စစ်ကောင်စီ မှ CDM ဆရာမ ( ၂ ) ဦးကို ဖမ်းဆီးစစ်ဆေး

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ ဆေးခန်းတွင် အလုပ်လုပ်နေသည့် (CDM) ဆရာမ (၂) ဦးကို စစ်ကောင်စီတပ်ဖွဲ့များက အရပ်ဝတ်ဖြင့် လာရောက်ဖမ်းဆီးခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ယမန်နေ့ (သြဂုတ် ၄) ရက် ညနေပိုင်း ၅ နာရီဝန်းကျင်တွင် စစ်ကောင်စီ တပ်ဖွဲ့မှ အင်အား (၁၀) ဦးကျော်သည် အရပ်ဝတ်ဖြင့် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဖွင့်လှစ်ထားသည့်ဆေးခန်းတွင် အလုပ်လုပ်နေသည့် (CDM) ဆရာမ (၂) ဦးကို ဖမ်းဆီးစစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း မူဆယ်မြို့ ဒေသခံ (CDM) လုပ်ထားသည့် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့ညနေပိုင်း (၄-၅) နာရီအချိန်တုန်းက စကစတွေ ရုတ်တရက် ဝင်လာပြီး ဆရာမ (၂ ) ယောက်ကို လာဖမ်းသွားတယ်။ အရပ်ဝတ် နဲ့ လာဖမ်းတာ၊ တချို့လည်း သျှမ်းဘောင်းဘီ ဝတ်ပြီးလာကြတယ်” ဟု ၎င်း အမျိုးသားတစ်ဦးက ပြောသည်။

မူဆယ် ပြည်သူ့ဆေးရုံ

အဆိုပါ ဖမ်းဆီးထားသော (CDM) ဆရာမ ( ၂ ) ဦးကို ဖမ်းဆီးခဲ့ပြီးသည့်နောက် ပြန်လည်လွှတ်ပေးရန်အတွက် ဝန်ခံကတိစာ လက်မှတ်ထိုးခဲ့ရပြီး ၎င်းဆရာမ (၂) ဦးကို ယမန့်နေ့ညတွင် ပြန်လွှတ်လာပေးခဲ့ကြောင်း သိရသည်။

“သူတို့ ဖမ်းဆီးပြီးတော့မှ ပြန်လွှတ်ပေးချင်ရင် ဝန်ခံ ကတိထိုးရတယ်လို့ ပြောတယ်။ သူတို့က ဘာအကြောင်း ဝန်ခံကတိ ထိုးခိုင်းလည်းတော့ သေချာမသိရဘူး“ ဟု ၎င်းကထပ်လောင်းပြောသည်။

ယခင်တွင် CDM ဝန်ထမ်းများကို ဖမ်းဆီးပါက ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံ အကြောင်းကြားခဲ့ပြီး လာရောက်ဖမ်းဆီးခဲ့ရာ ယခုနောက်ပိုင်းတွင် ရုတ်တရက်ဝင်ရောက်ဖမ်းဆီးမှု ပြုလုပ်လာခဲ့ကြသည်။

“အရင်က သူတို့ဖမ်းမယ်ဆိုရင် ရပ်ကွက်ရွာသူကြီးကို အကြောင်းကြားရတယ်၊ အခုက သူတို့အရပ်ဝတ်နဲ့ပဲ လာဖမ်းတယ်။ အခုမူဆယ်မြို့မှာ (CDM) လုပ်တဲ့သူတွေလည်း ထွက်ပြေးနေရတယ်။ တချို့တွေတော့ လုံခြုံရေးအတွက် စိတ်ပူနေတယ်“ ဟု ၎င်း ဒေသခံတစ်ဦးက ပြောသည်။

သြဂုတ် (၁) ရက်တွင် မီးပွိုင့်အနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ပြည်သူ (၂) ဦး သေဆုံးခဲ့ကာ ပြည်သူ့စစ်အပါအဝင် ယာဉ်ထိန်းရဲ (၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ၊ ဩဂုတ် ၂ ရက်တွင်လည်း ပြည်သူ့စစ် ၂ ဦး ထပ်မံပစ်ခတ်ခံရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပန်ဆိုင်း(ကြူကုတ်)တွင် MNDAA တပ်သားသစ်ထပ်ကောက်၊ TNLA တပ်သားဟောင်းများကိုပါ စည်းရုံးနေ

0
သျှမ်းပြည် မူဆယ်မြို့နယ်ရှိ ပန်ဆိုင်း(ကြူကုတ်)မြို့ဘက်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ တပ်သားသစ် ထပ်မံကောက်ခံနေပြီး TNLA တပ်သားဟောင်းများကိုပါ လိုက်လံစည်းရုံးနေကြောင်း စုံစမ်းသိရသည်။ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် မူဆယ်မြို့နယ် ပန်ဆိုင်း(ကြူကုတ်)မြို့နှင့် မုံးကိုးမြို့ရှိ ကျေးရွာများဘက်တွင် ဧပြီလကုန်ပိုင်းမှ စတင်၍ မေလလယ်အထိ MNDAA လက်အောက်ခံ တာဝန်ရှိသူများမှ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...