မုံးကိုး နေရပ်မပြန်နိုင် စစ်ရှောင် စားနပ်ရိက္ခာ ခက်ခဲနေ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် မုံးကိုးမြို့ပေါ်တွင် လက်ရှိမှာ တိုက်ပွဲဖြစ်ပွားမှုမရှိသော်လည်း စစ်ရှောင်များသည် နေရပ်ကျေးရွာသို့ မပြန်သေးသဖြင့် စားနပ်ရိက္ခာခက်ခဲနေကြောင်း စုံစမ်းသိရသည်။

မုံးကိုး စစ်ရှောင် (၈၀၀) ကျော်သည် (၄) လခန့် ကြာပြီး အလှူရှင်များ မရှိသောကြောင့် ယခုကာလတွင် စစ်ရှောင်များအတွက် စားနပ်ရိက္ခာများ ခက်ခဲနေကြောင်း မုံးကိုးစစ်ရှောင်ကူညီသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ စစ်ရှောင်များသည် ပန်ဆိုင်း ၊ ဖောင်းဆိုင် နှင့် မုံးကိုး အနီးကျေးရွာများ ဖြစ်ကြပြီး စစ်ကောင်စီ နှင့် ကိုးကန့်တပ်မတော် MNDAA တို့ စစ်ဆေးလှုပ်ရှားနေသဖြင့် နေရပ်မပြန်နိုင်သေးကြောင်း သိရသည်။

မုံးကိုးစစ်ရှောင်

“ကျနော် (၃-၄) လဝင်လာတော့ အလှူတွေ မရတော့တဲ့ အခြေနေရှိလာတယ်။ ကျနော်တို့ ဒီမှာလာပြီး စစ်ဘေးရှောင် လာရတာ (၁) နှစ် ရှိပြီ ၊ သိပ်ပြီးတော့မှ ဒီဖက်ဒေသက အကူညီမပေးနိုင် တော့ဘူး၊ အချိန်ကြာလာတာနဲ့အခါ တခြားဟာနဲ့ ဖြေရှင်းနေတာတော့ တော်တော်ခက်ခဲတယ်” ဟု ၎င်း အမျိုးသားတစ်ဦးက ပြောသည်။

ထိုသို့ စစ်ရှောင်များ ယခင်က လယ်ယာ စိုက်ပျိုးချိန်တွင် နေ့စားဖြင့် လုပ်ကိုင်စားသောက်နေရသော်လည်း ယခုကာလ လယ်ယာစိုက်ပျိုးပြီးချိန်တွင် စစ်ရှောင်များအတွက် အလုပ်လက်မဲ့များဖြစ်ခဲ့ကြောင်း မုံးကိုး ဒေသခံတစ်ဦးက ပြောသည်။

မုံးကိုးစစ်ရှောင်

“ အခုက အလုပ်ကိုင်မရှိတော့ဘူး ၊ ကြံလည်း ခုတ်ပြီး စပါးလည်း စိုက်ပြီးတော့ သူတို့အလုပ်လည်း မရှိတော့ဘူး။ အရင်က သူတို့နေ့စားသွားလုပ်ကြတယ် ၊ အခုကဘာအလုပ်မှ မရှိတော့ သူတို့မှာ အစားသောက် ဝယ်စားဖို့ ပိုက်ဆံလည်း မရှိတော့ဘူး” ဟု ၎င်းကပြောသည်။

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီ နှင့် MNDAA တပ်တို့ သျှမ်းမြောက် မုံးကိုးမြို့နယ် အတွင်း မကြာခဏ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ရှောင် ရာချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...