သျှမ်းတပ်အချင်းချင်း တိုက်ခိုက်မှုကို မလိုလားသဖြင့် သျှမ်းလူငယ်များ သျှမ်းစစ်သားမလုပ်လို

သျှမ်းပြည် ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ နမ့်လန်မြို့တွင် သျှမ်းတပ်မှ တပ်သားသစ် အတွက် ဒေသခံ လူငယ်များ လာရောက်ဖမ်းဆီးခေါ်ဆောင်ရာ သျှမ်းတပ် အချင်းချင်း တိုက်ခိုက်မှုကို မလိုလားသည့်အတွက် တပ်သားသစ် စုဆောင်းမှုတွင် မပါချင်ကြောင်း စုံစမ်းသိရသည်။

နမ့်လန်မြို့

“အရင်ကတော့ တစ်ရွာ၊ တစ်ရပ်ကွက်ကို ဘယ်လောက်ဆိုပြီးတော့ စာရင်းချပေးတာ။ အခုတော့ သူတို့ ကိုယ်တိုင် ဒီအိမ် ဒီနာမည် ဆိုပြီး စာရင်းအတိအကျနဲ့လာတာ၊ သား ၂ ယောက် ရှိတဲ့သူရော၊ သားတစ်ယောက် တည်းရှိပြီး ဖခင်ဖြစ်သူက အသက်ငယ်သေးရင်လည်း ခေါ်သွားတယ်” ဟု နမ့်လန်မြို့မှ အသက် ၃၀ ကျော် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် မေလ ၁၉ ရက်မှ စတင်ကာ နမ့်လန်မြို့တွင်း ရပ်ကွက်များဖြစ်ကြသည့် စက်ရုံရပ်ကွက် (ပွၵ့်ယူင်ႇၸၢၵ်ႈ) ၊ မက်မုံဟိန် ရပ်ကွက် (ပွၵ့်မၢၵ်ႇမူင်ႈႁိင်ႇ) ၊ အေးချမ်းသာရပ်ကွက် (ပွၵ့်ၵတ်းယဵၼ်) နှင့် တောင်ပိုင်းရပ်ကွက် (ပွၵ့်ၸၢၼ်း) တို့တွင် SSPP/SSA က တပ်သားသစ်အတွက် ဝင်ရောက်ဖမ်းဆီးခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဒေသခံ အမျိုးသားများ၊ လူငယ်များ ၂၀ ထက်မနည်း ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရပြီး တချို့ ကလည်း ရှောင်တိမ်းခြင်းများ ပြုလုပ်နေရကြောင်း ၎င်း အမျိုးသားက ဆက်ပြောသည်။

SSPP တပ်သားများ

“ညဘက်အချိန်ပဲ ဝင်ဖမ်းတာ၊ တစ်ညကို ၃ ယောက်ကနေ ၆ ယောက်ထိ ပါသွားတယ်၊ အခုဆိုလည်း သားနှစ် ယောက်ရှိတဲ့ သူတွေက ရှောင်ကြတယ်၊ သားတစ်ယောက်တည်း ရှိတဲ့သူတွေလည်း ရှောင်ကြတယ်၊ ကြောက်ကြ တာပေါ့၊ စစ်သားမလုပ်ချင်ဘူး၊ မရှောင်ရသေးသူတွေလည်း ဘယ်အချိန်ခေါ်သွားခံရမလဲဆိုပြီးတော့ စိုးရိမ်ကြောက်လန့် နေရတယ်” ဟု အထက်ပါ အမျိုးသားက ဆက်ဆိုသည်။

သျှမ်းတပ် (၂) တပ်အချင်းချင်း ပစ်ခတ်တိုက်ခိုက်နေသည်ကို ပြည်သူများ မလိုလားသဖြင့် လူငယ်များ စစ်မှုထမ်း မလုပ်ချင်ကြောင်း ဒေသခံများက ဆက်လက်ပြောသည်။

“SSPP က လာကောက်လည်း ကိုယ့်သားသမီး ဆွေမျိုးတွေထဲကပဲ၊ RCSS က လာကောက်လည်း ဒီဆွေဒီမျိုး ထဲ ကပဲ ၊ ဒါကြောင့် ကိုယ့်ရှမ်းလူမျိုး အချင်းချင်းသာမက ကိုယ့်ဆွေမျိုးအချင်းချင်း ပြန်တိုက်ခိုက်နေရမှာကို မလို လားဘူး။ အဲ့ကြောင့်လည်း စစ်မှုထမ်း မလုပ်ချင်တာ” ဟု နမ့်လန်မြို့ခံ အသက် ၂၀ ကျော် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းကဲ့သို့ တပ်သားသစ် အတွက် ပြည်သူလူထုများကို ဖမ်းဆီးခေါ်ဆောင်ခြင်း နှင့် ပတ်သက်ပြီး ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ၏ ပြောရေးဆိုခွင့်ရှိသူများထံသို့ အကြိမ်ကြိမ် ဖုန်းဆက်သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပေ။

သျှမ်းတပ် (၂) တပ်သည် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် ကျောက်မဲမြို့ဘက်မှ စတင်ဖြစ်ပွားခဲ့ပြီး သျှမ်းတောင် ရပ်စောက်မြို့နယ်အထိ တိုက်ပွဲ ပျံ့ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...