တန့်ယန်းမြို့နယ် MNDAA မှ တပ်သားသစ်နှင့် အမျိုးသမီးများကို တောင်းခံနေ

သျှမ်းပြည် မြောက်ပိုင်း တန့်ယန်းမြို့နယ်အတွင်းရှိ နောင်လန်ကျေးရွာအုပ်စု ကုန်းကော်ရွာတွင် ကိုးကန့်တပ်မတော် (MNDAA) တပ်ဖွဲ့မှ စစ်သားသစ်နှင့် အမျိုးသမီးများကို တောင်းခံမှု ပြုလုပ်နေသဖြင့် ကုန်းကော်ရွာခံများက တိမ်းရှောင်ထွက်ပြေးနေရကြောင်း သတင်းသိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၉ ရက် နံနက်ပိုင်းတွင် MNDAA တို့သည် ကုန်းကော်ကျေးရွာမှ ရွာလူကြီးထံသို့ တပ်သားသစ်အတွက် ရွာသား ၅ ဦးနှင့် အမျိုးသမီးများပို့ပေးရန် တောင်းဆိုခဲ့သည်။

ထိုနေ့ ညနေပိုင်းတွင် MNDAA တပ်သားမှ ရွာထဲပြန်ရောက်လာပြီး တောင်းခံထားသည့် တပ်သားသစ်နှင့် အမျိုးသမီး ကို ရွာလူကြီးမှ လာမပို့သဖြင့် ရွာသူကြီး၏ မိဘ (၂)ဦးကို ရိုက်နှက်ကန်ကျောက်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

“အဖိတ်နေ့(အောက်တိုဘာလ ၁၉ ရက်) မနက်ပိုင်းမှာပေါ့၊ ရွာလူကြီးဆီကို တပ်သားသစ်အတွက် ရွာသား ၅ ယောက်နဲ့ အမျိုးသမီးတွေပေးဖို့ လာတောင်းတယ်၊ အဲ့သတင်းကို ရွာသားတွေကြားတော့ ထွက်ပြေးကုန်တာ၊ ညနေရောက်တော့ ပြန်လာတယ်၊ သူတို့တောင်းတဲ့လူ မပေးလို့ ရွာလူကြီးကို ရန်ရှာမလို့ ရွာလူကြီးကမရှိတော့ သူ့ရဲ့ အဖေနဲ့အမေကို ရိုက်သွားတာ” ဟု ထွက်ပြေးလာသည့် ကုန်းကော်ရွာသားများနှင့် ဆွေမျိုးတော်စပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကိုးကန့်တပ်ဖွဲ့မှ စစ်ဆေးမေးမြန်းနေစဥ် ၎င်းတို့ကို ဘာမှမလုပ်ရန် ရွာလူကြီး၏ အမေဖြစ်သူက ဒူးထောက်တောင်းပန်နေသော်လည်း ကန်ထုတ်ပြီး ရိုက်နှက်သွားကြောင်းနှင့် ဝိုင်းအပြင်ဖက်မှ ကြည့်နေသည့် ရွာစောင့် အမျိုးသားကိုလည်း ရိုက်နှက်ခဲ့ကြောင်း သိရသည်။

“ကိုးကန့်စစ်သားတွေက ရွာလူကြီးရဲ့ အဖေနဲ့အမေ၊ ပြီးတော့ ရွာစောင့်အလှည့်ကျတဲ့ လူငယ်ရယ် သူတို့ သုံးယောက်ကို ရိုက်သွားတယ်၊ အစက ရွာလူကြီးဘယ်မှာလည်း ဘာလို့သူတို့ဆီကိုမလာလဲ၊ ပြီးတော့ ဘာလို့ လူမပေးလဲဆိုပြီးတော့ မေးတာ၊ သူတို့ကို အဘွားက(ရွာလူကြီးအမေ) ဒူးထောက်တောင်းပန်တာ မရဘူး။ အဘွားဆို သူတို့ရိုက်လို့ ခြေသလုံးတွေရောင်သွားတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

တပ်သားသစ်နှင့် အမျိုးသမီးများ လာရောက်တောင်းဆိုသည့် MNDAA တပ်သားများကို ရွာမှလူကြီးများနှင့် မိဘများက သွားရောက်တောင်းပန်ပြီး လူအစား ပိုက်ဆံကိုသာ ပေးမည်ဟု တောင်းဆိုခဲ့သော်လည်း MNDAA မှ လက်မခံခဲ့ကြောင်း သိရသည်။

“သူတို့ထံကို ရွာလူကြီးနဲ့ မိဘတွေက လူအစားပိုက်ဆံပေးပါရစေလို့ သွားပြီးတောင်းပန်တာ၊ မရဘူးတဲ့၊ လူပဲ ပို့ပေးရမယ်တဲ့၊ အခုတော့ ရွာမှာ ဘယ်သူမှ မနေရဲတော့ဘူး၊ ကုန်းကော်ရွာမှာက အသက်ကြီးတဲ့သူ တချို့လောက်ပဲ ကျန်တယ်၊ တချို့ဆို တအိမ်လုံး ထွက်ပြေးကြတာ” ဟု တန့်ယန်းမြို့ပေါ်သို့ ထွက်ပြေး တိမ်းရှောင်လာသည့် ကုန်းကော်ရွာသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကိုးကန့်တပ်ဖွဲ့တို့သည် နောင်လျန်ကျေးရွာအုပ်စုအပြင် နမ့်ဆယ်ကျေးရွာအုပ်စုကိုလည်း တပ်သားသစ်စုဆောင်းမှုများ ပြုလုပ်နေသည့်အတွက် အဆိုပါ ကျေးရွာများမှ ရွာသားများသည် တန့်ယန်းမြို့ပေါရှိ အမျိုးအိမ်များနှင့် တချို့သော ဘုန်းကြီးကျောင်းရှိ ဇရပ်များတွင် ခိုလှုံနေထိုင်နေရကြောင်း သတင်းသိရသည်။

လက်ရှိ MNDAA တို့ သွားလာလှုပ်ရှားနေသည့် နောင်လျန်ကျေးရွာအုပ်စုနေရာများသည် ၎င်းတို့၏ ညီနောင်မဟာမိတ်ဖြစ်သည့် TNLA တပ်ဖွဲ့၊ AA တပ်ဖွဲ့တို့လည်း လှုပ်ရှားနေသည့်အပြင် စစ်ကောင်စီ လက်အောက်ခံ မန်ပန်ပြည်သူ့စစ်များလည်း ရှိနေကြောင်း သိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...

MNDAA မှတ်ပုံတင် ၆သောင်းကျော်ထုတ်ပေးပြီး တပ်သားစုဆောင်းနေ

0
သျှမ်းပြည်မြောက်ပိုင်းရှိ ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့၏ အုပ်ချုပ်ရေးနယ်မြေအတွင်း ကျေးရွာများအထိ ကွင်းဆင်း၍ မှတ်ပုံတင်ပြုလုပ်ပေးသည့် လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း MNDAA သတင်းများကို ဖော်ပြနေသော The Kokang က ထုတ်ပြန်သည်။ ကိုးကန့်ခရိုင် အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် လများအတွင်း ဒေသခံပြည်သူ...

လားရှိုးမြို့ ရှော့တိုက်ဒုံး ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဇူလိုင် ၉ ရက်) ယနေ့ ညနေ ၅ နာရီဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် (၆) နှင့် ရပ်ကွက် (၁၀) အတွင်းသို့...