တန့်ယန်းမြို့နယ်အတွင်း တပ်သားသစ်များစုဆောင်းနေ

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်အတွင်းတွင် တအာင်းအမျိုးသားတပ်မတော် TNLA နှင့် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တို့က တပ်သားသစ်များ စုဆောင်းနေကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

တန့်ယန်းမြို့နယ်အတွင်းရှိ လွယ်လိန်းတောင်တက်လမ်းတစ်လျှောက်တွင် သွားလာလှုပ်ရှားတတ်သည့် TNLA တပ်ဖွဲ့သည် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာမှ ဒေသခံများကို စစ်ပညာ လာရောက် သင်ယူရန် စေခိုင်းမှုများ ရှိနေကြောင်း ဒေသံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တစ်ရွာကို ရွာသား ဘယ်လောက်က စစ်ပညာသင်ဖို့ စာရင်းလာပေးပါ၊ စာရင်းမရှိတဲ့ရွာဆိုရင် မြေဧက ဘယ်လောက်က သူတို့ (TNLA) သိမ်းယူမယ်ပေါ့၊ ဆိုလိုတာက လူမရှိရင် မြေသိမ်းမယ်ဆိုတဲ့ သဘော” ဟု ပန်လုံကျေးရွာမှ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် TNLA တို့သည် တန့်ယန်းမြို့နယ်မှ လွယ်လိန်းတောင်တက်လမ်းနှင့် အနီးပတ်ဝန်းကျင်ရှိ သျှမ်းရွာနှင့် ပလောင်ကျေးရွာများအပါအဝင် စားနပ်ရိက္ခာများ တောင်းဆိုခြင်း၊ လူအင်အားတောင်းဆိုခြင်းများ ရှိနေကြောင်း သိရသည်။

ယင်းကဲ့သို့ ရိက္ခာတောင်းယူမှု / လူသစ်တောင်းယူမှုများနှင့် ပတ်သက်ပြီး TNLA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး တာဘုန်းကျော်ကို အကြိမ်ကြိမ်ကြိုးစားဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပါ။

ထို့အပြင် အာဏာသိမ်းစစ်ကောင်စီလက်အောင်ခံ တန့်ယန်းမြို့မှ ပြည်သူ့စစ်တပ်ဖွဲ့ကလည်း တန့်ယန်းမြို့နယ်ရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များအထိ လူသစ်ကောက်ခံခြင်းများ ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

“မန်ပန်ပြည်သူ့စစ်တပ်ဖွဲ့ကကောက်နေပါတယ်၊ ကျေးရွာ၊ အုပ်စုတစ်ခုမှာ လူနှစ်ယောက်ပေးရတယ်၊ လူမပေးနိုင်ရင် ပိုက်ဆံပေးရမယ်၊ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ရွာသားတွေဘက်က လက်မခံနိုင်လို့ သက်ဆိုင်ရာ လူကြီးတွေက ဆွေးနွေးညှိနှိုင်းပေးနေပါတယ်” ဟု တန့်ယန်းမြို့မှ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မန့်ပန်ပြည်သူ့စစ်တပ်ဖွဲ့သည် ယခင်က တန့်ယန်းမြို့နယ်အတွင်း ကျေးရွာများတွင်သာ လူသစ်စုဆောင်းလေ့ရှိသော်လည်း အာဏာသိမ်းပြီးနောက် မြို့ပေါ်ရပ်ကွက်များအထိ လှုပ်ရှားလာကြောင်း သိရသည်။

တန့်ယန်းမြို့နယ်တွင် မန်ပန်ပြည်သူ့စစ်အပြင် မိုင်းဟပြည်သူ့စစ်လည်းလှုပ်ရှားလျက်ရှိပြီး SSPP, TNLA တိုင်းရင်းသားလက်နက်ကိုင်များလည်း လှုပ်ရှားလျက်ရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...