သျှမ်းပြည်မြောက်ပိုင်း သျှမ်းတပ် (၂) တပ် စစ်သားစုဆောင်းမှု အပြိုင်အဆိုင်ပြုလုပ်လာ

သျှမ်းပြည်မြောက်ပိုင်းတွင် ယခုရက်ပိုင်း သျှမ်းစစ်တပ် (၂) သည် ကျေးရွာအတွင်း တပ်သားသစ်များ အပြိုင်အဆိုင် ကောက်ယူနေကြောင်း မြေပြင် သတင်းအရ စုံစမ်းသိရသည်။

သျှမ်းပြည်မြောက်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း တိုက်ပွဲပြင်းထန်လာပြီးနောက် သျှမ်းစစ်တပ် (၂) တပ်က လူသစ်စုဆောင်မှုများ အပြိုင်အဆိုင် ကောက်လာသည့်အတွက် ဒေသခံပြည်သူများစိုးရိမ်နေကြပြီး၊ ကြောက်ရွံ့ထွက်ပြေးနေရသည် ဟု သတင်းရရှိသည်။

ထို့ပြင် ယမန့်နေ့ (သြဂုတ် ၈ )ရက် တွင် သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် ( SSPP/SSA ) က မူဆယ်မြို့နယ် မန်းကောင်းဝိန်း နမ့်အွမ်ကျေးရွာတွင် အသက်(၁၀)နှစ် အရွယ်ရှိ လူငယ်ကို တပ်သားသစ်စုဆောင်းသွားပြီး ပြည်သူများက လမ်းမပေါ်ထွက်ဆန္ဒပြသည့် ရုပ်သံတခု လူမှုကွန်ရက် စာမျက်နှာတွင် ပျံ့နှံ့ခဲ့သည်။

ထိုရုပ်သံကြောင့် သျှမ်းပြည်လူထု တရပ်လုံးတုန်လှုပ်သွားစေခဲ့သည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့် အနေဖြင့် နမ့်အွမ်ကျေးရွာ သား တစ်ဦး ကို ဆက်သွယ်မေးမြန်းကြည့်ရာ “ ကျနော်တို့ နားလည်မှုလွှဲသွားတာ။ သူတို့လူလာဖမ်းတယ်ထင်လို့ ပြည်သူတွေ ဆန္ဒထွက်ပြကြတာ။ တကယ်တော့ လူဟောင်းကို ပြန်လာခေါ်တာပါ” ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယမန်နေ့ လာခေါ်သည့် SSPP/SSA တပ်သားဟောင်းကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခြင်းမရှိကြောင်း သိရသည်။

သို့သော် မူဆယ်မြို့နယ် တွင် အခြေချလှုပ်ရှားသည့် SSPP/SSA တပ်ဖွဲ့သည် နမ့်အွမ်ကျေးရွာ ရှိ အသက်(၈)နှစ် မှ အသက် (၁၂)အရွယ်ရှိအိမ်ခြေ (၁၁)အိမ်မှ ကလေးငယ်များ၏ အမည်စာရင်းနှင့် လူငယ်များ စားရင်းကို ကောက်ယူထားပြီး၊ “ ကလေးမရပါက လူကြီးယူမယ်၊ လူကြီးမရပါက မိန်းမတွေကို တပ်သားသစ်စုဆောင်းမယ်” ဟု ခြိမ်းခြောက်ပြောဆိုခဲ့ဖူးသဖြင့် ဒေသခံများက ထိတ်လန့်နေကြောင်း သိရသည်။

ယမန့်နေ့ သြဂုတ် ၈ ရက်နေ့တွင် လူလာဖမ်းသည့် ကိစ္စနှင့်ပတ်သတ်ပြီး သျှမ်းပြည်တိုးတက်ရေးပါတီ SSPP info လူမှုကွန်ယက် စာမျက်နှာပေါ်တွင် တပ်သားဟောင်းကို သွားရောက်ခေါ်ယူခဲ့ကြောင်း ထုတ်ပြန်ထားသည်။

လက်ရှိအနေအထားအရ သျှမ်းပြည်တိုးတက်ရေးပါတီ SSPP ၏ ပြောခွင့်ရ ပုဂ္ဂိုလ်များအား ဆက်သွယ်ရာမှာ ဖုန်းကိုင်ဖြေဆိုခြင်းမရှိပေ။

သို့သော် ပြောခွင့်ရ ဗိုလ်မှူး စိုင်းဖုန်းဟန်က – ကျနော်တို့ အခုမှ ကောက်တာမဟုတ်ဘူး။ ချထားမူအတိုင်း တနှစ်ကို နှစ်ခါကောက်တယ်။ ကျနော်တို့ အုပ်ချုပ်ရေး မြို့နယ် အားလုံးကို ကောက်တယ် – ဟု ဇွန်လ ဆန်းပိုင်းက သျှမ်းသံတော် ဆင့်အားပြောသည်။

ထိုနည်းတူ သီပေါမြို့နယ် စံဖိတ်ကျေးရွာအုပ်စုအတွင်းတွင် သြဂုတ် ၅ ရက်၌ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) က တပ်သားသစ် လာရောက် ခေါ်ယူကြောင်းသိရသည်။

ကိုဗစ်- ၁၉ ရောဂါ ပြန့်ပွားနေသည့် အချိန်တွင် လူသစ်စုဆောင်မှုများကို ရပ်တန့်ပေးရန်အတွက် ပြည်သူများက တောင်းဆိုသော်လည်း မရကြောင်း သီပေါမြို့နယ် စံဖိတ်ကျေးရွာအုပ်စုထဲတွင် နေထိုင်သည့် အမျိုးသားတဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ ကျနော်တို့ ကျေးရွာအုပ်စုထဲမှာ ၁၀ ယောက်လောက်ကောက်ယူသွားတယ်။ ကိုဗစ် -၁၉ ကာလဖြစ်လို့ မခေါ်သွားသေးနဲ့လို့ပြောလဲ မရဘူး သူတို့ခေါ်သွားတယ်။ တချို့မိဘတွေဆို ငိုယိုနေကြရတယ်။ မပေးသွား ချင်လဲပေးသွားရတယ်” ဟု ၎င်း အမျိုးသားက ဆိုသည်။

ယခု ရက်ပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်းတဝှမ်းတွင် တပ်သားသစ်များကို အလျင်မြန်စုဆောင်နေကြောင်း သီပေါမြို့နယ် စစ်ရှောင်များကို ကူညီပေးနေသည့် အမျိုးသမီးတဦးကလည်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ အကုန်လုံးပတ်ကောက်နေတာပဲ ။ သီပေါ၊ ကျောက်မဲ၊ နေရာစုံမှာသူတို့ လူတွေစုဆောင်းဖို့ လူတွေကို စာရင်း ကောက်နေကြတယ်။ ကျေးရွာတစ်ခုထဲမဟုတ်ဘူး။ အကုန်လုံးနီးပါးကောက်နေတယ်။ တစ်ချို့ဆို မပေးသွားချင်ဘဲ အတင်းခေါ်ယူသွားလို့ မိဘတွေက ငိုယိုပြီးကျန်ခဲ့တာတွေရှိတယ်” ဟု ၎င်း အမျိုးသမီး ကပြောသည်။

ထိုသို့ တပ်သားသစ် စုဆောင်းရေးနဲ့ပတ်သတ်ပြီး သျှမ်းပြည်ပြန်လည်ထောင်ရေးကောင်စီ RCSS/SSA ပြောခွင့်ရ ဗိုလ်မှူးကြီးစိုင်းခမ်းစံက လက်ရှိတွင် တပ်သားသစ်ကောက်ယူမှုမရှိကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော်တို့အခုတပ်သားသစ်ကောက်ယူမှုမရှိဘူး။ အသေးစိတ်ကိုတော့ ကျနော်တို့မသိရသေးဘူး။ တခြားတပ်ဖွဲ့ကနေ ကောက်ယူနေတာလဲ ဖြစ်နိုင်တယ်။” – ဟု RCSS/SSA ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းခမ်းစံက ပြောသည်။

သီပေါမြို့နယ်အတွင်း လှုပ်ပြီး တပ်သားသစ် စုဆောင်းနေသည့် RCSS မှ တပ်မှူး ဒေါန ဆိုသည့်သူဖြစ်ကြောင်း ဒေသခံများ ပြောပြချက်အရသိရသည်။

သျှမ်းတပ်(၂)တပ်အနေဖြင့် ဇွန်လဆန်းပိုင်းက စတင်ကာ အချင်းချင်းတိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေသေးကြောင်းသိရသည်။

ထို့သျှမ်း(၂)တပ် တိုက်ပွဲကြောင့် သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့နယ် နှင့် သျှမ်းမြောက် ကျောက်မဲမြို့နယ်၊ သီပေါမြို့နယ် တို့တွင် ယနေ့ချိန်ထိ စစ်ဘေးရှောင်များရှိနေသေးကြောင်းသိရသည်။

Photo by RCSS/SSA

သျှမ်းတပ် (၂)တပ် တိုက်ပွဲ ရပ်တန့်ပြီး ညှိနှိုင်းဆွေးနွေးရန် ပြည်သူများ၊ သံဃာတော်များက မကြာခဏ တောင်းဆိုခဲ့သော်လည်း (၂)ဘက်တပ် နားထောင်ခဲ့ခြင်းမရှိပေ။

လက်ရှိတိုင်းပြည်အနေအထား၊ သျှမ်းပြည်မြောက်ပိုင်းအတွင်း ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခ အနေအထားကြောင့် ပလောင်တပ်ကလည်း နမ့်ခမ်း၊ နမ္မတူ၊ လားရှိုးမြို့နယ်အတွင်းနေ ပလောင်လူမျိုးကိုသော်လည်းကောင်း၊ ကိုးကန့်တပ်ကလည်း လားရှိုး သိန္နီ ကွတ်ခိုင် မြို့နယ်အတွင်း ကိုးကန့်တရုတ်လူမျိုးကိုသော်လည်းကောင်း၊ ထို့အတူ ကချင် KIA ရှမ်းပြည်မြောက်ပိုင်း မြို့နယ်အသီးသီး ကချင်လူမျိုးတွေကို တပ်သားသစ်စုဆောင်းနေသည့် သတင်းများလည်း ရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

သီပေါမြို့နယ် မိုင်းခေးဈေး လျှပ်စစ်ဝါယာရှော့ခ်ကြောင့် မီးလောင်၊ ကျပ်သိန်းထောင်ချီဆုံးရှုံးမှုရှိ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် မိုင်းခေးကျေးရွာရှိ မိုင်းခေးဈေးတွင် လျှပ်စစ်ဝါယာရှော့ခ်ကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်းထောင်ချီ ရှိကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၂၆ ရက်) ည ၁၁ နာရီခွဲဝန်းကျင်တွင် သီပေါမြို့နယ် မိုင်းခေးကျေးရွာရှိ မိုင်းခေးဈေးထဲတွင် လျှပ်စစ်ဝါယာရှော့ခ်မှတဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ ဆိုင်ခန်း ၁၀...