Wednesday, January 28, 2026

တန့်ယန်းမြို့နယ် ကျောက်မီးသွေး တူးဖော်မည် မဟုတ်ကြောင်း ကုမ္ပဏီမှ ကတိပေး

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်အတွင်း ကျောက်မီးသွေးတူးဖော်ရန် ကြိုးစားနေသည့် ငွေရည်ပုလဲ ကုမ္ပဏီသည် ဒေသခံပြည်သူများက ဝိုင်းဝန်းဆန့်ကျင်ကန့်ကွက်မှုကြောင့် ကျောက်မီးသွေးကို တူးဖော်တော့မည် မဟုတ်ကြောင်း ပြည်သူများကို ကတိပေးခဲ့သည်ဟု စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၇ ရက်နေ့ မနက်ပိုင်း ၁၁ နာရီဝန်းကျင်တွင် မိုင်းဟဌာနေ ပြည်သူ့စစ်အဖွဲ့ နှင့် ငွေရည်ပုလဲ ကုမ္ပဏီမှ တာဝန်ရှိသူများသည် ခြံပိုင်ရှင် (၃၀)ကျော်နှင့် ဒေသခံများကို တန့်ယန်းမြို့နယ် နားဟုတ် ကျေးရွာအုပ်စုမှ နားဟုတ်အခြေခံပညာကျောင်းတွင် အစည်းအဝေးခေါ်ယူခဲ့သည်။

ထိုအစည်းအဝေးတွင် မိုင်းဟပြည်သူ့စစ်မှ ပြည်သူဘက်ရပ်တည်ပေးမည်ဟု ကတိပေးခဲ့ကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကုမ္ပဏီဘက်ကတော့ ပြည်သူတွေ သဘောမတူရင်လည်း ကျောက်မီးသွေးကို မတူးတော့ပါဘူး၊ ကန့်ကွက်တဲ့ သူရှိနေတော့ အတင်းမလုပ်တော့ဘူး၊ ပြည်သူတွေကိုလိုက်ပြီးလည်း နှောင့်ယှက်မှု မပေးဘူးလို့ပြောတယ်၊ မိုင်းဟ ပြည်သူ့စစ်ကလည်း ပြည်သူတွေရဲ့ သဘောအတိုင်းပဲ ပြည်သူဘက်က ရပ်တည်ပေးမယ်၊ ပြည်သူတွေမကြိုက်တဲ့ ကျောက်မီးသွေး တူးဖော်မှု မရှိစေရဘူးလို့ ပြောသွားတယ်” ဟု ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းကဲ့သို့ ကုမ္ပဏီဘက်မှ တန့်ယန်းမြို့နယ် နားဟုတ်ကျေးရွာအုပ်စုအနီး ဖြတ်သန်းစီးဆင်းနေသည့် နမ့်ပန်မြစ်ကမ်းဘေးတစ်လျှောက် ကျောက်မီးသွေးတူးဖော်မှုကို ဒေသခံ ပြည်သူ (၃၀၀၀)ကျော်က ဝိုင်းဝန်းကန့်ကွက်သည့်အတွက် နောက်ဆုတ်ပေးကြောင်းနှင့် ပြည်သူ့စစ်များမှလည်း ပြည်သူ့ဘက်ရပ်တည်ပေးခြင်း ဖြစ်ကြောင်း နားဟုတ်ရွာခံတစ်ဦးကလည်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ပြည်သူ့အားလို့ ပြောရမှာပေါ့၊ ကျနော်တို့ ရွာသား ၃၀၀၀ ကျော်နဲ့ရွာပေါင်း ၁၄ ရွာက ဝိုင်းဝန်းဆန့်ကျင်တဲ့ အကျိုး အဆက်ပေါ့၊ ကုမ္ပဏီဘက်က မတူးတော့ဘူးလို့ ကတိစကားတွေနဲ့ ခုလိုပြောလာတော့ ကျနော်တို့ပြည်သူအနေနဲ့ ဝမ်းသာပါတယ်၊ ပြီးတော့ ပြည်သူဘက်က ရပ်တည်ပေးတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ရှိတော့ ပိုပြီးဝမ်းသာတယ်” ဟု နားဟုတ် ရွာသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ငွေရည်ပုလဲ ကုမ္ပဏီမှ ကျောက်မီးသွေးတူးဖော်ရန် ပြင်ဆင်နေသည့် နေရာသစ်သည် ပြည်သူပိုင် လယ်ယာခြံ မြေနေရာများဖြစ်ကြသည့်အတွက် နောင်လာမည့် သားစဥ်မြေးဆက်များအတွက် စိုက်ပျိုးဖြစ်စေလိုကြောင်းနှင့် လက်ရှိမှာလည်း ပြည်သူတို့၏ ဝမ်းစာအတွက် လုပ်ကိုင်စားသောက်နေရသည့် မြေနေရာဖြစ်နေကြောင်းလည်း သိရသည်။

“ကုမ္ပဏီက ကျနော်တို့ မြေပေါ်မှာ သတ္တုလာတူးမယ်ဆိုတာ ကျနော်တို့ လုံးဝသဘောမတူနိုင်ဘူး၊ ဒီမြေကို အားကိုးပြီး ကျနော်တို့က လုပ်ကိုင်စားသောက်နေကြရတာ၊ လျော်ကြေးငွေလည်း ကျနော်တို့လက်မခံနိုင်ဘူး၊ ဒီမြေတွေက ကျနော်တို့ ဘိုးဘွားလက်ထက်နေ အခုကျနော်တို့လက်ထဲ၊ ပြီးတော့ ကျနော်တို့ သားသမီးတွေအတွက် ဖြစ်စေရမယ်၊ ကျနော်တို့ မြေပေါ်မှာ ဘယ်ကုမ္ပဏီကိုမှ လက်မခံနိုင်ပါဘူး” ဟု အထက်ပါ နားဟုတ်ကျေးရွာခံက ပြောသည်။

ငွေရည်ပုလဲ ကုမ္ပဏီမှ ကျောက်မီးသွေးတူးဖော်ရန် လျာထားသည့် နေရာသစ်သည် တန့်ယန်းမြို့ နှင့် ကိုးမိုင် ခန့်ကွာဝေးသည့် နမ့်ပန်မြစ်(မြောက်ဘက်)ကမ်းဘေးတစ်လျှောက်ရှိ စုစုပေါင်း မြေဧက (၈၅၀)ခန့် ရှိနေကြောင်းလည်း သိရသည်။

အဆိုပါ သတ္တုတူးဖော်ရေးလုပ်ငန်း ရပ်တန့်ပေးရေးအတွက် ဒေသခံပြည်သူတို့သည် သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည် တပ်မတော် (SSPP/SSA)၊ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)နှင့် မိုင်းဟပြည်သူ့စစ် အဖွဲ့ထံသို့ ပြီးခဲ့သည့် မေလ (၈)ရက်နေ့က အကူအညီတောင်းခံစာ ပေးပို့ခဲ့ဖူးကြောင်းလည်း သိရသည်။

ငွေရည်ပုလဲ ကုမ္ပဏီမှ ကျောက်မီးသွေး တူးဖော်ရန် နေရာသစ်လျားထာသည့် တန့်ယန်းမြို့နယ်မှ နမ့်ပန်မြစ်သည် သံလွင်မြစ်၏ အဓိက မြစ်လက်တက်ဖြစ်ပြီး စိုက်ပျိုးရေးဖြင့်အသက်မွေးနေကြသည့် ဒေသခံပြည်သူ (၃၀၀၀)ကျော် မှီတင်းနေထိုင်ကြသည့် ဒေသဖြစ်ကြောင်း သိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါအထိ တရုတ်နံပတ်ပြားတပ် ကားကြီးများ ကျောက်မီးသွေး လာရောက်သယ်ယူပြီး ချင်းရွှေဟော်ဂိတ်မှတဆင့် ရောင်းချ

0
သျှမ်းပြည် သီပေါမြို့နယ် နမ္မကျောက်မီးသွေးတွင်းအထိ တရုတ်နံပတ်ပြားတပ် ကုန်တင်ကားကြီးများ ကျောက်မီးသွေး လာရောက်သယ်ဆောင်ပြီး ချင်းရွှေဟော်ဂိတ်မှတဆင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချနေကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့ကို ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်နိုင်ပြီးနောက် ယမန်နှစ် စက်တင်ဘာလမှ စတင်ပြီး သီပေါမြို့နယ်ရှိ ငွေရည်ပုလဲ ကုမ္ပဏီ တူးဖော်နေသည့် နမ္မကျောက်မီးသွေးတွင်းသို့ တရုတ်နံပတ်ပြားတပ် ကုန်တင်ကားကြီးများ...

ကျေးသီးမြို့နယ် ကျောက်မီးသွေး တူးဖော်မှုဒဏ်ကြောင့် ကလေးငယ်များ အရေးပြားရောဂါ စတင်ဖြစ်

0
သျှမ်းပြည် တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်း ကျောက်မီးသွေး အလွန်အကျွံ တူးဖော်မှုကြောင့် ကလေးငယ်များ အရေးပြားရောဂါ စတင်ဖြစ်ပွားလာကြောင်း စုံစမ်းသိရသည်။ ကျေးသီးမြို့နယ် ကျောက်မီးသွေးအလွန်အကျွံတူးဖော်မှုကြောင့် သစ်တောများပြုန်းတီးကာ ပတ်ဝန်းကျင်ညစ်ညမ်းခြင်း၊ ရေသန့်ရှင်းမှုမရှိခြင်းတို့ကြောင်း ကလေးငယ်များ အရေးပြားရောဂါ၊ ယားယံရောဂါများ စတင်ဖြစ်လာကြောင်း ကျေးလက်ကျန်းမာရေး ဆရာမ တစ်ဉီးက သျှမ်းသံတော်ဆင့် ကိုပြောသည်။ “ ကျေးသီးဘက်မှာက...

တာချီလိတ် ရေကြီးမှု အဆိုးရွားဆုံးကြုံတွေ့နေရ

0
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် ရေကြီး၊ရေလျှံသည် ယခုနှစ်အတွင်း ၈ကြိမ်တိုင်ခဲ့ပြီး၊ အဆိုးရွားဆုံးအခြေအနေဖြစ်ကာ ပိတ်မိနေသူများရှိနေကြောင်း စုံစမ်းသိရသည်။ တာချီလိတ်မြို့နယ်အတွင်းနှင့် မြို့ပတ်လည်ရှိဒေသများတွင် ရေကြီး၊ရေလျှံမှုကြောင့် နေအိမ်အဆောက်အဉီး အားလုံးနီပါး မြှုပ်ကုန်ပြီး၊ အများစုသည် ရှောင်တိမ်းရန် ခက်ခဲသဖြင့် အိမ်ခေါင်မိုးပေါ်သို့ တက်နေရသည်။ ထို့ပြင် ရေကြီးမှု ရုတ်တရက်ဖြစ်ပွားသဖြင့် အိမ်ထဲပိတ်မိနေသည့် ပြည်သူများရှိကြောင်း တာချီလိတ်မြို့ဒေသခံ တစ်ဉီးက...

ကျေးသီးမြို့နယ် ကျောက်မီးသွေး အလွန်အကျွံ တူးဖော် အနံ့ဆိုးထွက်၊ ဒေသခံများ ကျန်းမာရေးထိခိုက်နေ

0
သျှမ်းပြည် ကျေးသီးမြို့နယ်တွင် ကျောက်မီးသွေး အလွန်အကျွံ တူးဖော်နေခြင်းကြောင့် အနံဆိုးထွက်ပြီး ဒေသခံပြည်သူများ ကျန်းမာရေးထိခိုက်နေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၃ ဇူလိုင်လ မှ စတင်ပြီး လက်ရှိအချိန်ထိ ၈ လ အတောအတွင်း လွိုင်လင်ခရိုင် ကျေးသီးမြို့ အရှေ့ဘက်ရှိ မိုင်းကောင်ကျေးရွာတဝိုက်တွင် ကုမ္ပဏီ ၄ ခုမှ...

သီပေါမြို့နယ် ကျောက်မီးသွေးတူးသည့် ငွေရည်ပုလဲ ကုမ္ပဏီကို ဒေသခံ လူငယ်များ ကန့်ကွက်

0
သျှမ်းပြည် ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်း ကျောက်မီးသွေး တူးဖော်နေသည့် ငွေရည်ပုလဲ ကုမ္ပဏီကို ဒေသခံ လူငယ်များ ကန့်ကွက်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁ ရက်တွင် ကျောက်မဲခရိုင်အတွင်းမှ လူငယ်များ စုပေါင်းကာ သီပေါမြို့နယ်၊ နမ့်မကျေးရွာအုပ်စုအတွင်း ကျောက်မီးသွေး တူးနေသည့် ငွေရည်ပုလဲ...