Tuesday, January 27, 2026

အောင်ပန်းလမ်းခွဲဂိတ်တွင် စစ်ကောင်စီ မှ စားနပ်ရိက္ခာ နှင့်ဆေးဝါးများအပြင် ဓာတ်မြေသြဇာများ သယ်ခွင့်မပြု

သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့မှ ပင်လောင်းမြို့ သို့သွားသည့် လမ်းခွဲဂိတ်တွင် စစ်ကောင်စီတပ်ဖွဲ့များက စားနပ်ရိက္ခာများ၊ ဆေးဝါးများ နှင့် ဓာတ်မြေသြဇာများကို သယ်ယူခွင့်မပြုကြောင်း စုံစမ်းသိရသည်။

ပင်လောင်းမြို့တွင် ယခုကာလ မိုးရာသီတွင်း လယ်ယာစိုက်ပျိုးရန်အတွက် လိုအပ်သော ဓာတ်မြေသြဇာများကို စစ်ကောင်စီတပ်ဖွဲ့များက သယ်ယူခွင့်မပေးသောကြောင့် တောင်ယာလုပ်ကိုင်သူများ အခက်အခဲကြုံတွေ့နေရကြောင်း ပင်လောင်းဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပင်လောင်းမြို့

“ဆေးဝါး နဲ့ စားနပ်ရိက္ခာက (PDF) တွေကို ပံ့ပိုးမှာကြောက်လို့ သူတို့လုံလုံလောက်လောက် မပေးသယ်ဘူး။ အခုက ပုလဲ ဓာတ်မြေသြဇာကိုလည်း မပေးသယ်ဘူး၊ အခုမိုးရာသီ လယ်ယာ စိုက်ပျိုးမယ့်ချိန် သူများလိုအပ်နေချိန် သူတို့က လုံးလုံးကို မပေးသယ်ဘူး ၊ အခုလယ်လုပ်တဲ့သူတွေအတွက် အဆင်မပြေဘူး“ ဟု ၎င်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ စားနပ်ရိက္ခာများ ၊ ဆေးဝါးများ နှင့် ဓာတ်မြေသြဇာများကို သယ်ယူရန်အတွက် ကျေးရွာ ထောက်ခံစာ၊ ရဲစခန်း ထောက်ခံစာ နှင့် ဆေးရုံထောက်ခံစာများ ရှိမှသာလျှင် သယ်ယူခွင့်ပြုကြောင်းလည်း သိရသည်။

ထိုအပြင် ဆေးရုံသို့ သွားရောက်ကုသသူများကိုလည်း ကိုဗစ်ကာကွယ်ဆေးထိုးပြီးကြောင်း ထောက်ခံစာ မပါရှိသည့်ကိစ္စကိုလည်း ဖြေလျှော့ပေးရန် ပင်လောင်းကုန်သည် အမျိုးသားတစ်ဦးက တောင်းဆိုထားသည်။

“အခု သူတို့ အရမ်းတင်းကြပ်လာတော့ သွားလာတဲ့သူ နည်းလာမယ်။ တချို့ဆေးရုံသွားတက်မယ် ဆိုရင် ကိုဗစ် ထောက်ခံစာမရှိလို့ မတက်လိုက်ရဘူး၊ မသေသင့်တဲ့သူလည်း သေရတယ်။ ဖြစ်နိုင်ရင်တော့ ဆေးရုံသွားတက်မယ့်သူကို ကိုဗစ်ထောက်ခံစာမရှိလည်း ခွင့်ပြုပေးဖို့ တောင်းဆိုချင်တယ် “ ဟု ၎င်းကုန်သည် တစ်ဦးက ပြောသည်။

အလားတူ အောင်ပန်းလမ်းခွဲ ဂိတ်တွင် ည (၆) နာရီ မှ မနက် (၆) အထိ ဂိတ်တွင် အသွားအလာများကို ပိတ်ပင်ထားပါသည်။

စစ်ကောင်စီတပ်ဖွဲ့များက ဆေးဝါးများ နှင့် စားနပ်ရိက္ခာများကို လုံလုံလောက်လောက် သယ်ယူခွင့် မပေးခြင်းများ ပြုလုပ်လာရာမှ ပင်လောင်းဒေသခံများနှင့်အတူ လွယ်ကျိုင့် စစ်ဘေးရှောင် (၆၀၀) ကျော်များ ဆေးဝါးများ၏ အခက်ခဲဖြင့်ကြုံနေရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်လောင်းတွင် စစ်ဘေးရှောင်များ နေရပ်ပြန်မဲမထည့်ပါက ရွာထဲနေခွင့်မပြုဟု ရွာသူကြီးများက ဖိအားပေးနေ

0
သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် စစ်ဘေးရှောင်များအား ရောက်ရာအရပ်မှ ပြန်လာခိုင်းပြီး မဲထည့်ခိုင်းကာ မဲမထည့်ပါက နောင်တွင် ရွာထဲ၌နေခွင့်မပြုဟုဆိုကာ ရွာသူကြီးများက ဖိအားပေးနေကြောင်း ဒေသခံများက ပြောသည်။ ယနေ့ ဇန်နဝါရီလ ၂၅ ရက် နံနက်ပိုင်းမှစတင်၍ ပင်လောင်းမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အသီးသီးရှိ မဲရုံများတွင် ရွေးကောက်ပွဲ အပိုင်း...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...