စစ်သားစုဆောင်း
ရွာငံတွင် ပျူစောထီးများက စစ်ကောင်စီအတွက် စစ်သားစုဆောင်းပေးနေ
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်ရှိ ကျေးရွာများတွင် ပျူစောထီးများက စစ်ကောင်စီ အတွက် စစ်သားစုဆောင်းပေးနေကြောင်း စုံစမ်းသိရှိရသည်။ ဇွန်လ ပထမ ပတ်မှစပြီး ယနေ့ (ဇွန်လ ၁၉ ရက်)အထိ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးများက ရွာငံမြို့နယ် ကျေးရွာတစ်ချို့တွင် လက်နက်ပြခြိမ်းခြောက်မှုများ လုပ်ဆောင်နေပြီး ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၅)...
ကွန်မန်ဒို စိုင်းထွန်း (သို့မဟုတ်) အမျိုးသားရေးကို ရှောင်မပြေးသူ တော်လှန်ရေးတပ်သား
SHAN -
ရွာလယ်မှာ ရှိတဲ့ သူကြီးအိမ်ကနေ တုံးခေါက်သံ "တတောက်တောက်" ကြားလိုက်ရတယ်။ . စိုင်းထွန်းရဲ့ စိတ်ထဲမှာတော့ တုံးခေါက်သံထက် ရင်ဘတ်ထဲက တဒုန်းဒုန်း ခုန်နေသံက ပို၍ ကျယ်လောင်နေပါတယ်။ ရွာသားတွေ စုဝေးကြဖို့ သူကြီးအိမ်မှ ဟိန်းထွက်လာတဲ့ တုံးခေါက်သံကြောင့် ရွာသားများလဲ အားလုံးကိုယ်စီ စိတ်လှုပ်ရှားစွာ နဲ့ ကိုယ့်အိမ်ကနေ ထွက်လာကြပြီ။ ရွာသူကြီးအိမ်မှာ...
သျှမ်းတပ်အချင်းချင်း တိုက်ခိုက်မှုကို မလိုလားသဖြင့် သျှမ်းလူငယ်များ သျှမ်းစစ်သားမလုပ်လို
သျှမ်းပြည် ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ နမ့်လန်မြို့တွင် သျှမ်းတပ်မှ တပ်သားသစ် အတွက် ဒေသခံ လူငယ်များ လာရောက်ဖမ်းဆီးခေါ်ဆောင်ရာ သျှမ်းတပ် အချင်းချင်း တိုက်ခိုက်မှုကို မလိုလားသည့်အတွက် တပ်သားသစ် စုဆောင်းမှုတွင် မပါချင်ကြောင်း စုံစမ်းသိရသည်။ “အရင်ကတော့ တစ်ရွာ၊ တစ်ရပ်ကွက်ကို ဘယ်လောက်ဆိုပြီးတော့ စာရင်းချပေးတာ။ အခုတော့ သူတို့...
ဟိုပုံးမြို့နယ် PNO စစ်သင်တန်း စားရိတ်အတွက် ထပ်မံကောက်မည်
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ်အတွင်းရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့က ဒုတိယအကြိမ် စစ်သင်တန်း စားရိတ် ထပ်မံကောက်ခံမည် ဟု စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇွန်လတွင် ပအိုဝ်းပြည်သူ့စစ် (PNO) တပ်ဖွဲ့များက ဟိုပုံးမြို့နယ်အတွင်းရှိ ကျေးရွာများကို တစ်အိမ်လျှင် ပိုက်ဆံ (၃၀,၀၀၀) ကျပ် နှင့်...
သျှမ်းပြည်မြောက်ပိုင်း သျှမ်းတပ် (၂) တပ် စစ်သားစုဆောင်းမှု အပြိုင်အဆိုင်ပြုလုပ်လာ
SHAN -
သျှမ်းပြည်မြောက်ပိုင်းတွင် ယခုရက်ပိုင်း သျှမ်းစစ်တပ် (၂) သည် ကျေးရွာအတွင်း တပ်သားသစ်များ အပြိုင်အဆိုင် ကောက်ယူနေကြောင်း မြေပြင် သတင်းအရ စုံစမ်းသိရသည်။ သျှမ်းပြည်မြောက်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း တိုက်ပွဲပြင်းထန်လာပြီးနောက် သျှမ်းစစ်တပ် (၂) တပ်က လူသစ်စုဆောင်မှုများ အပြိုင်အဆိုင် ကောက်လာသည့်အတွက် ဒေသခံပြည်သူများစိုးရိမ်နေကြပြီး၊ ကြောက်ရွံ့ထွက်ပြေးနေရသည် ဟု...
မူဆယ်မြို့အတွင်း အသက်(၉ )နှစ် အရွယ်ပါ စစ်သားစုဆောင်းနေဟု သတင်းထွက်ပေါ်
SHAN -
သျှမ်းပြည်မြောက်ပိုင်း ထုန့်မောဝ်း(ရွှေလီမြစ်ဝှမ်း) ဒေသအတွင်း အသက် (၉) နှစ်အရွယ်ပါမကျန် စစ်သားစုဆောင်းမှုများ ပြုလုပ်နေကြောင်း လူမှုကွန်ယက်ပေါ်မှာ ပြန့်နှံ့နေသည်။ ဇွန် (၂၈) ရက်နေ့သည် နမ့်ခမ်းမြို့ရှိ လူထုများ SSPP ကို အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်အပြီး၊ အသက် (၉) နှစ်အရွယ်ကလေးပါ မကျန် စစ်သားစုဆောင်းမှုများ ပြုလုပ်နေကြောင်း၊...
တန့်ယန်းမြို့နယ် လက်နက်ကိုင်အဖွဲ့များ စစ်သားစုဆောင်းနေ
SHAN -
သျှမ်းပြည်မြောက်ပိုင်း လားရှိုးခရိုင် တန့်ယန်းမြို့နယ် အတွင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ နှင့် ပြည်သူ့စစ်များ စစ်သားစုဆောင်းမှုပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ ထိုဒေသအတွင်းတွင် မေလနောက်ဆုံးပတ်မှ စတင်ပြီး မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဖြစ်သည့် သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ တအာင်း(ပလောင်)တပ်မတော် (TNLA)၊ ကိုးကန့်ဒေသ (MNDAA) နှင့် ဗိုလ်မွန်းဦးဆောင်သည့် ဝမ်ပန်ပြည်သူ့စစ် တို့ စစ်သားစုဆောင်းနေကြောင်း သတင်းရရှိသည်။ သို့သော်...





