Friday, May 3, 2024

တန့်ယန်းမြို့နယ်

တန့်ယန်းမြို့နယ်အတွင်း တပ်သားသစ်များစုဆောင်းနေ

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်အတွင်းတွင် တအာင်းအမျိုးသားတပ်မတော် TNLA နှင့် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တို့က တပ်သားသစ်များ စုဆောင်းနေကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။ တန့်ယန်းမြို့နယ်အတွင်းရှိ လွယ်လိန်းတောင်တက်လမ်းတစ်လျှောက်တွင် သွားလာလှုပ်ရှားတတ်သည့် TNLA တပ်ဖွဲ့သည် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာမှ ဒေသခံများကို စစ်ပညာ လာရောက် သင်ယူရန် စေခိုင်းမှုများ ရှိနေကြောင်း...

တန့်ယန်းမြို့နယ် MNDAA မှ တပ်သားသစ်နှင့် အမျိုးသမီးများကို တောင်းခံနေ

သျှမ်းပြည် မြောက်ပိုင်း တန့်ယန်းမြို့နယ်အတွင်းရှိ နောင်လန်ကျေးရွာအုပ်စု ကုန်းကော်ရွာတွင် ကိုးကန့်တပ်မတော် (MNDAA) တပ်ဖွဲ့မှ စစ်သားသစ်နှင့် အမျိုးသမီးများကို တောင်းခံမှု ပြုလုပ်နေသဖြင့် ကုန်းကော်ရွာခံများက တိမ်းရှောင်ထွက်ပြေးနေရကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၁၉ ရက် နံနက်ပိုင်းတွင် MNDAA တို့သည် ကုန်းကော်ကျေးရွာမှ ရွာလူကြီးထံသို့ တပ်သားသစ်အတွက်...

တန့်ယန်းမြို့နယ် ကျောက်မီးသွေး တူးဖော်မည် မဟုတ်ကြောင်း ကုမ္ပဏီမှ ကတိပေး

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်အတွင်း ကျောက်မီးသွေးတူးဖော်ရန် ကြိုးစားနေသည့် ငွေရည်ပုလဲ ကုမ္ပဏီသည် ဒေသခံပြည်သူများက ဝိုင်းဝန်းဆန့်ကျင်ကန့်ကွက်မှုကြောင့် ကျောက်မီးသွေးကို တူးဖော်တော့မည် မဟုတ်ကြောင်း ပြည်သူများကို ကတိပေးခဲ့သည်ဟု စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၁၇ ရက်နေ့ မနက်ပိုင်း ၁၁ နာရီဝန်းကျင်တွင် မိုင်းဟဌာနေ ပြည်သူ့စစ်အဖွဲ့ နှင့် ငွေရည်ပုလဲ...

တန့်ယန်းမြို့နယ် ကျောက်မီးသွေးတိုးချဲ့တူးဖော်ရန် စီစဉ်နေ

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် နားဟုတ်ကျေးရွာအုပ်စု တက်လျက်ကျေးရွာတွင် ကျောက်မီးသွေး တိုးချဲ့ပြီး တူးဖော်ရန် ကုမ္ပဏီ က ဒေသခံများကို လာရောက်စည်းရုံးနေကြောင်း စုံစမ်းသိရသည်။ Photo Tangyan Youth -တန့်ယန်းမြို့နယ် တတ်လျက်ရွာတောင်ဘက်က ကျောက်မီးသွေးတူးဖော်တဲ့နေရာ ထို့ကြောင့် တန့်ယန်းမြို့နယ် နားဟုတ်ကျေးရွာအုပ်စု တက်လျက်ကျေးရွာ တွင် ကျောက်မီးသွေးတိုးချဲ့ တူးဖော်ရန် အတွက်...

တန့်ယန်းမြို့နယ် လက်နက်ကိုင်အဖွဲ့များ စစ်သားစုဆောင်းနေ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးခရိုင် တန့်ယန်းမြို့နယ် အတွင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ နှင့် ပြည်သူ့စစ်များ စစ်သားစုဆောင်းမှုပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ ထိုဒေသအတွင်းတွင် မေလနောက်ဆုံးပတ်မှ စတင်ပြီး မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဖြစ်သည့် သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ တအာင်း(ပလောင်)တပ်မတော် (TNLA)၊ ကိုးကန့်ဒေသ (MNDAA) နှင့် ဗိုလ်မွန်းဦးဆောင်သည့် ဝမ်ပန်ပြည်သူ့စစ် တို့ စစ်သားစုဆောင်းနေကြောင်း သတင်းရရှိသည်။ သို့သော်...

ကျောက်မီးသွေး ဓနရှင် ဆိုးမွေကြောင့် မွေးရပ်မြေစွန့်လွှတ်ရ

“ ကျနော်တို့ ရှေးထုံးဓလေ့ အရ နေအိမ်၊ ခြံဝင်း ၊ ရွာတွေထဲမှာ မြေအက်ကြောင်းရှိရင် ဘယ်သူမှ မနေချင်တော့ဘူး” လို့ အသက် ၄၀ အရွယ် စိုင်းကောင်း( အမည်လွှဲ) က စိတ်မကောင်းစွာနဲ့ ပြောလာပါတယ်။ ထိုနေရာကတော့ သျှမ်းပြည် မြောက်ပိုင်း တန့်ယန်းမြို့ နဲ့မိုင်...

မိုးရွာတိုင်း တန့်ယန်း လွယ်လွမ့် ပရဟိတကျောင်းသားများ ရွှံ့ထဲတွင် စာသင်နေရ

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် အတွင်းရှိ လွယ်လွမ့် ပရဟိတကျောင်းတွင် စာသင်ကြားနေသည့် ကလေးငယ်များသည် မိုးရာသီရောက်တိုင်း အခက်အခဲများစွာ ရင်ဆိုင်နေရကြောင်း သိရသည်။ ထိုနေရာသည် တန့်ယန်းမြို့နယ် လုံပုံကျေးရွာအုပ်စု နောင်လုံးကျေးရွာ တွင်တည်ရှိပြီး ကျောင်းသား ၁၀၀ ကျော် ပညာဆည်းပူးနေကြောင်း ထိုကျောင်းတွင် စာသင်ပေးနေသည့် ဆရာမ နန်းမိုဆိုင် က...

တန့်ယန်းမြို့နယ် အတွင်း အဆိပ်ရှိမှိုစားမိ လင်မယား ၂ဦးသေ

သျှမ်းပြည် မြောက်ပိုင်း တန့်ယန်းမြို့နယ် နမ့်လပ် ကျေးရွာ အုပ်စု နမ့်ပတ်ကျေးရွာ ဒေသခံ လင်မယား ၂ ဦး အဆိပ်သင့်မှို စားသုံးကာ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ အဆိုပါ သေဆုံးသွားသည့် လင်မယား ၂ ဦးသည် ဇွန် ၆ ရက် တွင်တောင်ယာသို့သွားအလုပ်လုပ်ရင်း မှိုများရလာခဲ့ရာ...

ကုမ္ပဏီမှရွာအောက်ထိကျောက်မီးသွေးတူးယူနေမှု ရွာကျွံမည်ကို တန့်ယန်းမြို့ နယ်ခံများစိုးရိမ်  

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်တွင် ရွာအောက်အထိ ကျောက်မီးသွေး တူးနေမှုကြောင့် ကျေးရွာအတွင်း အက်ကြောင်းများ ဖြစ်ပေါ်နေရာ ကျေးရွာတခုလုံး ကျွံကျမည်ကို တန့်ယန်းမြို့မှ နယ်ခံများကစိုးရိမ်နေကြသည်။ တန့်ယန်းမြို့ အနောက် တောင်ဘက် ၉ မိုင်အကွာ နားဟုတ်အုပ်စု ၀င် တတ်လျက်ရွာတွင် ထိုသို့ဖြစ်ပွါးနေခြင်းဖြစ်ပါသည်။ ထိုဖြစ်စဉ်ကို ဝိုင်းဝန်းဖြေရှင်းပေးရန် ရွာသူ ရွာသားများ...

Latest news