ရွာငံမြို့နယ်အတွင်း စစ်ကောင်စီတွေက အရပ်ဝတ် နှင့် သွားလာလှုပ်ရှားနေ

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်အတွင်း လှုပ်ရှားနေသည့် အာဏာသိမ်း စစ်ကောင်စီတပ်သားများသည် အရပ်ဝတ်များဖြင့်သာ သွားလာလှုပ်ရှားနေလျက်ရှိကြောင်း သတင်းသိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ နောင်ပိုင်းမှ စတင်ကာ ရွာငံမြို့နယ်ရှိ နာဘန်းကြီးကျေးရွာအုပ်စုအတွင်းတွင် စစ်ကောင်စီ တပ်သားတို့သည် ဒေသခံရွာသားများအသွင်ယူကာ အရပ်ဝတ်ဖြင့် PDF အကြောင်း၊ PDF ချိတ်ဆက်သူများကို လိုက်လံစုံစမ်းနေကြောင်း သတင်းသိရသည်။

“မသိရင်တော့ တကယ့်ဒေသခံတွေလိုပါပဲ၊ ဘောလုံးဘောင်းဘီနဲ့ စွပ်ကျယ်တွေပဲ ဝတ်ပြီး ရိုးရိုးဦးထုပ်တွေဆောင်းကြတော့ သူတို့ယာခြံသွားတော့ မလိုလို ထင်ရတယ်၊ ရွာသားတွေနဲ့ တွေ့မိရင် PDF အကြောင်းတွေ မေးတာ၊ သူတို့ဘာသာလည်း တောနှင်းရှာတယ်” ဟု နာဘန်းကြီးကျေးရွာအုပ်စုမှ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီမှ ပြည်သူနေအိမ်များ ဝင်ရောက်မွေနှောက်

ထို့အပြင် နာဘန်းကြီးကျေးရွာတွင် စခန်းချ နေသည့် စစ်ကောင်စီတပ်သားတို့သည် စစ်တပ်သတင်းပေးမှ ရရှိသည့် အချက်အလက်များအတိုင်း ဒေသခံများကို လိုက်လံဖမ်းဆီးရာ သြဂုတ် ၁ ရက်တွင် ဈေးသည်အမျိုးသမီးနှစ်ဦး အပါအဝင် နွားကွေ့ကျေးရွာမှ ဒေသခံ အမျိုးသားနှစ်ဦး ဖမ်းဆီးခံရကြောင်းလည်း သတင်းသိရသည်။

“စစ်တပ်သတင်းပေးတွေ ပြောတဲ့အတိုင်းလိုက်ဖမ်းနေတော့ အပြစ်မရှိတဲ့ ဒေသခံပြည်သူတွေ ဖမ်းဆီးခံနေရတာ တော်တော်များနေပြီဗျ၊ နွားကွေ့ရွာ နှစ်ဦး ဖမ်းဆီးခံရတယ်၊ ပြီးတော့ ဈေးသည် အမျိုးသမီးနှစ်ဦးလည်း PDF ကိုထောက်ပံ့ပေးလို့ဆိုပြီး ဖမ်းခံရတယ်လို့ သတင်းရတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

စစ်ကောင်စီတပ်သားများ သောင်းကျန်းမှုကြောင့် ရွာငံမြို့နယ်အတွင်းတွင် ရွာလုံးကျွတ် ထွက်ပြေးရသည့် ကျေးရွာများရှိနေသည်။

ထို့အပြင် လူသားချင်းစာနာထောက်ထားမှုအနေဖြင့် စားနပ် ရိက္ခာနှင့် အဝတ်အစားများလာရောက်ကူညီသည့် ပရဟိတအဖွဲ့အစည်းများကိုလည်း စစ်ကောင်စီတပ်သားများက သေနတ်ပြ တားမြစ်ပိတ်ပင်ခြင်းများလည်း ရှိနေကြောင်း သိရသည်။

စစ်တပ်မှ နိုင်ငံတော်အာဏာသိမ်းပြီးနောက်ပိုင်းတွင် သျှမ်းပြည်အပါအဝင် တစ်နိုင်ငံလုံးက တရားဥပဒေ စိုးမိုးမှုများလည်း ကင်းမဲ့နေပြီး ဒေသခံပြည်သူများက လုံခြုံရေးကင်းမဲ့သလို စိုးရိမ်စိတ်ဖြင့် နေထိုင်ကြရကြောင်း ဝေဖန်ပြောဆိုနေကြသည်။

ရွာငံမြို့နယ်အတွင်း စစ်ကောင်စီမှ ဖျက်ဆီးမွေနှောက် လုယက်မှု ပြုသည့် နေအိမ် ၆ လုံးရှိနေပြီး မီးရှို့ဖျက်စီးခံလိုက်ရသည့် ပြည်သူ့နေအိမ်ပေါင်း ၇ လုံး ရှိနေကြောင်းလည်း ရှမ်းလူ့အခွင့်အရေး မဏ္ဌိုင် SHRF မှ မေလ ၁၁ ရက်စွဲဖြင့် ထုတ်ပြန်ပြောဆိုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံ စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့ ထိတွေ့မှုရှိ၊ ဒေသခံများကို စစ်ဆေးမှု ပိုတင်းကျပ်လာ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေပြီး၊ စစ်တပ်က ဒေသခံများကို သွားလာမှု ကန့်သတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ နောက်ဆုံးပတ်တွင် ရွာငံမြို့နယ် ဆတ်ခြံကျေးရွာနှင့် တောင်ဦးကျေးရွာကြားတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးဘက်မှ ရှောင်တခင်တိုက်ခိုက်သောကြောင့် စစ်တပ်ဘက်မှ...

ရွာငံမြို့နယ် စစ်တပ် လူငယ်(၅)ဦးကို သေနတ်ပစ် တဉီးထိ၊ (၄)ဉီးရိုက်နှက်ခံရ

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် သိမ်ကုန်းကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်က အထိုင်ချ တပ်စွဲထားပြီး အသက် ၂၀အရွယ်ရှိ လူငယ် (၅)ဉီးကို သေနတ်ဖြင့် ပစ်ခတ်ကာ၊ ထိုထဲတွင် တဉီး ထိမှန်ခဲ့ပြီး ကျန်သူများကည်း ဖမ်းဆီးရိုက်နှက်မှုပြုလုပ်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများကပြောသည် သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် တောင်ဘက်ရှိ ကျေးရွာများတွင် စစ်တပ်က ရှောင်တိမ်းခိုင်းထားသော်လည်း ပစ္စည်းပျောက်မည်စိုး၍...

ရွာငံမြို့နယ် အတွင်းရှိ ကျေးရွာများကို စစ်တပ်က ၃ရက်အတွင်း အပြီးပြောင်းရွှေ့ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုရှိ ကျေးရွာများကို စစ်တပ်မှ သုံးရက်အတွင်း ပြောင်းရွှေ့ရန် အမိန့်ထုတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်မှ စပြီး ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုအပါဝင် ရွာငံတောင်ပိုင်းမှ ကျေးရွာ အများစုကို စစ်တပ်မှ ပြောင်းရွှေ့ရန် အမိန့်ပေးထားပြီးနောက် ဒေသခံများ...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ရွာငံတွင် စစ်တပ်က အရပ်သားများကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်တွင် စစ်တပ်က စစ်အင်အားအလုံးအရင်းဖြင့်ဝင်ရောက်လာပြီး အရပ်သားများကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ်အသုံးပြုနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်မှစပြီး စစ်ကော်မရှင်တပ်သည် ရွာငံမြို့နယ် မြောက်ဘက်ပိုင်းတွင် စစ်အင်အား အလုံးအရင်းဖြင့်နေစဉ် စစ်ကြောင်းထိုးပြီး၊ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် (DPLA)နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ထို့နောက် ရွာငံမြို့ မြောက်ဘက်ကျေးရွာရှိ...