CATEGORY

စစ်ရေး

ပင်းတယမြို့နယ် စစ်ကောင်စီ မှ ဖမ်းဆီးထားသူ (၅၀) ဦးကျော်ရှိ

သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ်အတွင်း CDM ဝန်ထမ်း နှင့် ပြည်သူတို့ စုစုပေါင်း (၅၀) ဦးကျော် ဖမ်းဆီးခံထားရကြောင်း စုံစမ်းသိရသည်။ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူအများအပြား ဖမ်းဆီးခံထားရပြီး ပင်းတယမြို့နယ်တွင် CDM ဝန်ထမ်း အများစုဖမ်းဆီးခံထားရကြောင်း သိရသည်။ “ပင်းတယမှာက ဖမ်းဆီးခံထားရတာ အကြမ်းအားဖြင့် ဆိုရင်တော့ (၅၀)...

ကျောက်မဲ ဒေသခံအယောက် ၂၀ ကျော်ကို TNLA တပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွား

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်းမှ ဒေသခံ အယောက် ၂၀ ကျော်ကို တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တပ်ဖွဲ့မှ လာရောက်ဖမ်းဆီးခြင်း ခေါ်ဆောင်သွားကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၉ ရက် ည ၁၁ နာရီဝန်းကျင်တွင် ကျောက်မဲမြို့နယ် အုမ်းငန်းကျေးရွာအုပ်စု...

နောင်ချိုမြို့နယ် တိုက်ပွဲအတွင်း စစ်ကောင်စီ (၆)ဦးသေ၊ ၃၀ကျော်ဒဏ်ရာရ

သျှမ်းမြောက် နောင်ချိုမြို့နယ် ရတနာသိင်္ဂီကျေးရွာ အနီးတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်မှ တပ်ဖွဲ့ဝင် (၆)ဦး သေဆုံးကာ ၃၀ကျော် ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ နောင်ချိုမြို့နယ် ရတနာသိင်္ဂီကျေးရွာအနီးတွင် သြဂုတ် ၃ရက်မှ စတင်ကာ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ နှင့်   PDF (မန္တလေး)...

အောင်ပန်းလမ်းခွဲဂိတ်တွင် စစ်ကောင်စီ မှ စားနပ်ရိက္ခာ နှင့်ဆေးဝါးများအပြင် ဓာတ်မြေသြဇာများ သယ်ခွင့်မပြု

သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့မှ ပင်လောင်းမြို့ သို့သွားသည့် လမ်းခွဲဂိတ်တွင် စစ်ကောင်စီတပ်ဖွဲ့များက စားနပ်ရိက္ခာများ၊ ဆေးဝါးများ နှင့် ဓာတ်မြေသြဇာများကို သယ်ယူခွင့်မပြုကြောင်း စုံစမ်းသိရသည်။ ပင်လောင်းမြို့တွင် ယခုကာလ မိုးရာသီတွင်း လယ်ယာစိုက်ပျိုးရန်အတွက် လိုအပ်သော ဓာတ်မြေသြဇာများကို စစ်ကောင်စီတပ်ဖွဲ့များက သယ်ယူခွင့်မပေးသောကြောင့် တောင်ယာလုပ်ကိုင်သူများ အခက်အခဲကြုံတွေ့နေရကြောင်း ပင်လောင်းဒေသခံ အမျိုးသားတစ်ဦးက...

ရွာငံမြို့နယ်အတွင်း စစ်ကောင်စီတွေက အရပ်ဝတ် နှင့် သွားလာလှုပ်ရှားနေ

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်အတွင်း လှုပ်ရှားနေသည့် အာဏာသိမ်း စစ်ကောင်စီတပ်သားများသည် အရပ်ဝတ်များဖြင့်သာ သွားလာလှုပ်ရှားနေလျက်ရှိကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ နောင်ပိုင်းမှ စတင်ကာ ရွာငံမြို့နယ်ရှိ နာဘန်းကြီးကျေးရွာအုပ်စုအတွင်းတွင် စစ်ကောင်စီ တပ်သားတို့သည် ဒေသခံရွာသားများအသွင်ယူကာ အရပ်ဝတ်ဖြင့် PDF အကြောင်း၊ PDF ချိတ်ဆက်သူများကို လိုက်လံစုံစမ်းနေကြောင်း သတင်းသိရသည်။ “မသိရင်တော့...

စစ်ကောင်စီ မှ CDM ဆရာမ ( ၂ ) ဦးကို ဖမ်းဆီးစစ်ဆေး

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ ဆေးခန်းတွင် အလုပ်လုပ်နေသည့် (CDM) ဆရာမ (၂) ဦးကို စစ်ကောင်စီတပ်ဖွဲ့များက အရပ်ဝတ်ဖြင့် လာရောက်ဖမ်းဆီးခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (သြဂုတ် ၄) ရက် ညနေပိုင်း ၅ နာရီဝန်းကျင်တွင် စစ်ကောင်စီ တပ်ဖွဲ့မှ အင်အား...

မိုးမိတ်မြို့နယ် ထပ်တိုး PDF တပ်ဖွဲ့ နှင့် စစ်ကောင်စီတို့ တစ်နာရီ နီးပါး တိုက်ပွဲဖြစ်

သျှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ်အတွင်းတွင် ထပ်တိုးရောက်ရှိလာသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ဖွဲ့ နှင့် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့တို့သည် တစ်နာရီ နီးပါးကြာအောင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (သြဂုတ် ၃) ရက် မွန်းလွဲပိုင်း ၁ နာရီကျော် မှ ၂ နာရီကျော် အထိ...

ပင်လုံမြို့အနီး လက်နက်ကိုင်တပ်ဖွဲ့များ ဝင်ရောက်လာ တပ်သားသစ်စုဆောင်းမှာကို ပြည်သူများစိုးရိမ်

သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့အနီးဝန်းကျင်တွင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ ဝင်ရောက်လာသဖြင့် ပြည်သူများက တပ်သားသစ် စုဆောင်းမည်ကို စိုးရိမ်နေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ် ၃) ရက် ည ၉ နာရီ ဝန်းကျင်တွင် ပင်လုံမြို့ နှင့် နီးစပ်သည့် ဟိုင်းနန်းကျေးရွာအုပ်စု ဝမ်မိုင်ကျေးရွာထဲတွင် သျှမ်းတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့...

မူဆယ်မြို့ ဗိုလ်ကျားနက် တပ်ဖွဲ့သစ်မှ ည ၈ နာရီ အိမ်ပြင်မထွက်ရန် ထုတ်ပြန်

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဗိုလ်ကျားနက် လက်နက်ကိုင် တပ်ဖွဲ့အသစ်ပေါ်ပေါက်လာခဲ့ပြီး ပြည်သူများကို ည ၈ နာရီမှစပြီး အိမ်ပြင်မထွက်ရန် ထုတ်ပြန်ကြေညာခဲ့ကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ လက်နက်ကိုင်တပ်ဖွဲ့သစ်သည် မူဆယ်မြို့တွင် လှုပ်ရှားပြီး ပြည်သူများကို ည ၈ နာရီမှစပြီး အိမ်ပြင်မထွက်ရန် အတွက် ယနေ့ (သြဂုတ်...

ပြည်သူကို ငဲ့ညှာသည့်အနေဖြင့် SSPP မှ စစ်ကောင်စီကို ဆွေးနွေးရန် နေပြည်တော်ရောက်ရှိ

အာဏာသိမ်း စစ်ကောင်စီ နှင့် စစ်ရေးတင်းမာမှုများ ရှိနေသည့် သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ်အတွင်း ပြည်သူကို ငဲ့ညှာပြီး တိုက်ပွဲရှောင်သည့်အနေဖြင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကိုယ်စားလှယ်များ နေပြည်တော်သို့ ရောက်ရှိနေကြောင်း သတင်းသိရသည်။ ယင်းကဲ့သို့ သွားရောက်တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်ပြီး တိုက်ပွဲကြောင့် ပြည်သူများ ခက်ခဲမည့်ဖြစ်စဥ်ကို ရှောင်ရှားပြီး...

Latest news