Wednesday, January 28, 2026

စစ်ကောင်စီ မှ CDM ဆရာမ ( ၂ ) ဦးကို ဖမ်းဆီးစစ်ဆေး

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ ဆေးခန်းတွင် အလုပ်လုပ်နေသည့် (CDM) ဆရာမ (၂) ဦးကို စစ်ကောင်စီတပ်ဖွဲ့များက အရပ်ဝတ်ဖြင့် လာရောက်ဖမ်းဆီးခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ယမန်နေ့ (သြဂုတ် ၄) ရက် ညနေပိုင်း ၅ နာရီဝန်းကျင်တွင် စစ်ကောင်စီ တပ်ဖွဲ့မှ အင်အား (၁၀) ဦးကျော်သည် အရပ်ဝတ်ဖြင့် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဖွင့်လှစ်ထားသည့်ဆေးခန်းတွင် အလုပ်လုပ်နေသည့် (CDM) ဆရာမ (၂) ဦးကို ဖမ်းဆီးစစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း မူဆယ်မြို့ ဒေသခံ (CDM) လုပ်ထားသည့် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့ညနေပိုင်း (၄-၅) နာရီအချိန်တုန်းက စကစတွေ ရုတ်တရက် ဝင်လာပြီး ဆရာမ (၂ ) ယောက်ကို လာဖမ်းသွားတယ်။ အရပ်ဝတ် နဲ့ လာဖမ်းတာ၊ တချို့လည်း သျှမ်းဘောင်းဘီ ဝတ်ပြီးလာကြတယ်” ဟု ၎င်း အမျိုးသားတစ်ဦးက ပြောသည်။

မူဆယ် ပြည်သူ့ဆေးရုံ

အဆိုပါ ဖမ်းဆီးထားသော (CDM) ဆရာမ ( ၂ ) ဦးကို ဖမ်းဆီးခဲ့ပြီးသည့်နောက် ပြန်လည်လွှတ်ပေးရန်အတွက် ဝန်ခံကတိစာ လက်မှတ်ထိုးခဲ့ရပြီး ၎င်းဆရာမ (၂) ဦးကို ယမန့်နေ့ညတွင် ပြန်လွှတ်လာပေးခဲ့ကြောင်း သိရသည်။

“သူတို့ ဖမ်းဆီးပြီးတော့မှ ပြန်လွှတ်ပေးချင်ရင် ဝန်ခံ ကတိထိုးရတယ်လို့ ပြောတယ်။ သူတို့က ဘာအကြောင်း ဝန်ခံကတိ ထိုးခိုင်းလည်းတော့ သေချာမသိရဘူး“ ဟု ၎င်းကထပ်လောင်းပြောသည်။

ယခင်တွင် CDM ဝန်ထမ်းများကို ဖမ်းဆီးပါက ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံ အကြောင်းကြားခဲ့ပြီး လာရောက်ဖမ်းဆီးခဲ့ရာ ယခုနောက်ပိုင်းတွင် ရုတ်တရက်ဝင်ရောက်ဖမ်းဆီးမှု ပြုလုပ်လာခဲ့ကြသည်။

“အရင်က သူတို့ဖမ်းမယ်ဆိုရင် ရပ်ကွက်ရွာသူကြီးကို အကြောင်းကြားရတယ်၊ အခုက သူတို့အရပ်ဝတ်နဲ့ပဲ လာဖမ်းတယ်။ အခုမူဆယ်မြို့မှာ (CDM) လုပ်တဲ့သူတွေလည်း ထွက်ပြေးနေရတယ်။ တချို့တွေတော့ လုံခြုံရေးအတွက် စိတ်ပူနေတယ်“ ဟု ၎င်း ဒေသခံတစ်ဦးက ပြောသည်။

သြဂုတ် (၁) ရက်တွင် မီးပွိုင့်အနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ပြည်သူ (၂) ဦး သေဆုံးခဲ့ကာ ပြည်သူ့စစ်အပါအဝင် ယာဉ်ထိန်းရဲ (၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ၊ ဩဂုတ် ၂ ရက်တွင်လည်း ပြည်သူ့စစ် ၂ ဦး ထပ်မံပစ်ခတ်ခံရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...