ပင်လုံမြို့အနီး လက်နက်ကိုင်တပ်ဖွဲ့များ ဝင်ရောက်လာ တပ်သားသစ်စုဆောင်းမှာကို ပြည်သူများစိုးရိမ်

သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့အနီးဝန်းကျင်တွင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ ဝင်ရောက်လာသဖြင့် ပြည်သူများက တပ်သားသစ် စုဆောင်းမည်ကို စိုးရိမ်နေကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဩဂုတ် ၃) ရက် ည ၉ နာရီ ဝန်းကျင်တွင် ပင်လုံမြို့ နှင့် နီးစပ်သည့် ဟိုင်းနန်းကျေးရွာအုပ်စု ဝမ်မိုင်ကျေးရွာထဲတွင် သျှမ်းတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ တစ်ခုက ဝင်ရောက်လာသဖြင့် ပြည်သူများ မြို့ထဲသို့ ရုတ်တရက်ပြောင်းရွှေ့ ရကြောင်း ပင်လုံမြို့ခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“စိုးရိမ်တာပေါ့။ သူတို့ လာဖမ်းသွားမှာကို စိုးရိမ်တယ်လေ။ မနေ့က အဲ့ရွာကလူတွေ ကြောက်ကြလို့ပဲ မြို့ထဲမှာ လာအိပ်ကြတာ။ လူငယ်၊ ကလေးတွေ အများကြီးပဲ မြို့ထဲလာနေကြတာ။ ပြီးတော့ ရွာကလူတွေတော်တော်များများ ရွှေ့နေပြီ” ဟု ပင်လုံမြို့ ဒေသခံ အမျိုးသားတစ်ဦးကပြောသည်။

ပင်လုံမြို့

ယမန်နေ့က ပင်လုံမြို့သို့ ဝင်ရောက်လာခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်သည် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ဖြစ်ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

“ဟုတ်တယ်။ အဲ့ဘက်ထဲဝင်လာတယ်လို့ကြားတယ်။ ကြောက်ဖို့ကောင်းလိုက်တာ။ ဝင်လာဖမ်းတာမျိုးတော့ မရှိဘူး။ သူတို့ဝင်လာတာက မြို့နဲ့ အရမ်းနီးနေပြီးလေ။ မြို့ထဲလို့တောင်ပြောလို့ရတာပေါ့။ လာတာတော့ SSPP/SSA တပ်ဖွဲ့လို့ပြောတယ်။ သူတို့တပ်ဖွဲ့က အဲ့ဘက်မှာအများကြီးရှိထားတယ်” ဟု ပင်လုံမြို့ ဒေသခံအမျိုးသားတစ်ဦး ကပြောသည်။

လက်ရှိတွင် သျှမ်းတောင် လွိုင်လင်ခရိုင် ပင်လုံမြို့၊ လဲချားမြို့ နှင့် မိုင်းကိုင်မြို့တွင်ရှိ သျှမ်းလက်နက်ကိုင် တပ်ဖွဲ့ ၂ ဖွဲ့မှ တပ်သားသစ် စုဆောင်းနေခြင်းကြောင့် ဒေသခံများက ကျေးရွာမှထွက်ခွာပြီး အိမ်နီးချင်းနိုင်ငံသို့ ထွက်ပြေးနေကြောင်း သိရသည်။

“ အခု လူငယ်တွေအများကြီး ထွက်ပြေးကုန်ကြတယ်။ တားလို့တောင်မရတော့ဘူး။ ကျေးရွာကလူဆိုလည်း မြို့ထဲမှာ သွားနေကြတယ်။ တစ်ချို့ကလည်း ထိုင်းနိုင်ငံဘက်ကို ထွက်သွားကြတယ်။ လူတွေတောင် သိပ်မရှိတော့ဘူး” ဟု လဲချားမြို့နယ်အတွင်း ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

သျှမ်းပြည်တောင်ပိုင်း် ပင်လုံမြို့ဘက်တွင် SSPP/SSA တို့က သွားလာလှုပ်ရှားသည့် နေရာဖြစ်ပြီး၊ လဲချားမြို့နယ်ဘက်တွင် (RCSS/SSA) သွားလာလှုပ်ရှားကာ၊ မိုင်းကိုင်ဘက်တွင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့က ရှိနေကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တရုတ်ဖိအားကြောင့် မူဆယ် ခိုတိန်ကျားဖြန့်ဝန်းကို SSPP စီးနင်း၊ ဟန်ပြလုပ်ဆောင်မှုဟု ဒေသခံများ ဝေဖန်

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း အခြေစိုက်သည့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) ဝန်းတစ်ခုကို သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့တွင် မူဆယ်မြို့နယ် မော်တောင်းကျေးရွာအုပ်စုရှိ ခိုတိန်ရွာ ကျားဖြန့်ဝန်းကို SSPP က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါစီးနင်းမှုအတွင်း သျှမ်း၊...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

နေပြည်တော်တွင် SSPP နှင့် NSPNC တွေ့ဆုံစဉ် မိုးမိတ်ရှိ SSPP ဆက်နွှယ်သူဟု စွပ်စွဲခံရပြီး နေအိမ်ဖျက်ဆီးခံရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူနေအိမ်(၂) လုံးကို SSPP နှင့် ဆက်နွှယ်သည်ဟု စွပ်စွဲကာ စစ်တပ်ဘက်က လာရောက်ဖျက်ဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၇ ရက် နံနက်ပိုင်း ၉ နာရီခန့်တွင် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူများ၏ နေအိမ်ကို SSPP နှင့် ပတ်သက်ဆက်နွယ်သည်ဟု...

မိုင်းရှူးမြို့တွင်း ပေါ်တာဆွဲသတင်းကြောင့် ဒေသခံ စိုးရိမ်မှုဖြစ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်က ပြည်သူ့စစ်မှုထမ်းရန် ပေါ်တာဆွဲခံနေရဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။ လက်ရှိ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်၏ ပြည်သူ့စစ်မှုထမ်း ကိစ္စနှင့် ပတ်သက်၍ အမည်စာရင်းတွင် ပါဝင်နေသူများအနေဖြင့် ပေါ်တာဆွဲ ဖမ်းဆီးခံနေရသည်ဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြ‌ရကြောင်း...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...