Thursday, January 29, 2026

ကျောက်မဲ ဒေသခံအယောက် ၂၀ ကျော်ကို TNLA တပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွား

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်းမှ ဒေသခံ အယောက် ၂၀ ကျော်ကို တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တပ်ဖွဲ့မှ လာရောက်ဖမ်းဆီးခြင်း ခေါ်ဆောင်သွားကြောင်း သတင်းသိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၉ ရက် ည ၁၁ နာရီဝန်းကျင်တွင် ကျောက်မဲမြို့နယ် အုမ်းငန်းကျေးရွာအုပ်စု ပန်စံ ကျေးရွာအတွင်းသို့ အင်အား ၃၀ ခန့်ရှိသည့် TNLA စစ်သားများ ဝင်ရောက်လာပြီး ဒေသခံများကို လာရောက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း တအောင်းအမျိုးသား ပညာရေးကော်မတီ (TNEC) မှ သျှမ်းသံတော်ဆင့်ကို အတည်ပြု ပြောဆိုသည်။

TNLA တပ်သား

“ဒေသခံ အယောက် ၂၀ ကျော်ကို စစ်သားသစ်အတွက် စာရင်းပါတဲ့သူတွေကို လာဖမ်းတယ်လို့ပြောပါတယ်၊ သတင်းတွေမှာပါတဲ့အတိုင်း TNEC ဆရာမပါ အဖမ်းခံရတယ်ဆိုတော့ မဟုတ်ဘူး၊ သူ့အမျိုးသားကို ဖမ်းသွားတာလို့ ကျမတို့ သတင်း သိရပါတယ်” ဟု TNEC မှ ဒု-ဥက္ကဌ က သျှမ်းသံတော်ဆင့်ကို ပြောသည်။

TNLA တပ်သားများသည် ဒေသခံများကို ဝင်ရောက်ဖမ်းဆီးချိန်တွင် နေအိမ်တံခါးများကို ကန်ဖွင့်ကာ အတင်းဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး TNEC ကျောင်းဆရာမ၏ အမျိုးသားဖြစ်သူကို လာဖမ်းစဥ်တွင် ဗီဒီယိုရိုက်သည့်အတွက် ဆရာမကိုပါ ရိုက်နှက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

“TNLA တွေက တပ်သားသစ် အတွက်လူကောက်တာတဲ့၊ ဒါပေမဲ့ ဆရာမ အမျိုးသားက စစ်သားလုပ်ရမဲ့ စာရင်းထဲမှာ မပါတော့ သူ့အမျိုးသားကို ဘာလို့ လာဖမ်းလဲဆိုတာကို မေးရင်းဗီဒီယိုပါရိုက်တာ၊ အခုက ကွန်စလန်းမှာ အဖမ်းခံထားရတယ်လို့ သတင်းရပါတယ်”ဟု အမည်မဖော်လိုသူ အုမ်းငန်းကျေးရွာခံ အမျိုးသားတစ်ဦးက ပြောသည်။

ယင်းကိစ္စဖြစ်စဥ်နှင့် ပတ်သက်ပြီး အလှည့်ကျသည့် ဒေသခံများကိုသာ ဖမ်းဆီးခေါ်ဆောင်ခြင်း သာဖြစ် ကြောင်း၊ အမျိုးသမီး နှင့် TNEC ဆရာမကို ဖမ်းဆီးခြင်းအကြောင်းကို မသိရှိရကြောင်း TNLA ၏ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူး တားအိုက်ကျော်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော်တို့ လှုပ်ရှားနယ်မြေထဲမှာ အသက် ၁၈ နှစ်ပြည့် သားယောင်္ကျားလေးနှစ်ယောက်ရှိတဲ့ ပလောင် လူမျိုးတွေကိုပဲ ကောက်တာပါ၊ အုမ်းငန်းရွာမှာ ဖြစ်သွားတဲ့ကိစ္စက စစ်သားကောက်ဖို့ အလှည့်ကျတဲ့ ဒေသခံနဲ့ ခွင့်ရက်လွန်ပြီး ပြန်မလာတဲ့ တပ်သားတွေကို ပြန်ခေါ်တာလို့သိရပါတယ်၊ အမျိုးသမီးနဲ့ TNEC ကိစ္စကိုတော့ ကျနော်မသိရဘူး” ဟု ဗိုလ်မှူး တားအိုက်ကျော်က ပြောသည်။

ထို့အတူပင် ယခုနှစ် ဖေဖော်ဝါရီမှ ဇူလိုင်လအထိ ကျောက်မဲမြို့နယ်၊ လွယ်ကုံကျေးရွာအတွင်း TNLA တပ်သားသစ် စုဆောင်းမှုများကြောင့် ဒေသခံများသည် ထိုင်းနိုင်ငံဘက်ခြမ်းထိ ထွက်ပြေးနေရကြောင်းလည်း သတင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...
Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...