ပြည်သူကို ငဲ့ညှာသည့်အနေဖြင့် SSPP မှ စစ်ကောင်စီကို ဆွေးနွေးရန် နေပြည်တော်ရောက်ရှိ

အာဏာသိမ်း စစ်ကောင်စီ နှင့် စစ်ရေးတင်းမာမှုများ ရှိနေသည့် သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ်အတွင်း ပြည်သူကို ငဲ့ညှာပြီး တိုက်ပွဲရှောင်သည့်အနေဖြင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကိုယ်စားလှယ်များ နေပြည်တော်သို့ ရောက်ရှိနေကြောင်း သတင်းသိရသည်။

ယင်းကဲ့သို့ သွားရောက်တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်ပြီး တိုက်ပွဲကြောင့် ပြည်သူများ ခက်ခဲမည့်ဖြစ်စဥ်ကို ရှောင်ရှားပြီး ဆွေးနွေးညှိနှိုင်းရေးဖြင့် ဖြေရှင်းရန် တွေ့ဆုံဆွေးနွေးခြင်းဖြစ်ကြောင်း SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ဖုန်းဟန်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော်တို့က ပြည်သူတွေရဲ့ အခက်အခဲနဲ့ ထိခိုက်နစ်နာမှုကိုရှေးရှုပြီး တိုက်ပွဲကို တိုက်နိုင်သမျှရှောင်တယ်၊ ဒါကြောင့် ဆွေးနွေးညှိနှိုင်းမှုကို လက်ခံခဲ့တာပေါ့” ဟု ဗိုလ်မှူးဖုန်းဟန်က ပြောသည်။

စစ်ကောင်စီ နှင့် ဆွေးနွေးရန်အတွက် ဒုဥက္ကဌ (၁) ဗိုလ်ချုပ်ကြီး ခေးတိုင်းနှင့် ဒုဥက္ကဌ (၂) ဗိုလ်ချုပ် ခွန်ဆိုင် တို့က ဦးဆောင်သည့် SSPP ကိုယ်စားလှယ် အဖွဲ့ဝင် စုစုပေါင်း ၁၀ ဦး ဝန်းကျင်သည် ယမန်နေ့ သြဂုတ်လ ၂ ရက်နေ့တွင် နေပြည်တော် သို့ ရောက်ရှိခဲ့ကြောင်း သတင်းသိရသည်။

နေပြည်တော်သို့ ရောက်ရှိနေသည့် SSPP တပ်ဖွဲ့

SSPP ကိုယ်စားလှယ်အဖွဲ့များသည် မနက်ဖြန် သြဂုတ်လ ၄ ရက်နေ့တွင် စစ်ကောင်စီခေါင်းဆောင်နှင့် စတင် တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ နှင့် ဆက်လက် တွေ့ဆုံဆွေးနွေးမည့်အကြောင်းလည်း ဗိုလ်မှူးဖုန်းဟန်က ပြောသည်။

“ကျနော်တို့ အနေနဲ့ win- win solution ဖြစ်တဲ့ ဆွေးနွေးညှိနှိုင်းမှုကိုပဲ မျှော်လင့်နေတာပါ၊ ဒီလိုဖြစ်မှပဲ ဆွေးနွေးညှိနှိုင်းခြင်း ပီသမှာလို့ ယုံကြည်တယ်၊ ဆွေးနွေးရမယ့် ဖြစ်စဥ်နဲ့ အသေးစိတ်အချက်အလက်တွေတော့ နောက်မှ ထုတ်ပြန်ပေးပါ့မယ်” ဟု ဗိုလ်မှူးဖုန်းဟန်က ပြောသည်။

SSPP ကိုယ်စားလှယ်များ နေပြည်တော်သို့ မသွားမှီအချိန်တွင် စစ်ကောင်စီမှ သျှမ်းပြည်အခြေစိုက် တိုင်းမှူးများသည် စစ်ရေးကွပ်ကဲရန် မိုင်းရှူးမြို့နယ်အနီးတစ်ဝိုက်သို့ ရောက်ရှိလာပြီး စစ်ရေးတင်းမာမှု မြင့်တက်လာခဲ့သော်လည်း လက်ရှိတွင် မိုင်းရှူးမြို့နယ်အတွင်းမှ ဆုတ်ခွာပြီး SSPP/SSA နှင့် စစ်ရေးတင်းမာမှုကို ဖြေလျှော့နေကြောင်း သတင်းသိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၈ ရက်နေ့တွင်လည်း SSPP နှင့် စစ်ကောင်စီတို့ စစ်ဆင်ရေးမြင့်တက်နေသည့် မိုင်းရှူးမြို့နယ် အတွင်း အရပ်သား မောင်းလာသည့် ကားကို စစ်ကောင်စီ မှ သေနတ်ဖြင့် ပစ်ခတ်လိုက်သဖြင့် ကားပေါ်ပါလာသော မိသားစု (၃) ဦးစလုံး သေဆုံးသွားခဲ့ ရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းရှူးမြို့တွင်း ပေါ်တာဆွဲသတင်းကြောင့် ဒေသခံ စိုးရိမ်မှုဖြစ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်က ပြည်သူ့စစ်မှုထမ်းရန် ပေါ်တာဆွဲခံနေရဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။ လက်ရှိ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်၏ ပြည်သူ့စစ်မှုထမ်း ကိစ္စနှင့် ပတ်သက်၍ အမည်စာရင်းတွင် ပါဝင်နေသူများအနေဖြင့် ပေါ်တာဆွဲ ဖမ်းဆီးခံနေရသည်ဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြ‌ရကြောင်း...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

SSPP ကိုယ်စားလှယ်အဖွဲ့နှင့် NSPNC နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် အသွင်ပြောင်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇွန်လ ၁၂ ရက်) နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ SSPP ဒုဥက္ကဋ္ဌဖြစ်သူ...