Wednesday, January 28, 2026

တန့်ယန်းမြို့နယ် လက်နက်ကိုင်အဖွဲ့များ စစ်သားစုဆောင်းနေ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးခရိုင် တန့်ယန်းမြို့နယ် အတွင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ နှင့် ပြည်သူ့စစ်များ စစ်သားစုဆောင်းမှုပြုလုပ်နေကြောင်း စုံစမ်းသိရသည်။

ထိုဒေသအတွင်းတွင် မေလနောက်ဆုံးပတ်မှ စတင်ပြီး မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဖြစ်သည့် သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ တအာင်း(ပလောင်)တပ်မတော် (TNLA)၊ ကိုးကန့်ဒေသ (MNDAA) နှင့် ဗိုလ်မွန်းဦးဆောင်သည့် ဝမ်ပန်ပြည်သူ့စစ် တို့ စစ်သားစုဆောင်းနေကြောင်း သတင်းရရှိသည်။

သို့သော် တန့်ယန်းမြို့နယ်အတွင်း နေထိုင်သည့် သူများသည် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ကို စစ်သားမလုပ်ချင်သဖြင့် ဝမ်ပန်ပြည်သူ့စစ်ထဲသို့ ဝင်ရောက်သွားကြကြောင်း မိုင်းတွမ်း ဒေသခံများ က ပြောသည်။

“ခုလက်ရှိ လူသစ်စုဆောင်းတာက ပလောင် နဲ့ ကိုးကန့်။ သျှမ်းတပ်တွေလည်း ကောက်တယ်။ ဒေသခံတွေတော့ မြို့ထဲကို ထွက်ပြေးကုန်ပြီ။ တစ်ချို့လည်း စစ်သားလုပ်ရမှာကြောက်လို့ ပြည်သူ့စစ်ထဲ ဝင်ကြတယ်” ဟု ထွက်ပြေးနေသည့် မိုင်းတွမ်း ဒေသခံတဦးကပြောသည်။

တန့်ယန်းမြို့နယ်အတွင်းနေထိုင်သည့် သျှမ်းလူမျိုးများသည် သျှမ်းတပ်ထဲသို့ ဝင်ရန် ဆန္ဒရှိကြကြောင်း၊ သို့သော် သျှမ်းလက်နက်ကိုင် (၂)တပ် အချင်းချင်း တိုက်ပွဲဖြစ်ပွားနေသည့်အတွက် သျှမ်းတပ်ထဲမဝင်ရခြင်းဖြစ်ကြောင်း မိုင်းတွမ်းဒေသခံ အမျိုးသမီးတဦးက ပြောသည်။

” ကျမရဲ့ သားတွေကို သျှမ်းစစ်သားပဲ လုပ်စေချင်တယ်။ဒါပေမယ့် သျှမ်းစစ်သား လုပ်ရင်လည်း ကိုယ့်လူမျိုးအချင်းချင်း ပြန်ပစ်ရမှာ ကြောက်လို့ အဲ့ကြောင့် ထွက်ပြေးတာပါ” ဟု မိုင်းတွမ်း ဒေသခံ တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

သျှမ်းတပ် (SSPP/SSA) သည် ၂၀၂၀ ခုနစ်မှ စတင်ကာ တန့်ယန်းမြို့နယ်ရှိ ကျေးရွာများထဲ ပိုမိုလှုပ်ရှား လာကြကြောင်း SSPP ၏ တန့်ယန်းနယ်မြေ အရာရှိတစ်ဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ကျနော်တို့ မသွားလှုပ်ရှားရင် တခြားအဖွဲ့တွေက ပိုပြီး လှုပ်ရှားလာမယ်။ ဒါကြောင့် ကျနော်တို့ ၂၀၂၀ ကစပြီး အဲ့ဘက်ပိုင်းကို ပြန်လှုပ်ရှားလာတယ်။ ငွေတွေ ဆန်တွေ လူတွေ တောင်းတာကတော့ စစ်တပ်တိုင်းရဲ့ ပေါ်လစီဖြစ်တယ်။ အသက် (၁၈) နှစ်ပြည့်ရင် ဘယ်သူမဆို စစ်သင်တန်းတက်ရမှာပါ” ဟု SSPP အရာရှိ တစ်ဦး ကသျှမ်းသံတော်ဆင့် ကိုပြောသည်။

အသက် (၁၈)နှစ် ပြည့်သူတိုင်း လက်နက်ကိုင်တပ်ဖွဲ့အတွင်းသို့ ဝင်ရာက်ရန် ပေါ်လစီ ရှိထားသော်လည်း ငွေကြေးအဆင်ပြေသည့် မိသားစုဝင်တချို့ လက်နက်ကိုင် တပ်ဖွဲ့ထဲမဝင်ပါက တစ်ဦးလျှင် သိန်း(၄၀) မှ (၅၀) ထိ လူငှားပြီး အစားထိုးနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံတွင် ပျူစောထီးများက စစ်ကောင်စီအတွက် စစ်သားစုဆောင်းပေးနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်ရှိ ကျေးရွာများတွင် ပျူစောထီးများက စစ်ကောင်စီ အတွက် စစ်သားစုဆောင်းပေးနေကြောင်း စုံစမ်းသိရှိရသည်။ ဇွန်လ ပထမ ပတ်မှစပြီး ယနေ့ (ဇွန်လ ၁၉ ရက်)အထိ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးများက ရွာငံမြို့နယ် ကျေးရွာတစ်ချို့တွင် လက်နက်ပြခြိမ်းခြောက်မှုများ လုပ်ဆောင်နေပြီး ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၅)...

ကွန်မန်ဒို စိုင်းထွန်း (သို့မဟုတ်) အမျိုးသားရေးကို ရှောင်မပြေးသူ တော်လှန်ရေးတပ်သား

0
ရွာလယ်မှာ ရှိတဲ့ သူကြီးအိမ်ကနေ တုံးခေါက်သံ "တတောက်တောက်" ကြားလိုက်ရတယ်။ . စိုင်းထွန်းရဲ့ စိတ်ထဲမှာတော့ တုံးခေါက်သံထက် ရင်ဘတ်ထဲက တဒုန်းဒုန်း ခုန်နေသံက ပို၍ ကျယ်လောင်နေပါတယ်။ ရွာသားတွေ စုဝေးကြဖို့ သူကြီးအိမ်မှ ဟိန်းထွက်လာတဲ့ တုံးခေါက်သံကြောင့် ရွာသားများလဲ အားလုံးကိုယ်စီ စိတ်လှုပ်ရှားစွာ နဲ့ ကိုယ့်အိမ်ကနေ ထွက်လာကြပြီ။ ရွာသူကြီးအိမ်မှာ...

သျှမ်းတပ်အချင်းချင်း တိုက်ခိုက်မှုကို မလိုလားသဖြင့် သျှမ်းလူငယ်များ သျှမ်းစစ်သားမလုပ်လို

0
သျှမ်းပြည် ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ နမ့်လန်မြို့တွင် သျှမ်းတပ်မှ တပ်သားသစ် အတွက် ဒေသခံ လူငယ်များ လာရောက်ဖမ်းဆီးခေါ်ဆောင်ရာ သျှမ်းတပ် အချင်းချင်း တိုက်ခိုက်မှုကို မလိုလားသည့်အတွက် တပ်သားသစ် စုဆောင်းမှုတွင် မပါချင်ကြောင်း စုံစမ်းသိရသည်။ “အရင်ကတော့ တစ်ရွာ၊ တစ်ရပ်ကွက်ကို ဘယ်လောက်ဆိုပြီးတော့ စာရင်းချပေးတာ။ အခုတော့ သူတို့...

တန့်ယန်းမြို့နယ် မီးဖြတ်တောက်ချိန် များနေသဖြင့် ပြည်သူများ ဝင်ငွေပိုင်း ထိခိုက်မှုရှိနေ

0
သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့တွင် မီးဖြတ်တောက်ချိန်များနေသဖြင့် ပြည်သူများ ဝင်ငွေပိုင်း ထိခိုက်မှု ရှိနေကြောင်း သတင်းသိရသည်။ ယခု ဒီဇင်ဘာလဆန်းပိုင်းမှ စတင်ကာ တန့်ယန်းမြို့အတွင်း၌ အချိန်ပိုင်း အလှည့်ကျပေးမည်ဟု အချိန်ဇယား ထုတ်ပြန်ခဲ့သော်လည်း မီးပျက်သည့် အချိန် များနေပြီး ဒေသခံများက စားသောက်ရေးပိုင်း နှင့် ဝင်ငွေပိုင်းများ ထိခိုက်နေကြောင်း ဒေသခံ...

ဟိုပုံးမြို့နယ် PNO စစ်သင်တန်း စားရိတ်အတွက် ထပ်မံကောက်မည်

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ်အတွင်းရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့က ဒုတိယအကြိမ် စစ်သင်တန်း စားရိတ် ထပ်မံကောက်ခံမည် ဟု စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇွန်လတွင် ပအိုဝ်းပြည်သူ့စစ် (PNO) တပ်ဖွဲ့များက ဟိုပုံးမြို့နယ်အတွင်းရှိ ကျေးရွာများကို တစ်အိမ်လျှင် ပိုက်ဆံ (၃၀,၀၀၀) ကျပ် နှင့်...