ဟိုပုံးမြို့နယ် PNO စစ်သင်တန်း စားရိတ်အတွက် ထပ်မံကောက်မည်

သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ်အတွင်းရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့က ဒုတိယအကြိမ် စစ်သင်တန်း စားရိတ် ထပ်မံကောက်ခံမည် ဟု စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဇွန်လတွင် ပအိုဝ်းပြည်သူ့စစ် (PNO) တပ်ဖွဲ့များက ဟိုပုံးမြို့နယ်အတွင်းရှိ ကျေးရွာများကို တစ်အိမ်လျှင် ပိုက်ဆံ (၃၀,၀၀၀) ကျပ် နှင့် ဆန် (၁) ပြည် တောင်းယူပြီး၊ ယခုကာလတွင် ဒုတိယအကြိမ် စစ်သင်တန်း စားရိတ်အတွက် ထပ်မံကောက်ခံမည်ဖြစ်ကြောင်း ဟိုပုံးမြို့နယ် ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့ထပ်ကောက်မယ်လို့တော့ ပြောတယ်။ ဘယ်ချိန် ကောက်မယ်ဆိုတာတော့ မသတ်မှတ်ထားသေးဘူး။ ဘယ်လောက် ကောက်မယ်ဆိုတာလည်း မသိရသေးဘူး။ သူတို့ ထပ်ကောက်မယ်ဆိုတာကိုတော့ အကြောင်းကြားလာပါတယ် “ ဟု ၎င်းအမျိုးသား တစ်ဦးက ပြောသည်။

PNO မှ စစ်သင်တန်းပေးနေပုံ

PNO တပ်ဖွဲ့များက ဇူလိုင် (၅) ရက်နေ့မှစပြီး မိမိတို့ ရပ်ရွာဒေသ လုံခြုံရေးအတွက် ကျေးရွာ တစ်အုပ်စုလျှင် လူ (၅) ယောက် စစ်သင်တန်း ခေါ်ယူခဲ့သည်။

အဆိုပါ PNO တပ်ဖွဲ့သည် ကျေးရွာလုံခြုံရေး အတွက် စစ်သင်တန်း ခေါ်ယူခြင်းကြောင့် ဟိုပုံးမြို့နယ်ရှိ ကျေးရွာများမှ ရွာသူကြီးများက စစ်သင်တန်းမတက်ရန်အတွက် ပြည်သူ့စစ် PNO တပ်ဖွဲ့များကို တောင်းဆိုခဲ့ရသည်။

“ သူတို့က စစ်သင်တန်းတက်ဖို့ ကျေးရွာတစ်အုပ်စုကို လူ (၅) ယောက် ကို (၁၅) ရက်ထိ စစ်သင်တန်း တက်ခိုင်းတယ်။ ကျနော် ရွာကလူတွေသိပ်မရှိဘူးလေ။ အဲ့ကြောင့် သူတို့ကို သွားတောင်းပန်ခဲ့တယ်။ အဲ့ကြောင့် ကျနော်တို့ ရွာကလည်း စစ်သင်တန်းမသွားတက်ခဲ့ရဘူး“ ဟု ၎င်းအမျိုးသား တစ်ဦးက ထပ်လောင်းပြောသည်။

ထို့အပြင် ပြည်သူ့စစ် PNO တပ်ဖွဲ့က ဟိုပုံးမြို့နယ်တွင်း ကျေးရွာများကို ဒုတိယအကြိမ် စစ်သင်တန်းစားရိတ် ကောက်သွားမည်ဆိုလျှင် ပြည်သူများ စားဝတ်နေရေးအတွက် အခက်ခဲဖြစ်သည်ဟု ဟိုပုံးမြို့နယ် အမျိုးသမီးတစ်ဦး ကပြောသည်။

“ အခု ခြံ ၊ လယ်ယာ လုပ်နေရတဲ့အချိန်မှာ ပိုက်ဆံထပ်ကောက်ရင်တော့ ခက်ခဲတယ်။ ပြီးတော့ သူတို့လူပါ ထပ်ကောက်မယ်ဆိုတော့ တချို့တွေက လန့်ပြီး ရွာကိုထွက်ပြေးကြတယ်။ ဒီအချိန်မှာ ထပ်ပြီး စစ်သင်တန်းစားရိတ် ထပ်ကောက်မယ်ဆိုရင်တော့ စားဝတ်နေရေးအတွက် တော်တော်ခက်ခဲမယ် “ ဟု ၎င်းအမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO/PNA) သည် ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ် နှင့် ဟိုပုံးမြို့နယ်အထိ တစ်အိမ်ကို ငွေ ၃ သောင်း နှင့် ဆန် (၁) ပြည်ကို ကောက်ယူခဲ့ပြီး အသက် (၁၈) နှစ်မှ (၃၅) နှစ်အရွယ် အမျိုးသားနှင့် အမျိုးသမီးများကို စစ်သင်တန်းပေးခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...