Tuesday, January 27, 2026

တန့်ယန်းမြို့နယ်အတွင်း တပ်သားသစ်များစုဆောင်းနေ

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်အတွင်းတွင် တအာင်းအမျိုးသားတပ်မတော် TNLA နှင့် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တို့က တပ်သားသစ်များ စုဆောင်းနေကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

တန့်ယန်းမြို့နယ်အတွင်းရှိ လွယ်လိန်းတောင်တက်လမ်းတစ်လျှောက်တွင် သွားလာလှုပ်ရှားတတ်သည့် TNLA တပ်ဖွဲ့သည် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာမှ ဒေသခံများကို စစ်ပညာ လာရောက် သင်ယူရန် စေခိုင်းမှုများ ရှိနေကြောင်း ဒေသံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တစ်ရွာကို ရွာသား ဘယ်လောက်က စစ်ပညာသင်ဖို့ စာရင်းလာပေးပါ၊ စာရင်းမရှိတဲ့ရွာဆိုရင် မြေဧက ဘယ်လောက်က သူတို့ (TNLA) သိမ်းယူမယ်ပေါ့၊ ဆိုလိုတာက လူမရှိရင် မြေသိမ်းမယ်ဆိုတဲ့ သဘော” ဟု ပန်လုံကျေးရွာမှ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် TNLA တို့သည် တန့်ယန်းမြို့နယ်မှ လွယ်လိန်းတောင်တက်လမ်းနှင့် အနီးပတ်ဝန်းကျင်ရှိ သျှမ်းရွာနှင့် ပလောင်ကျေးရွာများအပါအဝင် စားနပ်ရိက္ခာများ တောင်းဆိုခြင်း၊ လူအင်အားတောင်းဆိုခြင်းများ ရှိနေကြောင်း သိရသည်။

ယင်းကဲ့သို့ ရိက္ခာတောင်းယူမှု / လူသစ်တောင်းယူမှုများနှင့် ပတ်သက်ပြီး TNLA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး တာဘုန်းကျော်ကို အကြိမ်ကြိမ်ကြိုးစားဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပါ။

ထို့အပြင် အာဏာသိမ်းစစ်ကောင်စီလက်အောင်ခံ တန့်ယန်းမြို့မှ ပြည်သူ့စစ်တပ်ဖွဲ့ကလည်း တန့်ယန်းမြို့နယ်ရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များအထိ လူသစ်ကောက်ခံခြင်းများ ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

“မန်ပန်ပြည်သူ့စစ်တပ်ဖွဲ့ကကောက်နေပါတယ်၊ ကျေးရွာ၊ အုပ်စုတစ်ခုမှာ လူနှစ်ယောက်ပေးရတယ်၊ လူမပေးနိုင်ရင် ပိုက်ဆံပေးရမယ်၊ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ရွာသားတွေဘက်က လက်မခံနိုင်လို့ သက်ဆိုင်ရာ လူကြီးတွေက ဆွေးနွေးညှိနှိုင်းပေးနေပါတယ်” ဟု တန့်ယန်းမြို့မှ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မန့်ပန်ပြည်သူ့စစ်တပ်ဖွဲ့သည် ယခင်က တန့်ယန်းမြို့နယ်အတွင်း ကျေးရွာများတွင်သာ လူသစ်စုဆောင်းလေ့ရှိသော်လည်း အာဏာသိမ်းပြီးနောက် မြို့ပေါ်ရပ်ကွက်များအထိ လှုပ်ရှားလာကြောင်း သိရသည်။

တန့်ယန်းမြို့နယ်တွင် မန်ပန်ပြည်သူ့စစ်အပြင် မိုင်းဟပြည်သူ့စစ်လည်းလှုပ်ရှားလျက်ရှိပြီး SSPP, TNLA တိုင်းရင်းသားလက်နက်ကိုင်များလည်း လှုပ်ရှားလျက်ရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...

လူမျိုးတမျိုးနှင့်တမျိုး မေတ္တာတရားဖြင့် အတူနေထိုင်သွားရမည်ဟု TNLA ဥက္ကဋ္ဌ ပြော

0
မိမိတို့ ထိန်းချုပ်ဒေသအတွင်းတွင် ရှိသော သျှမ်း၊ တအာင်း၊ ကချင်၊ ဗမာ၊ ဂေါ်ရခါး၊ ခိုလှုံလီရှော၊ လီဆူ၊ ကိုးကန့် နှင့် အခြားတိုင်းရင်းသားများစွာ စုပေါင်းနေထိုင်ကြခြင်းဖြစ်သောကြောင့် လူမျိုးတမျိုးနှင့်တမျိုး မေတ္တာတရားဖြင့် အတူနေထိုင်သွားရမှာဖြစ်သည်ဟု တအာင်းတပ် (TNLA)မှ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောသည်။ ယနေ့ ဇန်နဝါရီ...

နမ့်ခမ်းမြို့တွင် စက်သုံးဆီသိုလှောင်ရုံတစ်ခု မီးလောင်ပြီး လူ ၂ ဦး ဒဏ်ရာရ

0
သျှမ်းပြည် နမ့်ခမ်းမြို့တွင် စက်သုံးဆီ သိုလှောင်ထားသည့် ဂိုထောင်တစ်ခု မီးလောင်ကျွမ်းခဲ့ရာ လူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၃ ရက်) ည ၈ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်း ရပ်ကွက်ရှိ စက်သုံးဆီ အမျိုးမျိုးနှင့်...