SSPP နှင့် RCSS တို့က လွိုင်လင်ခရိုင်အတွင်း တပ်သားသစ်အပြိုင်စုဆောင်းနေ

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင်အတွင်းတွင် သျှမ်းလက်နက်ကိုင် တပ်ဖွဲ့ ဖြစ်သည့် SSPP/SSA နှင့် RCSS/SSA တို့ တပ်သားသစ်အပြိုင် စုဆောင်းနေကြောင်း သတင်းသိရသည်။

ပင်လုံမြို့ ဆနင်းဒေသအတွင်းမှ ဒေသခံပြည်သူများကို SSPP/SSA တပ်ဖွဲ့မှ တပ်သားသစ်အတွက် စာရင်းကောက်ခြင်း ဖမ်းခေါ်ခြင်းများ ပြုလုပ်နေကြောင်း အမည်မဖော်လိုသူ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီဒေသထဲမှာရှိတဲ့ RCSS နဲ့ သိတဲ့သူတွေ ပတ်သက်ဖူးတဲ့ ဆွေးမျိုးရှိတဲ့သူတွေရဲ့ အမည်စာရင်းနဲ့တကွ လာဖမ်း တာမျိုးတွေ ရှိသလို အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ ရွာသားတချို့ကိုလည်း စစ်သားစုဆောင်းဖို့လာခေါ်တယ်၊ RCSS နဲ့ ပတ်သက်တယ်ဆိုပြီး ဖမ်းခေါ်ခံရတဲ့ တချို့တွေက ဘယ်ကိုရောက်သွားမှန်းမသိကြဘူး” ဟု အထက်ပါ ပုဂ္ဂိုလ် ကပြောသည်။

လက်ရှိအချိန်တွင် ဆနင်းဒေသအတွင်း ဒေသခံများကို တပ်သားသစ်စုဆောင်းရန်အတွက် ဒေသခံ အယောက် ၃၀ ကျော် ဖမ်းဆီးထားသည့်အပြင် RCSS/SSA နှင့် ပတ်သက်သည် ဆိုသည့် စွပ်စွဲချက်ဖြင့်လည်း ဒေသခံတချို့ကို ဖမ်းဆီးထားကြောင်း ဒေသခံများက ပြောသည်။

RCSS & SSPP

ထို့အပြင် ပြီးခဲ့သည့် ဇူလိုင်လအတွင်းမှ စတင်ကာ ပင်လုံမြို့ရှိ နောင်လိုင်ကျေးရွာ နှင့် လဲချားမြို့ပေါ်တွင်လည်း သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) တို့က ရွာသားများကို တပ်သားသစ်အတွက် ဖမ်းဆီးစုဆောင်းခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၉ ရက်နေ့တွင်လည်း လဲချားမြို့ပေါ် ရပ်ကွက်ဖြစ်ကြသည့် မြို့မရပ်ကွက်မှ အမှတ် (၁) ရပ်ကွက်အထိ အသက် ၁၈ နှစ်ပြည့် သားယောက်ျားလေးရှိသည့် အိမ်ထောင်စုများကို စစ်သားသစ်အတွက် အလှည့်ကျသည်ဟုဆိုကာ ဒေသခံတချို့ကို RCSS လာဖမ်းသွားကြောင်း ဒေသခံများက ပြောသည်။

“လဲချားမြို့ပေါ်အထိကို လာကောက်ကြတာပါ၊ သားမရှိတဲ့ အိမ်တွေဆိုရင်လည်း မိဘတွေကိုခေါ်သွားတာ၊ သား ရော ဖခင်ရော မရှိတဲ့အိမ်တွေကြတော့ မိခင်ဖြစ်သူကို ဖမ်းသွားတာလည်းရှိနေတယ်၊ RCSS တပ်သားတွေက အရပ်ဝတ်နဲ့ သေနတ်ကို ခါးကြားထိုးပြီး လူတွေကိုလိုက်ခေါ်တာတဲ့၊ ပင်လုံမြို့က နောင်လျန်ရွာဘက်မှာလည်း ဒေသခံအယောက် ၅၀ ကျော် အဖမ်းခံရတယ်” ဟု လဲချားမြို့နယ်မှ အမည်မဖော်လိုသူ ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကိုဗစ်ရောဂါပျံ့နှံ့မှုနှင့် နိုင်ငံတော်အာဏာသိမ်းမှုကြောင့် ဒေသအတွင်းစီးပွားရေး ကျဆင်းလာည့်အပြင် ယခုလို လက်နက်ကိုင်တပ်ဖွဲ့တို့မှ စစ်သားသစ်အတွက် လူဖမ်းဆီးခြင်းသည် ဒေသခံပြည်သူများက အခက်အခဲများ ကြုံတွေ့နေရကြောင်း သတင်းသိရသည်။

လက်ရှိ သျှမ်းတောင်အတွင်း သျှမ်းတပ် (၂)တပ် မှ တပ်သားသစ် အတင်းအဓမ္မ စုဆောင်းနေခြင်း၊ လူငယ်များမရှိပါက မိခင်များပါ ခေါ်ဆောင်မှုပြုလုပ်နေသဖြင့် ပြည်သူများအခက်အခဲကြုံရကာ ထိုင်းနိုင်ငံသို့ အများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်။

သျှမ်းတပ် (၂) တပ်မှ အချင်းအချင်းပစ်ခတ်တိုက်ခိုက်မှုပြုလုပ်နေသည့်အတွက် သျှမ်းလူထုများက သျှမ်းတပ်ထဲသို့ မဝင်ချင်ကြောင်း သိရသည်။

ယင်းကိစ္စဖြစ်စဥ်များနှင့် ပတ်သက်ပြီး အကြောင်းရင်း မေးမြန်းသိရှိနိုင်ရန်အတွက် လက်နက်ကိုင်တပ်ဖွဲ့ နှစ်ဖွဲ့၏ ပြောရေးဆိုခွင့်များကို ကြိုးစားဆက်သွယ် ခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပါ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါတွင် အသက်၁၄နှစ် ညီမဝမ်းကွဲအား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူကို SSPP သေဒဏ်ပေး

0
သျှမ်းပြည် သီပေါမြို့နယ်တွင် အသက်(၁၄) နှစ်အရွယ် ညီမဝမ်းကွဲတော်စပ်သူကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် အမျိုးသားတစ်ဦးအား ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တရားရုံးတစ်ခုမှ သေဒဏ်ပေးကာ ကွပ်မျက်လိုက်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ (၁၄) ရက် နေ့လယ်ပိုင်းတွင် သီပေါမြို့နယ် စံဖိတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာရှိ အသက်(၂၄) နှစ်အရွယ်ရှိ...

မောက်မယ် PNLA တပ်ဖွဲ့ဝင်နှင့် မိသားစုဝင် ၇၈ ဦး RCSS ထံ ဘက်ပြောင်းခိုလှုံ

0
သျှမ်းပြည် မောက်မယ်မြို့နယ် ကဒူးကြီးဒေသတွင် လှုပ်ရှားနေသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ စုစုပေါင်း (၇၈) ဦးတို့ RCSS တပ်ဖွဲ့ထံ သွားရောက်ပူးပေါင်းခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) တွင် မောက်မယ်မြို့နယ် ကဒူးကြီးဒေသရှိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA)...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

မိုင်းပျဉ်းမြို့နယ် စစ်တပ်၊ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့နှင့် RCSS ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်းရှိ RCSS/SSA ထိန်းချုပ်နယ်မြေအနီးသို့ စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့မှ တောနင်းဝင်ရောက်လာခြင်းကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက် နေ့လယ်ပိုင်း ၁၂ နာရီကျော်တွင် မိုင်းပျဉ်းမြို့နယ်ရှိ သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ထိန်းချုပ်နယ်မြေထဲ အာဏာသိမ်းစစ်တပ်နှင့်...

တရုတ်ဖိအားကြောင့် မူဆယ် ခိုတိန်ကျားဖြန့်ဝန်းကို SSPP စီးနင်း၊ ဟန်ပြလုပ်ဆောင်မှုဟု ဒေသခံများ ဝေဖန်

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း အခြေစိုက်သည့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) ဝန်းတစ်ခုကို သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့တွင် မူဆယ်မြို့နယ် မော်တောင်းကျေးရွာအုပ်စုရှိ ခိုတိန်ရွာ ကျားဖြန့်ဝန်းကို SSPP က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါစီးနင်းမှုအတွင်း သျှမ်း၊...