Tuesday, January 27, 2026

တန့်ယန်းမြို့နယ် ကျောက်မီးသွေးတိုးချဲ့တူးဖော်ရန် စီစဉ်နေ

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် နားဟုတ်ကျေးရွာအုပ်စု တက်လျက်ကျေးရွာတွင် ကျောက်မီးသွေး တိုးချဲ့ပြီး တူးဖော်ရန် ကုမ္ပဏီ က ဒေသခံများကို လာရောက်စည်းရုံးနေကြောင်း စုံစမ်းသိရသည်။

Photo Tangyan Youth -တန့်ယန်းမြို့နယ် တတ်လျက်ရွာတောင်ဘက်က ကျောက်မီးသွေးတူးဖော်တဲ့နေရာ

ထို့ကြောင့် တန့်ယန်းမြို့နယ် နားဟုတ်ကျေးရွာအုပ်စု တက်လျက်ကျေးရွာ တွင် ကျောက်မီးသွေးတိုးချဲ့ တူးဖော်ရန် အတွက် မေ (၇)ရက်တွင် ကျေးရွာအုပ်စု ဥက္ကဌ က ပြည်သူများကို စည်းဝေးခေါ်ကာ ကျောက်မီးသွေးတူးဖော်ခွင့် သဘောတူညီကြောင်း လက်မှတ်ရေးထိုးခိုင်းကြောင်း သတင်းရရှိသည်။

ထိုအစည်းဝေးတွင် ပြည်သူ (၁၅) ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။

ပြည်သူများကို အဓမ္မ လက်မှတ်ထိုးခိုင်းခဲ့ပြီး ပြည်သူ (၄) ဦးက လက်မှတ်ထိုးခဲ့ရကြောင်း၊ ကျန်ရှိသူများကို လက်မှတ်အတုလုပ်ဆောင်ခဲ့ကြောင်းလည်း အစည်းအဝေး တက်သည့် တန့်ယန်းဒေသခံ တစ်ဦးက ပြောသည်။

“ မေလ ၇ ရက်က သူစည်းဝေးခေါ်တယ်။ စည်းဝေးမှာက ကျနော်တို့လယ်ထဲမှာ ကျောက်မီးသွေးတူးဖို့ပြောတယ်။ အဲ့ဒါသဘောတူဖို့ လက်မှတ်ထိုးခိုင်းတာ။ အဓမ္မနဲ့ထိုးခိုင်းလိုက်တာ (၄) ယောက်တော့ထိုးပေးလိုက်ရတယ်။ ကျန်တဲ့ (၁၁)အတွက်ကို သူတို့ လက်မှတ်အတုလုပ်ပြီးထိုးလိုက်တယ် ” ဟု တန့်ယန်းမြို့ ဒေသခံတစ်ဦးကပြောသည်။

ထိုကျေးရွာအုပ်စု ဥက္ကဌသည် ပြည်သူများက တင်မြှောက်ထားသော ကျေးရွာအုပ်စု ဥက္ကဌ မဟုတ်ကြောင်း နားဟုတ်ရွာခံတဦးကပြောသည်။

“ သူက ကျနော်တို့ ပြည်သူတင်မြောက်ထားတဲ့ အုပ်ကြီးမဟုတ်ဘူး။ အာဏာသိမ်းပြီးနောက်တက်လာတဲ့ အုပ်ကြီးဖြစ်တယ်။ အုပ်ချုပ်တာမကြာသေးဘူး။ ပြည်သူတွေရဲ့ လက်မှတ်တုတွေလုပ်တက်နေပြီး” ဟု နားဟုတ်ရွာခံတဦးကပြောသည်။

ကုမ္ပဏီများမှာ လက်ရှိတွင် နာဟုတ်ကျေးရွာအုပ်စု တက်လျက်ကျေးရွာတွင် ကျောက်မီးသွေးတူးဖော်နေပြီး ပိန်းမုံကျေးရွာ၊ ဝမ်းကောင်း၊ ဝမ်းလုံ နှင့် မန်းကျောင်း ကျေးရွာတို့တွင် တိုးချဲ့တူးဖော်ရန် အတွက် ပြည်သူများထံ သဘောတူ လက်မှတ်တောင်းခဲ့ကြောင်းသိရသည်။


“ ကျနော်တို့ SNLDပါတီ၊ SSPP/SSA နဲ့ ပြည်သူစစ်တွေမှာ သူတို့လာမတူးဖို့ စာတင်ထားတယ်။ စစ်ရေးနိုင်ငံရေးမကောင်းတော့ ပြည်သူကတော့ အစစရာရာ စိုးရိမ်မှုများနေတာပဲ။” ဟု တန့်ယန့်မြို့နယ် နားဟုတ်ကျေးရွာအုပ်စုတွင်နေထိုင်သည့် အမျိုးသားတဦး ကပြောသည်။

Photo Tangyan Youth -တန့်ယန်းမြို့နယ် တတ်လျက်ရွာတောင်ဘက်က ကျောက်မီးသွေးတူးဖော်တဲ့နေရာ


ယခု ကျောက်မီးသွေးတူးဖော်ချင်သည့်နေရာသည် နမ့်ပန်ချောင်းဦး ဒေသဖြစ်သောကြောင့် ချောင်းရေပျက်စီးသွား မည်ကိုလည်း ဒေသခံများက စိုးရိမ်နေကြသည်။

“ သူတို့က ချောင်းဘေးနားမှာတူးချင်တာ။ နမ့်ပန်ပျက်စီးသွားရင် အကုန်ထိမှာ။ မိုင်းရှူးမှာရှိတဲ့ ဟိုင်းပါး၊ ကွန်းဟိန်းမြို့တို့အကုန်လုံးပျက်စီးသွားနိုင်တယ်။ ဒီနမ့်ပန်က ကျနော်တို့ သျှမ်းပြည်ရဲ့ အသက်သွေးကြောလဲဟုတ်တယ်။” ဟု အထက်ပါ နားဟုတ်ကျေးရွာဒေသခံက ပြောသည်။

အလားတူ ၂၀၂၀ ခုနှစ်က တန့်ယန့်မြို့နယ် တက်လျက်ကျေးရွာတွင် ကျောက်မီးသွေး တူးဖော်မှုကြောင့် ပြည်သူနေအိမ် (၁၁) အိမ် မဖြစ်မနေပြောင်းရွေ့ခဲ့ရကြောင်းသိရသည်။

တန့်ယန်းမြို့နယ်အတွင်းတွင် ကျောက်မီးသွေးကုမ္ပဏီ၊ ရာဘာကုမ္ပဏီ များ မှ ရပ်ရွာ လယ်ယာမြေများအား အဓမ္မသိမ်းပိုက် ဝယ်ယူခြင်း၊ ဒေခံများ မွေးမြူရေး၊ စိုက်ပျိုးရေး၊ သောက်သုံးရေ အတွက်အားကိုးအားထားရသည့် ရေထွက်ဦးများ သိမ်းပိုက် ဖျက်ဆီး နေသည့် ပြသနာများ ၁၀ စု နှစ်ချီ ရှိလာနေသည်။

ယခု ကျောက်မီးသွေးတူးဖေါ်နေသည့် ကုမ္ပဏီလည်း ဗိုလ်ချုပ်ခင်ညွန့်ခေတ် စစ်အစိုးရခေတ် ၂၀၀၀ ပြည့်နှစ်ကတည်းက ဝင်ရောက်လာသည့် ကုမ္ပဏီများဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါအထိ တရုတ်နံပတ်ပြားတပ် ကားကြီးများ ကျောက်မီးသွေး လာရောက်သယ်ယူပြီး ချင်းရွှေဟော်ဂိတ်မှတဆင့် ရောင်းချ

0
သျှမ်းပြည် သီပေါမြို့နယ် နမ္မကျောက်မီးသွေးတွင်းအထိ တရုတ်နံပတ်ပြားတပ် ကုန်တင်ကားကြီးများ ကျောက်မီးသွေး လာရောက်သယ်ဆောင်ပြီး ချင်းရွှေဟော်ဂိတ်မှတဆင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချနေကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့ကို ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်နိုင်ပြီးနောက် ယမန်နှစ် စက်တင်ဘာလမှ စတင်ပြီး သီပေါမြို့နယ်ရှိ ငွေရည်ပုလဲ ကုမ္ပဏီ တူးဖော်နေသည့် နမ္မကျောက်မီးသွေးတွင်းသို့ တရုတ်နံပတ်ပြားတပ် ကုန်တင်ကားကြီးများ...

ကျေးသီးမြို့နယ် ကျောက်မီးသွေး တူးဖော်မှုဒဏ်ကြောင့် ကလေးငယ်များ အရေးပြားရောဂါ စတင်ဖြစ်

0
သျှမ်းပြည် တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်း ကျောက်မီးသွေး အလွန်အကျွံ တူးဖော်မှုကြောင့် ကလေးငယ်များ အရေးပြားရောဂါ စတင်ဖြစ်ပွားလာကြောင်း စုံစမ်းသိရသည်။ ကျေးသီးမြို့နယ် ကျောက်မီးသွေးအလွန်အကျွံတူးဖော်မှုကြောင့် သစ်တောများပြုန်းတီးကာ ပတ်ဝန်းကျင်ညစ်ညမ်းခြင်း၊ ရေသန့်ရှင်းမှုမရှိခြင်းတို့ကြောင်း ကလေးငယ်များ အရေးပြားရောဂါ၊ ယားယံရောဂါများ စတင်ဖြစ်လာကြောင်း ကျေးလက်ကျန်းမာရေး ဆရာမ တစ်ဉီးက သျှမ်းသံတော်ဆင့် ကိုပြောသည်။ “ ကျေးသီးဘက်မှာက...

တာချီလိတ် ရေကြီးမှု အဆိုးရွားဆုံးကြုံတွေ့နေရ

0
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် ရေကြီး၊ရေလျှံသည် ယခုနှစ်အတွင်း ၈ကြိမ်တိုင်ခဲ့ပြီး၊ အဆိုးရွားဆုံးအခြေအနေဖြစ်ကာ ပိတ်မိနေသူများရှိနေကြောင်း စုံစမ်းသိရသည်။ တာချီလိတ်မြို့နယ်အတွင်းနှင့် မြို့ပတ်လည်ရှိဒေသများတွင် ရေကြီး၊ရေလျှံမှုကြောင့် နေအိမ်အဆောက်အဉီး အားလုံးနီပါး မြှုပ်ကုန်ပြီး၊ အများစုသည် ရှောင်တိမ်းရန် ခက်ခဲသဖြင့် အိမ်ခေါင်မိုးပေါ်သို့ တက်နေရသည်။ ထို့ပြင် ရေကြီးမှု ရုတ်တရက်ဖြစ်ပွားသဖြင့် အိမ်ထဲပိတ်မိနေသည့် ပြည်သူများရှိကြောင်း တာချီလိတ်မြို့ဒေသခံ တစ်ဉီးက...

ကျေးသီးမြို့နယ် ကျောက်မီးသွေး အလွန်အကျွံ တူးဖော် အနံ့ဆိုးထွက်၊ ဒေသခံများ ကျန်းမာရေးထိခိုက်နေ

0
သျှမ်းပြည် ကျေးသီးမြို့နယ်တွင် ကျောက်မီးသွေး အလွန်အကျွံ တူးဖော်နေခြင်းကြောင့် အနံဆိုးထွက်ပြီး ဒေသခံပြည်သူများ ကျန်းမာရေးထိခိုက်နေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၃ ဇူလိုင်လ မှ စတင်ပြီး လက်ရှိအချိန်ထိ ၈ လ အတောအတွင်း လွိုင်လင်ခရိုင် ကျေးသီးမြို့ အရှေ့ဘက်ရှိ မိုင်းကောင်ကျေးရွာတဝိုက်တွင် ကုမ္ပဏီ ၄ ခုမှ...

သီပေါမြို့နယ် ကျောက်မီးသွေးတူးသည့် ငွေရည်ပုလဲ ကုမ္ပဏီကို ဒေသခံ လူငယ်များ ကန့်ကွက်

0
သျှမ်းပြည် ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်း ကျောက်မီးသွေး တူးဖော်နေသည့် ငွေရည်ပုလဲ ကုမ္ပဏီကို ဒေသခံ လူငယ်များ ကန့်ကွက်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁ ရက်တွင် ကျောက်မဲခရိုင်အတွင်းမှ လူငယ်များ စုပေါင်းကာ သီပေါမြို့နယ်၊ နမ့်မကျေးရွာအုပ်စုအတွင်း ကျောက်မီးသွေး တူးနေသည့် ငွေရည်ပုလဲ...