Wednesday, January 28, 2026

မိုးရွာတိုင်း တန့်ယန်း လွယ်လွမ့် ပရဟိတကျောင်းသားများ ရွှံ့ထဲတွင် စာသင်နေရ

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် အတွင်းရှိ လွယ်လွမ့် ပရဟိတကျောင်းတွင် စာသင်ကြားနေသည့် ကလေးငယ်များသည် မိုးရာသီရောက်တိုင်း အခက်အခဲများစွာ ရင်ဆိုင်နေရကြောင်း သိရသည်။

ရွှံထဲမှာ စာသင်နေရတဲ့ သျှမ်းပြည် ကလေးများ (Nang Mo Hseng/ Facebook)

ထိုနေရာသည် တန့်ယန်းမြို့နယ် လုံပုံကျေးရွာအုပ်စု နောင်လုံးကျေးရွာ တွင်တည်ရှိပြီး ကျောင်းသား ၁၀၀ ကျော် ပညာဆည်းပူးနေကြောင်း ထိုကျောင်းတွင် စာသင်ပေးနေသည့် ဆရာမ နန်းမိုဆိုင် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ မိုးရွာရင် သက်ကယ်နဲ့လုပ်ထားတော့ မိုးရေတွေယိုတယ်။ စာသင်ခန်းထဲရေလျှံတယ်။ မြေကြီးဆိုတော့ ရွှံ့ကြားထဲမှာ စားသင်နေရတာပေါ့” ဟု နန်းမိုဆိုင် က ဆိုသည်။

ထိုကျောင်းသည် ပညာရေး သင်ယူရန် အခွင့်အလမ်းကင်းမဲ့သည့် တန့်ယန်းမြို့နယ်ထဲမှ ကျေး ရွာများမှ ကလေးငယ်များဖြစ်ကြောင်း၊ ကျေးရွာထဲတွင် မူးယစ်ဆေးဝါး ပေါများသဖြင့် ကလေးငယ်များ အကျင့်မပျက်အောင် လွယ်လွမ့် ပရဟိတကျောင်းကို ထူထောင်ခဲ့ရခြင်းဖြစ်သည် ဟု နန်းမိုဆိုင် ပြောပြသည်။

Photo by Nang Mo Hseng

“ ရွာ ၁၃ ရွာ က ကလေးတွေပါ။ အဲ့ကလေးတွေ နေတဲ့ရွာတွေမှာ စာသင်ကျောင်းမရှိဘူး။ နောက် ရွာတွေမှာ မူးယစ်ဆေးတွေ ပေါလွန်းလို့ကလေးတွေ အကျင့်မပျက်အောင် ကျောင်းမှာ ခေါ်ထားရတာပါ” ဟု နန်းမိုဆိုင် က ထပ်လောင်းပြောသည်။

လွယ်လွမ့် ပရဟိတ ကျောင်းတွင် သူငယ်တန်းမှ သတ္တမတန်းထိ ရှိပြီး၊ အသက် ၆နှစ် အရွယ်မှ အသက် ၁၄နှစ် အရွယ် ထိ ကျောင်းအိပ်ကျောင်းစားအဖြစ် လာရောက်နေထိုင် ပညာသင်ကြကြောင်း သိရသည်။

ကလေးငယ်များအတွက် အဆင်ပြေသည့် စာသင်ကျောင်းဆောင် တဆောင် လိုအပ်ကြောင်း လည်း ဆရာမ က ဖြည့်စွက်ပြောသည်။

ထိုပရဟိတကျောင်းသည် လွန်ခဲ့သည့် ၂၀၁၈ ခုနစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး၊ အလှူရှင်များဖြင့် ရပ်တည်နေရသည့် ကျောင်းတကျောင်းဖြစ်ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တန့်ယန်းမြို့နယ် မီးဖြတ်တောက်ချိန် များနေသဖြင့် ပြည်သူများ ဝင်ငွေပိုင်း ထိခိုက်မှုရှိနေ

0
သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့တွင် မီးဖြတ်တောက်ချိန်များနေသဖြင့် ပြည်သူများ ဝင်ငွေပိုင်း ထိခိုက်မှု ရှိနေကြောင်း သတင်းသိရသည်။ ယခု ဒီဇင်ဘာလဆန်းပိုင်းမှ စတင်ကာ တန့်ယန်းမြို့အတွင်း၌ အချိန်ပိုင်း အလှည့်ကျပေးမည်ဟု အချိန်ဇယား ထုတ်ပြန်ခဲ့သော်လည်း မီးပျက်သည့် အချိန် များနေပြီး ဒေသခံများက စားသောက်ရေးပိုင်း နှင့် ဝင်ငွေပိုင်းများ ထိခိုက်နေကြောင်း ဒေသခံ...

တန့်ယန်းမြို့နယ်အတွင်း တပ်သားသစ်များစုဆောင်းနေ

0
သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်အတွင်းတွင် တအာင်းအမျိုးသားတပ်မတော် TNLA နှင့် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တို့က တပ်သားသစ်များ စုဆောင်းနေကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။ တန့်ယန်းမြို့နယ်အတွင်းရှိ လွယ်လိန်းတောင်တက်လမ်းတစ်လျှောက်တွင် သွားလာလှုပ်ရှားတတ်သည့် TNLA တပ်ဖွဲ့သည် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာမှ ဒေသခံများကို စစ်ပညာ လာရောက် သင်ယူရန် စေခိုင်းမှုများ ရှိနေကြောင်း...

တန့်ယန်းမြို့နယ် MNDAA မှ တပ်သားသစ်နှင့် အမျိုးသမီးများကို တောင်းခံနေ

0
သျှမ်းပြည် မြောက်ပိုင်း တန့်ယန်းမြို့နယ်အတွင်းရှိ နောင်လန်ကျေးရွာအုပ်စု ကုန်းကော်ရွာတွင် ကိုးကန့်တပ်မတော် (MNDAA) တပ်ဖွဲ့မှ စစ်သားသစ်နှင့် အမျိုးသမီးများကို တောင်းခံမှု ပြုလုပ်နေသဖြင့် ကုန်းကော်ရွာခံများက တိမ်းရှောင်ထွက်ပြေးနေရကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၁၉ ရက် နံနက်ပိုင်းတွင် MNDAA တို့သည် ကုန်းကော်ကျေးရွာမှ ရွာလူကြီးထံသို့ တပ်သားသစ်အတွက်...

တန့်ယန်းမြို့နယ် ကျောက်မီးသွေး တူးဖော်မည် မဟုတ်ကြောင်း ကုမ္ပဏီမှ ကတိပေး

0
သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်အတွင်း ကျောက်မီးသွေးတူးဖော်ရန် ကြိုးစားနေသည့် ငွေရည်ပုလဲ ကုမ္ပဏီသည် ဒေသခံပြည်သူများက ဝိုင်းဝန်းဆန့်ကျင်ကန့်ကွက်မှုကြောင့် ကျောက်မီးသွေးကို တူးဖော်တော့မည် မဟုတ်ကြောင်း ပြည်သူများကို ကတိပေးခဲ့သည်ဟု စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၁၇ ရက်နေ့ မနက်ပိုင်း ၁၁ နာရီဝန်းကျင်တွင် မိုင်းဟဌာနေ ပြည်သူ့စစ်အဖွဲ့ နှင့် ငွေရည်ပုလဲ...

တန့်ယန်းမြို့နယ် ကျောက်မီးသွေးတိုးချဲ့တူးဖော်ရန် စီစဉ်နေ

0
သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် နားဟုတ်ကျေးရွာအုပ်စု တက်လျက်ကျေးရွာတွင် ကျောက်မီးသွေး တိုးချဲ့ပြီး တူးဖော်ရန် ကုမ္ပဏီ က ဒေသခံများကို လာရောက်စည်းရုံးနေကြောင်း စုံစမ်းသိရသည်။ Photo Tangyan Youth -တန့်ယန်းမြို့နယ် တတ်လျက်ရွာတောင်ဘက်က ကျောက်မီးသွေးတူးဖော်တဲ့နေရာ ထို့ကြောင့် တန့်ယန်းမြို့နယ် နားဟုတ်ကျေးရွာအုပ်စု တက်လျက်ကျေးရွာ တွင် ကျောက်မီးသွေးတိုးချဲ့ တူးဖော်ရန် အတွက်...