စစ်ကောင်စီတိုင်းမှူးများ မိုင်းရှူးမြို့နယ်အတွင်းမှ ဆုတ်ခွာပြီး စစ်ရေးတင်းမာမှုဖြေလျှော့

သျှမ်းပြည်တောင်ပိုင်း မိုင်းရူးမြို့နယ်အတွင်း စစ်ရေးကွပ်ကဲသည့် စစ်ကောင်စီတိုင်းမှူးများသည် လက်ရှိတွင် မိုင်းရှူးမြို့နယ်အတွင်းမှ ဆုတ်ခွာပြီး SSPP/SSA နှင့် စစ်ရေးတင်းမာမှုကို ဖြေလျှော့နေကြောင်း သတင်းသိရသည်။

အဆိုပါ စစ်ကောင်စီ တိုင်းမှူးများသည် ဇူလိုင် ၂၅ ရက်တွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ)၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ရလခ) နှင့် တြိဂံဒေသတိုင်းစစ်ဌာနချုပ် (တသခ) တို့မှ တိုင်းမှူးများသည် ကား ၆ စီးဖြင့် မိုင်းရှူးမြို့နယ်သို့ ရောက်ရှိလာသည်။

ထို့နောက် ထိုတိုင်းမှုးများ ဇူလိုင် ၃၀ ရက်မှ စတင်ပြီး SSPP/SSA စခန်းအနီး အင်အားဖြည့်တင်းမှု ဖြေလျှော့လာကြောင်း ဒေသအတွင်း SSPP နှင့် နီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“၂၆ ရက်နေ့ လောက်မှာ စစ်ကောင်စီ တိုင်းမှူးကိုယ်တိုင်က ဒီမိုင်းရှူးက စစ်ကြောင်းကို ဦးစီးဖို့အတွက် ရောက်နေတဲ့ သတင်းထွက်ပြီးနောက် စစ်ဆင်ရေး စတော့မှာလိုလို စစ်ရေးတင်းမာမှုက ဆိုးခဲ့တယ်၊ တိုင်းမှူးတွေ ပြန်သွားပြီးတဲ့နောက် ဇူလိုင် ၃၀ ရက်မှာ စစ်ဆင်ရေးတွေလည်း လျှော့ခဲ့တယ်၊ စစ်အင်အားက အရင်အတိုင်းပဲ ထပ်မတိုးလာဘူး” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

စစ်ကောင်စီကား

သို့သော် ထိုစစ်ကောင်စီတိုင်းမှူးများ တပ်ဆုတ်မှုနှင့် ပတ်သက်ပြီး အတည်ပြုချက်မရရှိသေးပေ။

“ကျနော်တို့ သိထားရသလောက်ဆိုရင် တြိဂံတိုင်းမှူး နဲ့ ရလခ တိုင်းမှူးက ပြန်သွားကြပြီတဲ့၊ ဒါပေမဲ့ ရပခ တိုင်းမှူးက နေရာထပ်ပြောင်းလိုက်သလား ပြန်သွားသလား ဆိုတာ ကျနော်တို့ဘက်က အတည်မပြုနိုင်သေးဘူးဖြစ်နေတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်လက်ပြောဆိုထားသည်။

ယင်းကဲ့သို့ စစ်ကောင်စီတိုင်းမှူးမှ ၎င်းတို့နေရပ်အသီးသီးထံ ပြန်သွားပြီးနောက်တွင် မိုင်းရှူးမြို့နယ်အတွင်းမှ SSPP နှင့် စစ်ကောင်စီ စစ်ရေးတင်းမာမှုတွေလည်း လျှော့ကျလာကြောင်း မိုင်းရှူးဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဇူလိုင် ၃၀ ကစပြီး ရှိထားတဲ့ စစ်ကြောင်းတွေ ပြန်မဆုတ်သေးပေမဲ့ အခုချိန်ထိတော့ ထူးခြားပြီး လှုပ်ရှားတာ မရှိတော့ဘူး၊ လေယာဥ်တွေနဲ့ ကင်းလှည့်တာလည်း မရှိတော့ဘူး၊ စစ်ရေးတင်းမာမှုတွေ လျှော့လာတယ်လို့ ပြောရမှာ” ဟု ၎င်းအမျိုးသမီးက ပြောသည်။

ထိုကိစ္စဖြစ်စဥ်များနှင့် ပတ်သက်ပြီး SSPP ပြောရေးဆိုခွင့်ကို သျှမ်းသံတော်ဆင့်မှ အကြိမ်ကြိမ် ကြိုးစားဆက်သွယ် ခဲ့သော်လည်း အဆက်အသွယ်မရှိခဲ့ပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါတွင် အသက်၁၄နှစ် ညီမဝမ်းကွဲအား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူကို SSPP သေဒဏ်ပေး

0
သျှမ်းပြည် သီပေါမြို့နယ်တွင် အသက်(၁၄) နှစ်အရွယ် ညီမဝမ်းကွဲတော်စပ်သူကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် အမျိုးသားတစ်ဦးအား ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တရားရုံးတစ်ခုမှ သေဒဏ်ပေးကာ ကွပ်မျက်လိုက်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ (၁၄) ရက် နေ့လယ်ပိုင်းတွင် သီပေါမြို့နယ် စံဖိတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာရှိ အသက်(၂၄) နှစ်အရွယ်ရှိ...

တရုတ်ဖိအားကြောင့် မူဆယ် ခိုတိန်ကျားဖြန့်ဝန်းကို SSPP စီးနင်း၊ ဟန်ပြလုပ်ဆောင်မှုဟု ဒေသခံများ ဝေဖန်

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း အခြေစိုက်သည့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) ဝန်းတစ်ခုကို သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့တွင် မူဆယ်မြို့နယ် မော်တောင်းကျေးရွာအုပ်စုရှိ ခိုတိန်ရွာ ကျားဖြန့်ဝန်းကို SSPP က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါစီးနင်းမှုအတွင်း သျှမ်း၊...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

နေပြည်တော်တွင် SSPP နှင့် NSPNC တွေ့ဆုံစဉ် မိုးမိတ်ရှိ SSPP ဆက်နွှယ်သူဟု စွပ်စွဲခံရပြီး နေအိမ်ဖျက်ဆီးခံရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူနေအိမ်(၂) လုံးကို SSPP နှင့် ဆက်နွှယ်သည်ဟု စွပ်စွဲကာ စစ်တပ်ဘက်က လာရောက်ဖျက်ဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၇ ရက် နံနက်ပိုင်း ၉ နာရီခန့်တွင် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူများ၏ နေအိမ်ကို SSPP နှင့် ပတ်သက်ဆက်နွယ်သည်ဟု...

မိုင်းရှူးမြို့တွင်း ပေါ်တာဆွဲသတင်းကြောင့် ဒေသခံ စိုးရိမ်မှုဖြစ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်က ပြည်သူ့စစ်မှုထမ်းရန် ပေါ်တာဆွဲခံနေရဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။ လက်ရှိ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်၏ ပြည်သူ့စစ်မှုထမ်း ကိစ္စနှင့် ပတ်သက်၍ အမည်စာရင်းတွင် ပါဝင်နေသူများအနေဖြင့် ပေါ်တာဆွဲ ဖမ်းဆီးခံနေရသည်ဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြ‌ရကြောင်း...