တန့်ယန်းမြို့နယ် မီးဖြတ်တောက်ချိန် များနေသဖြင့် ပြည်သူများ ဝင်ငွေပိုင်း ထိခိုက်မှုရှိနေ

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့တွင် မီးဖြတ်တောက်ချိန်များနေသဖြင့် ပြည်သူများ ဝင်ငွေပိုင်း ထိခိုက်မှု ရှိနေကြောင်း သတင်းသိရသည်။

တန့်ယန်းမြို့နယ်

ယခု ဒီဇင်ဘာလဆန်းပိုင်းမှ စတင်ကာ တန့်ယန်းမြို့အတွင်း၌ အချိန်ပိုင်း အလှည့်ကျပေးမည်ဟု အချိန်ဇယား ထုတ်ပြန်ခဲ့သော်လည်း မီးပျက်သည့် အချိန် များနေပြီး ဒေသခံများက စားသောက်ရေးပိုင်း နှင့် ဝင်ငွေပိုင်းများ ထိခိုက်နေကြောင်း ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အချိန်ဇယားပေးပြီး မီးကိုလည်း အချိန်မှန် မပေးဘူး၊ ပေးတဲ့ လိုင်းကပေးပြီး တချို့လိုင်းကတော့ ၂ ရက်တိုင်တိုင် မီးလုံးဝ မရတာလည်း ရှိနေတယ်၊ မီးပေး ရင်လည်း တစ်ချိန်လုံး braker ကျတယ် ပြန်တင်ပေးဖို့ပြောတာနဲ့ မီးက ပြန်ပျက်ပြီ၊ ဒီမီးကြောင့် တစ်မြို့လုံး ဒုက္ခရောက်နေရတယ်” ဟု အမည်မဖော်လိုသူ ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းကဲ့သို့ လျှပ်စစ်မီးပေး အချိန်မမှန်မှုကြောင့် တန့်ယန်းမြို့မှ ပြည်သူများသည် ချက်ပြုတ်စားသောက်ရေး အတွက် အခက်အခဲများ ရှိနေသည့်အပြင် တချို့သော ဝမ်းစာရှာဖွေရေးလုပ်ငန်းများလည်း ထိခိုက်လာပြီး ဝင်ငွေ ပိုင်း ထိခိုက်လာကြောင်းလည်း သိရသည်။

“အချိန်ဇယားအတိုင်း အတိအကျလာရင် နဲနဲအဆင်ပြေပါသေးတယ်၊ အခုက ညသန်းခေါင်ကြီး ရေထတင်ရတယ်၊ အဝတ်ထလျှော် ရတယ်၊ ဆံပင်လုပ်တဲ့ဆိုင်တွေဆိုလည်း မီးမရတော့ မီးစက်နဲ့ ဆိုတော့ အခုဆီစျေးနဲ့ တအားကို ဒုက္ခရောက်ကြတယ်၊ လာချင်တဲ့ အချိန်လာတော့ ထမင်းဟင်းလည်း မီးသွေး နဲ့ပဲ ချက်ရတယ်၊ ဥပမာ တစ်ရက် ၁ သိန်းလောက်ရရင် ဆီဖိုးက ၃/၄ သောင်းလောက်ကို ပြန်ထွက်နေပြီ” ဟု အထက်ပါ အမျိုးသားက ပြောသည်။

လျှပ်စစ်မီး မမှန်မှုကြောင့် ပြည်သူများ ကြုံတွေ့နေရသည့် အခက်အခဲများကို သက်ဆိုင်ရာ တာဝန်ရှိသူများကို တင်ပြတောင်းဆိုသော်လည်း မည်သည့် တုံ့ပြန်ပြောဆိုချက်မှ မရှိကြောင်း အထက်ပါ အမျိုးသားက ဆက်ပြောသည်။

“တန့်ယန်းက ပြည်သူတွေလည်း ဒီလျှပ်စစ်မီးကြောင့် တော်တော် ဒုက္ခရောက်နေကြတယ်၊ ဝင်ငွေပိုင်းတွေ ထိခိုက်သလို အခုကဆို မီးလုံးဝ မလာတာလည်း ရက်တွေ ဆက်တိုက်ရှိဖူးတယ်၊ ရပ်ကွက် တာဝန်ရှိသူတွေ လျှပ်စစ်တာဝန်ရှိသူတွေလည်း ဘာပြောပြော ငြိမ်နေကြတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်ပြောသည်။

စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းပြီးနောက်ပိုင်းတွင် တန့်ယန်းမြို့ အပါအဝင် သျှမ်းပြည်တဝှမ်းလုံး၌ လျှပ်စစ်မီး ပြတ်တောက်မှု အချိန်များပြားနေပြီး ပြည်သူများ၏ အခက်အခဲကို သက်ဆိုင်ရာ တာဝန်ရှိသူများက လျစ်လျူရှုနေသည့်အပေါ် ဝေဖန်ပြောဆိုမှုများလည်း မြင့်တက်နေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...