မိုးမိတ်မြို့နယ် ထပ်တိုး PDF တပ်ဖွဲ့ နှင့် စစ်ကောင်စီတို့ တစ်နာရီ နီးပါး တိုက်ပွဲဖြစ်

သျှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ်အတွင်းတွင် ထပ်တိုးရောက်ရှိလာသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ဖွဲ့ နှင့် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့တို့သည် တစ်နာရီ နီးပါးကြာအောင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။

ယမန်နေ့ (သြဂုတ် ၃) ရက် မွန်းလွဲပိုင်း ၁ နာရီကျော် မှ ၂ နာရီကျော် အထိ မိုးမိတ်မြို့အဝင်နားရှိ ညောင်ပင်ဆောက်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ အသက် ၄၀ ဝန်းကျင်ရှိ ဒေသခံ အမျိုးသားတစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သပိတ်ကျင်း ဘက်ကနေ တက်လာတဲ့ PDF တပ်ဖွဲ့တစ်ခုက မိုးကုတ်ကို အရင်ရောက်တယ်၊ မိုးကုတ်ကနေ မိုးမိတ်မြို့ထဲကို ရောက်လာပြီး မြို့အဝင်နားရှိတဲ့ စကစ က တပ်ရင်းအမှတ် (၃၄၈) နဲ့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာ၊ PDF အင်အားက ၂၀၀ ကျော် လောက်ရှိတယ်” ဟု ၎င်းဒေသခံက ပြောသည်။

မိုးမိတ်မြို့

အဆိုပါ စစ်ကောင်စီ နှင့် တိုက်ပွဲဖြစ်ပွားသည့် PDF တပ်ဖွဲ့သည် မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်မှ တစ်ဆင့် မိုးကုတ်မြို့နယ် ထိုမှတစ်ဆင့် မိုးမိတ်မြို့နယ်အတွင်းသို့ ရောက်ရှိလာကြောင်းလည်း ဒေသခံများထံမှ သတင်းသိရသည်။

မိုးမိတ်မြို့နယ်အတွင်းတွင် လက်နက်ကိုင်တပ်ဖွဲ့ ထပ်တိုးလာခြင်းနှင့် ပတ်သက်ပြီး မြေပြန့်ဒေသ (သပိတ်ကျင်း) တွင် စစ်ကောင်စီတို့၏ ဖိနှိပ်နှိမ်နင်းမှု ပြင်းထန်လာသည့် အတွက် PDF တပ်ဖွဲ့များ အနေကြပ်ကာ သျှမ်းပြည်အတွင်း ရောက်လာခြင်း ဖြစ်နိုင်ကြောင်းလည်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောဆိုသုံးသပ်ထားသည်။

“ဖြစ်နိုင်တာက သူတို့နယ်ထဲမှာ စစ်ကောင်စီက ဖိနှိပ်မှု တင်းကြပ်လာပြီး လှုပ်ရှားရခက်လို့ ဒီဘက်ကို ရှောင်လာ သလားလို့ ထင်မိပါတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ မိုးမိတ်မြို့နယ်အတွင်း လက်နက်ကိုင် တပ်ဖွဲ့နောက်တစ်ခု ထပ်တိုးလာတာတော့ စိုးရိမ်စရာကောင်းပါတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိ မိုးမိတ်မြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့ တပ်မ ၉၉ လက်အောက်ခံ တပ်ရင်းအမှတ် ၂၂၃၊ ၂၇၆၊ ၃၄၈ အပြင် တအာင်း(ပလောင်) အမျိုးသားတပ်မတော် TNLA၊ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ၊ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်ဖွဲ့တို့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့လည်း သွားလာ လှုပ်ရှားနေကြောင်း သတင်းသိရသည်။

စစ်ကောင်စီ မှ နိုင်ငံတော် အာဏာသိမ်းပြီးနောက်ပိုင်းတွင် PDF တပ်ဖွဲ့များ အပြင် သျှမ်းပြည်အတွင်းမှ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့နှင့်လည်း မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းရှူးမြို့တွင်း ပေါ်တာဆွဲသတင်းကြောင့် ဒေသခံ စိုးရိမ်မှုဖြစ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်က ပြည်သူ့စစ်မှုထမ်းရန် ပေါ်တာဆွဲခံနေရဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။ လက်ရှိ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်၏ ပြည်သူ့စစ်မှုထမ်း ကိစ္စနှင့် ပတ်သက်၍ အမည်စာရင်းတွင် ပါဝင်နေသူများအနေဖြင့် ပေါ်တာဆွဲ ဖမ်းဆီးခံနေရသည်ဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြ‌ရကြောင်း...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မူဆယ်-နမ့်ခမ်းလမ်း KIA စစ်ဆေးရေးဂိတ်တွင် ကားဘီးခွန် ကောက်ခံနေ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် ( KIA ) စစ်ဆေးရေးဂိတ်တွင် နေ့စဉ်ဖြတ်သန်းသွားလာနေသည့် ကားဘီးခွန် ကောက်ခံ နေကြောင်း သတင်း ရရှိသည်။ ပြီးခဲ့သည့် ဇူလိုင် ၂ ရက်တွင် မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ နမ့်လျှန်ကျေးရွာ အနီးတွင် KIA စစ်ဆေးရေးဂိတ်ကို...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...