ကျောက်မဲ ဒေသခံအယောက် ၂၀ ကျော်ကို TNLA တပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွား

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်းမှ ဒေသခံ အယောက် ၂၀ ကျော်ကို တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တပ်ဖွဲ့မှ လာရောက်ဖမ်းဆီးခြင်း ခေါ်ဆောင်သွားကြောင်း သတင်းသိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၉ ရက် ည ၁၁ နာရီဝန်းကျင်တွင် ကျောက်မဲမြို့နယ် အုမ်းငန်းကျေးရွာအုပ်စု ပန်စံ ကျေးရွာအတွင်းသို့ အင်အား ၃၀ ခန့်ရှိသည့် TNLA စစ်သားများ ဝင်ရောက်လာပြီး ဒေသခံများကို လာရောက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း တအောင်းအမျိုးသား ပညာရေးကော်မတီ (TNEC) မှ သျှမ်းသံတော်ဆင့်ကို အတည်ပြု ပြောဆိုသည်။

TNLA တပ်သား

“ဒေသခံ အယောက် ၂၀ ကျော်ကို စစ်သားသစ်အတွက် စာရင်းပါတဲ့သူတွေကို လာဖမ်းတယ်လို့ပြောပါတယ်၊ သတင်းတွေမှာပါတဲ့အတိုင်း TNEC ဆရာမပါ အဖမ်းခံရတယ်ဆိုတော့ မဟုတ်ဘူး၊ သူ့အမျိုးသားကို ဖမ်းသွားတာလို့ ကျမတို့ သတင်း သိရပါတယ်” ဟု TNEC မှ ဒု-ဥက္ကဌ က သျှမ်းသံတော်ဆင့်ကို ပြောသည်။

TNLA တပ်သားများသည် ဒေသခံများကို ဝင်ရောက်ဖမ်းဆီးချိန်တွင် နေအိမ်တံခါးများကို ကန်ဖွင့်ကာ အတင်းဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး TNEC ကျောင်းဆရာမ၏ အမျိုးသားဖြစ်သူကို လာဖမ်းစဥ်တွင် ဗီဒီယိုရိုက်သည့်အတွက် ဆရာမကိုပါ ရိုက်နှက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

“TNLA တွေက တပ်သားသစ် အတွက်လူကောက်တာတဲ့၊ ဒါပေမဲ့ ဆရာမ အမျိုးသားက စစ်သားလုပ်ရမဲ့ စာရင်းထဲမှာ မပါတော့ သူ့အမျိုးသားကို ဘာလို့ လာဖမ်းလဲဆိုတာကို မေးရင်းဗီဒီယိုပါရိုက်တာ၊ အခုက ကွန်စလန်းမှာ အဖမ်းခံထားရတယ်လို့ သတင်းရပါတယ်”ဟု အမည်မဖော်လိုသူ အုမ်းငန်းကျေးရွာခံ အမျိုးသားတစ်ဦးက ပြောသည်။

ယင်းကိစ္စဖြစ်စဥ်နှင့် ပတ်သက်ပြီး အလှည့်ကျသည့် ဒေသခံများကိုသာ ဖမ်းဆီးခေါ်ဆောင်ခြင်း သာဖြစ် ကြောင်း၊ အမျိုးသမီး နှင့် TNEC ဆရာမကို ဖမ်းဆီးခြင်းအကြောင်းကို မသိရှိရကြောင်း TNLA ၏ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူး တားအိုက်ကျော်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော်တို့ လှုပ်ရှားနယ်မြေထဲမှာ အသက် ၁၈ နှစ်ပြည့် သားယောင်္ကျားလေးနှစ်ယောက်ရှိတဲ့ ပလောင် လူမျိုးတွေကိုပဲ ကောက်တာပါ၊ အုမ်းငန်းရွာမှာ ဖြစ်သွားတဲ့ကိစ္စက စစ်သားကောက်ဖို့ အလှည့်ကျတဲ့ ဒေသခံနဲ့ ခွင့်ရက်လွန်ပြီး ပြန်မလာတဲ့ တပ်သားတွေကို ပြန်ခေါ်တာလို့သိရပါတယ်၊ အမျိုးသမီးနဲ့ TNEC ကိစ္စကိုတော့ ကျနော်မသိရဘူး” ဟု ဗိုလ်မှူး တားအိုက်ကျော်က ပြောသည်။

ထို့အတူပင် ယခုနှစ် ဖေဖော်ဝါရီမှ ဇူလိုင်လအထိ ကျောက်မဲမြို့နယ်၊ လွယ်ကုံကျေးရွာအတွင်း TNLA တပ်သားသစ် စုဆောင်းမှုများကြောင့် ဒေသခံများသည် ထိုင်းနိုင်ငံဘက်ခြမ်းထိ ထွက်ပြေးနေရကြောင်းလည်း သတင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...