆီးစုဆောင်းခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၉ ရက်နေ့တွင်လည်း လဲချားမြို့ပေါ် ရပ်ကွက်ဖြစ်ကြသည့် မြို့မရပ်ကွက်မှ အမှတ် (၁) ရပ်ကွက်အထိ အသက် ၁၈ နှစ်ပြည့် သားယောက်ျားလေးရှိသည့် အိမ်ထောင်စုများကို စစ်သားသစ်အတွက် အလှည့်ကျသည်ဟုဆိုကာ ဒေသခံတချို့ကို RCSS လာဖမ်းသွားကြောင်း ဒေသခံများက ပြောသည်။

“လဲချားမြို့ပေါ်အထိကို လာကောက်ကြတာပါ၊ သားမရှိတဲ့ အိမ်တွေဆိုရင်လည်း မိဘတွေကိုခေါ်သွားတာ၊ သား ရော ဖခင်ရော မရှိတဲ့အိမ်တွေကြတော့ မိခင်ဖြစ်သူကို ဖမ်းသွားတာလည်းရှိနေတယ်၊ RCSS တပ်သားတွေက အရပ်ဝတ်နဲ့ သေနတ်ကို ခါးကြားထိုးပြီး လူတွေကိုလိုက်ခေါ်တာတဲ့၊ ပင်လုံမြို့က နောင်လျန်ရွာဘက်မှာလည်း ဒေသခံအယောက် ၅၀ ကျော် အဖမ်းခံရတယ်” ဟု လဲချားမြို့နယ်မှ အမည်မဖော်လိုသူ ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကိုဗစ်ရောဂါပျံ့နှံ့မှုနှင့် နိုင်ငံတော်အာဏာသိမ်းမှုကြောင့် ဒေသအတွင်းစီးပွားရေး ကျဆင်းလာည့်အပြင် ယခုလို လက်နက်ကိုင်တပ်ဖွဲ့တို့မှ စစ်သားသစ်အတွက် လူဖမ်းဆီးခြင်းသည် ဒေသခံပြည်သူများက အခက်အခဲများ ကြုံတွေ့နေရကြောင်း သတင်းသိရသည်။

လက်ရှိ သျှမ်းတောင်အတွင်း သျှမ်းတပ် (၂)တပ် မှ တပ်သားသစ် အတင်းအဓမ္မ စုဆောင်းနေခြင်း၊ လူငယ်များမရှိပါက မိခင်များပါ ခေါ်ဆောင်မှုပြုလုပ်နေသဖြင့် ပြည်သူများအခက်အခဲကြုံရကာ ထိုင်းနိုင်ငံသို့ အများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်။

သျှမ်းတပ် (၂) တပ်မှ အချင်းအချင်းပစ်ခတ်တိုက်ခိုက်မှုပြုလုပ်နေသည့်အတွက် သျှမ်းလူထုများက သျှမ်းတပ်ထဲသို့ မဝင်ချင်ကြောင်း သိရသည်။

ယင်းကိစ္စဖြစ်စဥ်များနှင့် ပတ်သက်ပြီး အကြောင်းရင်း မေးမြန်းသိရှိနိုင်ရန်အတွက် လက်နက်ကိုင်တပ်ဖွဲ့ နှစ်ဖွဲ့၏ ပြောရေးဆိုခွင့်များကို ကြိုးစားဆက်သွယ် ခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပါ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

သီပေါ-မိုင်းရယ် စစ်တပ် ဆက်တိုက်ဖမ်းဆီးနေသည့် မူးယစ်ဆေးဝါးအမှု တရားခံမပေါ်သေး

0
သျှမ်းပြည် သီပေါနှင့် မိုင်းရယ်မြို့နယ်တွင် မူးယစ်ဆေးဝါး ချက်လုပ်သည့်နေရာများနှင့် အသုံးပြုသည့် ပစ္စည်းများကို စစ်ကော်မရှင်ဘက်မှ ဆက်တိုက်ရှာဖွေ ဖမ်းဆီးနေသော်လည်း တရားခံ မပေါ်သေးကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၈) ရက်မှ စတင်ပြီး သီပေါမြို့နယ် နမ့်လန်မြို့တဝိုက်နှင့် မိုင်းရယ်မြို့နယ်အတွင်း စစ်ကော်မရှင်တပ်မှ အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများနှင့် မူးယစ်ဆေးဝါး ချက်လုပ်သည့်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...