Tuesday, January 27, 2026

ကျောက်မီးသွေး ဓနရှင် ဆိုးမွေကြောင့် မွေးရပ်မြေစွန့်လွှတ်ရ

“ ကျနော်တို့ ရှေးထုံးဓလေ့ အရ နေအိမ်၊ ခြံဝင်း ၊ ရွာတွေထဲမှာ မြေအက်ကြောင်းရှိရင် ဘယ်သူမှ မနေချင်တော့ဘူး” လို့ အသက် ၄၀ အရွယ် စိုင်းကောင်း( အမည်လွှဲ) က စိတ်မကောင်းစွာနဲ့ ပြောလာပါတယ်။

Photo Tangyan Youth – တန့်ယန်းတွင် ရွာအောက်လှိုဏ်ခေါင်းတူးပြီး ကျောက်မီးသွေးထုတ်ယူမှုကြောင့် နေအိမ်၀င်းအထိ မြေအက်ကြောင်းများဖြစ်ပေါ်

ထိုနေရာကတော့ သျှမ်းပြည် မြောက်ပိုင်း တန့်ယန်းမြို့ နဲ့မိုင် ၉ မိုင်ခန့် အကွာမှာရှိတဲ့ နားဟုတ်အုပ်စု တတ်လျက်ရွာ ပါပဲ။

တတ်လျက်ကျေးရွာမှာ အိမ်ခြေ ၇၃ အိမ်၊ လူဦးရေ ၃၀၀ ကျော်နေထိုင်ပါတယ်။

အဲဒီဒေသမှာ လက်နက်ကိုင် တပ်ဖွဲ့တွေ၊ ပြည်သူ့စစ်တွေရှိနေတဲ့အတွက် ရွာသားတွေရဲ့ လုံခြုံရေး အရ အမည်ပြောင်းရေးပေးရခြင်းဖြစ်ပါတယ်။

ထိုကျေးရွာအနီးပတ်ဝန်းကျင်တွင် ကျောက်မီးသွေး တူးဖော်တဲ့ ကုမ္ပဏီ တွေ က မြေတွေတူးတာ ၊ လှိုဏ်ခေါင်းဖောက်ပြီး မှိုင်းခွဲ တာတွေပြုလုပ်တေတာကြောင့် တတ်လျက်ကျေးရွာ ရွာလုံးကျွတ် ပြောင်းရွှေ့ရတော့မှာပါ။

Photo Tangyan Youth -ကျောက်မီးသွေးတူးဖော်သည့်နေရာက လှိုဏ်ခေါင်း ပေါက်တခု

“ ကျနော်တို့ က မြေပြိုမှာ ကြောက်တယ်။ တခုခုဖြစ်မှာ စိုးရိမ်တယ်။ ကျောက်မီးသွေး ကုမ္ပဏီတွေ က မြေကို ဘေးတိုက် လှိုဏ်ခေါင်းဖောက်ပြီး မှိုင်းခွဲတယ်” ဟု စိုင်းကောင်း ကပြောပါတယ်။

တတ်လျက်ကျေးရွာ ဒေသခံတွေ ဟာ တခြားနေရာ ကို မပြောင်းရွှေ့ချင်ပေမယ့်ဆက်လက်နေထိုင်ဖို့ အခက်အခဲတွေ များစွာ ရှိနေတဲ့အတွက် သီတင်းကျွတ် (ဝါကျွတ်) ရင် ပြောင်းရတော့မယ်လို့ စိတ်မကောင်းစွာနဲ့ ငြီးထွားနေကြပါတယ်။

ဗုဒ္ဓဘာသာဝင် အယူအဆ ဝါတွင်း ၃လ ကာလအတွင်း အိမ်မြေပြောင်းရွှေ့ခြင်း၊ လက်ထပ်မင်္ဂလာပြုခြင်းကို မပြုလုပ်ကြပါဘူး။

ဒါ့ကြောင့် ရွာသားတွေ ဝါကျွတ်မှ ပြောင်းရွှေ့ရန် စီစဉ်လိုက်ရခြင်းဖြစ်တယ်လို့ တတ်လျက်ရွာသားတွေက ပြောဆိုလိုက်ပါတယ်။

“ အခုနေများ ၀ါတွင်းကာလ မဟုတ်ဘူးဆိုရင် မနေ့တနေ့ကတည်းက ပြောင်းရွှေ့ကြကုန်ပြီ” လို့ တတ်လျက်ရွာသား က စိတ်ညစ်စွာဖြင့် ပြောပါတယ်။

Photo Tangyan Youth -တန့်ယန်းမြို့နယ်အတွင်းက ကျောက်မီးသွေးတူးဖော်ရေးစီမံကိန်း

ထိုဒေသမှာ ဘိုးဘွားစဉ်ဆက် နှစ်ပေါင်းများစွာ နေထိုင်လုပ်ကိုင်စားသောက်လာကြပြီး ယခုကဲ့သို့မဖြစ်မနေ ပြောင်းရွှေ့ရမှာကိုတော့ တတ်လျက်ကျေးရွာ တရွာလုံးက ပူဆွေးမှုတွေ၊ ဝမ်းနည်းမှုတွေနဲ့ မပြောပြတတ်အောင်ဖြစ်နေပါတယ်။

“ ဒီမြေပေါ် မွေးလာ၊ကြီးပြင်းလာတော့ ကိုယ့်ဒေသကိုချစ်ကြတာပဲလေ။ ဘယ်သူမှ မပြောင်းချင်ကြဘူး” လို့ စိုင်းကောင်း က ဆိုပါတယ်။

တတ်လျက် ရွာလုံးကျွတ် အိုးအိမ်၊ခြံမြေတွေ စွန့်ပစ်ပြီး တခြားဆီကို သွားအခြေချရမယ့် ကိစ္စဟာ တသက်လုံး မစဉ်းစားလာခဲ့ကြောင်းလည်း ကပြောလာပါတယ်။

လက်ရှိ တတ်လျက် ရွာလုံးကျွတ်ပြောင်းရွှေ့ ရတဲ့ အကြောင်းရင်းဖြစ်တဲ့ ကျောက်မီးသွေးကိစ္စ ဟာ တူးဖော်နေတဲ့ ကုမ္ပဏီတွေနောက် လက်နက်ကိုင် တပ်ဖွဲ့တွေ ရှိနေပြီး၊ ရွာသားတွေကို ခြိမ်းခြောက် အကျပ်ကိုင်နေလား ဆိုတဲ့ စဉ်းစားစရာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

Photo Tangyan Youth -တန့်ယန်းမြို့နယ်အတွင်းကျောက်မီးသွေးတူးဖော်သည့် မြေနေရာပြပုံ

“ မြေအောက်မိုင်းခွဲမှုကို မေလ ကတည်းက စလုပ်ခဲ့ကြတာ။ မြေတွေအက်တော့ ကျနော်တို့ဆက်မနေရဲတော့ဘူးလို့ ကုမ္ပဏီကိုသွားပြောတော့ ကျနော်တို့ကို လျော်ကြေးငွေ ပေးလာတယ်” လို့ အသက် ၆၀အရွယ် လုံးဘအောင် က ပြောပါတယ်။

လက်ရှိမှာတော့ ရွာသားတွေ လျော်ကြေးငွေ အဖြစ် တဝက်သာရရှိခဲ့သေးပြီး၊ ပြောင်းရွှေ့ချိန်မှာ ထပ်မံ ပေးသွားမှာဖြစ်ကြောင်း လည်း တတ်လျက်ရွာသားတွေ ကပြောပြပါတယ်။

“အခု ကုမ္ပဏီ က တဝက် လျော်ပေးပြီးပြီ။ အိမ်ကြီးဆိုရင် တလုံး ကျပ်သိန်း ၃၅၀၊ သိပ်မကြီးရင် ကျပ်သိန်း ၂၀၀။ အိမ်အသေးလေးဆိုရင် သိန်း ၁၀၀ ပါ။ ၀ါကျွတ်လို့ အိမ်ဖြို ပြောင်းရွှေ့တာနဲ့ တဝက် ထပ်ပေးမယ်လို့ပြောပါတယ်” လုံးဘအောင် ပြောပြလာပါတယ်။

အဲဒီရွာမှာ ကျောက်မီးသွေး တူးဖော်နေတွေကတော့ ရွှေလင်္ကာ နဲ့ ငွေရည်ပုလဲ ကုမ္ပဏီတွေဖြစ်ကြပြီး၊ လတ်တလော ရွာသားတွေကို လျော်ကြေးငွေပေးတဲ့ ကုမ္ပဏီက ငွေရည်ပုလဲ ကုမ္ပဏီဖြစ်တယ်လို့ကြားသိရပါတယ်။

“ ရွှေလင်္ကာက သင်္ကြန်မတိုင်ခင် ကိုဗစ် ၁၉ စ ၀င်လာတာနဲ့ ရပ်နားထားပြီ။ အခု ရွာပြောင်းမယ့် ရွာသားတွေ ကို လျော်ကြေးပေးနေတာက ငွေရည်ပုလဲ ကုမ္ပဏီပါ” လို့ ရွာသား စိုင်းကောင်း က ပြောပြလာပါတယ်။

ငွေရည်ပုလဲ ကုမ္ပဏီဟာ နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီ( နအဖ)၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး ကောင်စီ(နဝတ) ဦးခင်ညွန့် လက်ထက်ကတည်းက ကျောက်မီးသွေး တူးဖော်ရန် အတွက် လုပ်ပိုင်ခွင့်ရထားတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။

Photo Tangyan Youth -တန့်ယန်းမြို့နယ် တတ်လျက်ရွာတောင်ဘက်က ကျောက်မီးသွေးတူးဖော်တဲ့နေရာ

ဒါ့အပြင် ငွေရည်ပုလဲ ကုမ္ပဏီရဲ့နောက်ကွယ်မှာ ဒေသ အတွင်း လှုပ်ရှားနေတဲ့ ပြည်သူ့စစ် တပ်ဖွဲ့ ရှိနေတဲ့အတွက် ဒေသခံတွေဟာ ကြောက်စိတ်နဲ့သာ နေရပ်မစွန့်ခွာချင်၊ လျော်ကြေးမယူချင်ဘဲ ထွက်ခွာရမှာဖြစ်ကြောင်း သိရပါတယ်။


တတ်လျက်ကျေးရွာ ဒေသခံ တချို့ က ဆွေမျိုးတွေရှိတဲ့ ကျေးရွာတွေဘက်ကို ပြောင်းရွှေ့ကြမှာဖြစ်ပြီး၊ အများစုကတော့ ကုမ္ပဏီ ကနေ အာမခံထားတဲ့ နေရာကို ပြောင်းရွှေ့ နေထိုင်မှာဖြစ်ကြောင်း ပြောင်းရွှေ့မယ့် ဒေသခံတွေ က ပြောပြပါတယ်။

‘ သူတို့ (ကုမ္ပဏီ) က အဲ့ဒီနေရာကို သွားပြင်ဆင်ထားပေးတယ်ပြောပါတယ်။ ရေမီးလည်းစီစဉ်ပေးမယ်လို့ပြောပါတယ်။ ’ လို့ တတ်လျက်ရွာသား စိုင်းလုံ ကပြောပါတယ်။

လွန်ခဲ့တဲ့ ၅နှစ် က ကျောက်မီးသွေး ကုမ္ပဏီတွေ ရွာအောက် လှိုဏ်ခေါင်းစတူးတဲ့အချိန်တုန်းက ရွာသားတွေက ရွာသူကြီးကို သွားတိုင်ခဲ့ပြီး၊ ထိုမှတဆင့် မြို့နယ် အုပ်ချုပ်ရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်တွေဆီလည်း စာတင်ခဲ့ဖူးကြောင်း တန့်ယန်းမြို့ အသက် ၃၅နှစ်အရွယ် လူငယ်တဦး က ပြောပြပါတယ်။

အဆိုပါ ကိစ္စ နဲ့ပတ်သက်ပြီး တန့်ယန်း လွှတ်တော်ကိုယ်စားလှယ်တွေလည်းအကြိမ်ကြိမ်ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း၊ အဲဒီနောက် ကုမ္ပဏီနဲ့ လူထုနဲ့ လည်းသွားတွေ့ကြောင်း အထက်ပါ လူငယ်က ပြောပြပါတယ်။

ကျောက်မီးသွေး တူးဖော်မှုကြောင့် ၃နှစ်ကျော်ကြာလာတဲ့အခါ တတ်လျက်ကျေးရွာ အတွင်းရှိ ချောင်း၊မြောင်းတွေ ရေခမ်းခြောက်လာပြီး ရွာမြေအက်ကွဲတာကြောင့် စိုက်ပျိုးစားသောက်ဖို့ စတင် ခက်ခဲလာကြောင်း လည်း တတ်လျက် ရွာသားတွေက တပြိုင်နက် ပြောဆိုကြပါတယ်။

“ အစပိုင်းမှာတော့ ကျောက်မီးသွေး တူးဖော်မှုနဲ့ နီးတဲ့ နေအိမ် ၁၁လုံး စတင်ပြောင်းရွှေ့ရတယ်” လို့ စိုင်းကောင်း က ပြောပြပါတယ်။

ကျောက်မီးသွေး တူးဖော်မှု ရပ်တန့်နိုင်ရေးဟာ ရွာသားတွေ အပေါ် မူတည်ကြောင်း၊ ရွာသားတွေ ကန့်ကွက်မှု ပြုလုပ်သွားမယ်ဆိုရင် လွှတ်တော်ကို်ယ်စားလှယ်တွေအနေနဲ့ လူထုရှေ့မားမားမတ်မတ်ရပ်တည်ပြီး ဆန့်ကျင်ကန့်ကွက်နိုင်မှာဖြစ်ကြောင်း အမှတ် ၃ မဲဆန္ဒနယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလျန်းခမ်း က ပြောပါတယ်။

“ တန့်ယန်းက ကျောက်မီးသွေးတူးဖော်တဲ့နေရာက ရွာသားတွေက စုပေါင်းကန့်ကွက်မှုမပြုကြဘူး။ ဉပမာ လားရှိုးမှာဆိုရင် လူထုက သဘောမတူနိုင်ဘူးဆိုပြီး ကန့်ကွက်ကြလို့ ကျနော်တို့လည်း လူထုရှေ့က မားမားမတ်မတ်ရပ်တည်ပြီး ဆန့်ကျင်ကန့်ကွက်နိုင်တာပေါ့ ’ လို့ စိုင်းဝမ်းလျန်းခမ်း က ပြောပါတယ်။

လူထုသဘောတူလက်မှတ်မထိုးရင် ဘယ်ကုမ္ပဏီ၊ ဘယ်အဖွဲ့အစည်းမှ ကျူးလွန်ပြီး လုပ်ဆောင်လို့မရကြောင်းလည်း စိုင်းဝမ်းလျန်းခမ်းက ပြောပြပါတယ်။

“မိုင်းကိုင်မှာဖြစ်ခဲ့တဲ့ဟာကိုကြည့်ပါလား။ ကုမ္ပဏီက အကြိမ်ကြိမ်လာတူးဖို့ကြိုးစားတယ်။ သံဃာတော်တွေ လူထုတွေကလည်း အမြဲတမ်းဘဲစုပေါင်းကန့်ကွက်လို့ ခုချိန်အထိ ဘယ်ကုမ္ပဏီမှလဲ လာမတူးနိုင်ဘူး” လို့ထောက်ပြပြောဆိုလိုက်ပါတယ်။

Photo Tangyan Youth -ဒေသခံလူငယ်အဖွဲ့ ကျောက်မီးသွေးတူးဖော်သည့်နေရာသို့ကွင်းဆင်းကြည့်ရှုကြစဉ်

ထို ကျောက်မီးသွေး တူးဖော်မှုနဲ့ ပတ်သက်ပြီး တန့်ယန်းလူငယ်အဖွဲ့ကလည်း လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်ကတည်းက အဲဒီဒေသကို သူတို့ အကြိမ်ကြိမ်ကွင်းဆင်းပြီးတော့ လူထုဘက်ရပ်တည်ပြီးဆန့်ကျင်ကန့်ကွက်ဖို့ လုပ်ဆောင်ခဲ့ကြောင်း၊ အခြေအနေနဲ့ လူအင်အားက မျက်နှာသာမပေးတာကြောင့် ကန့်ကွက်မှုအရာမထင်ခဲ့ကြောင်း လည်း တန့်ယန့် လူငယ်အဖွဲ့အစည်း က ပြောပါတယ်။

တတ်လျက်ကျေးရွာ အတွင်း လွန်ခဲ့တဲ့ ၂၀၀၀ ပြည့်နှစ် ကတည်းက ငွေရည်ပုလဲ ကုမ္ပဏီ နဲ့ ရွှေလင်္ကာ ကုမ္ပဏီ တို့လုပ်ကွက်ရခဲ့ကြောင်းသိရပါတယ်။

စစ်အာဏာရှင် လက်ထက် ကတည်းက စတင်ခဲ့တဲ့ စီမံကိန်း ဟာ သေနတ်ပြောင်းဝ ကနေ ရှင်သန်ကြီးထွားလာတဲ့ ကျေးရွာလူထုတွေအတွက် မလွန်ဆန် ရဲ၊ မဆန့်ကျင်ရဲ ကြဘဲ ရှင်သန်ပြီး သေနေတဲ့ ဘဝ တွေနဲ့ တူနေပါတယ်။

ကျောက်မီးသွေး တူးဖော်မှုဟာ လူထိခိုက်မှု၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု သာမက ဒေသခံ ရွာသားတွေရဲ့ စိတ်ဒဏ်ရာကိုပါထိခိုက်လာနိုင်တဲ့အတွက် မိမိအရပ်ဒေသမှာ ကျောက်မီးသွေး တူးဖော်မှုစီမံကိန်းရှိပါက ရဲရဲဝံ့၀ံ့ ကန့်ကွက် ဖို့ တိုက်တွန်းစေချင်ကြောင်း တတ်လျက် ကျေးရွာ သားတွေက ပြောဆိုလိုက်ပါတယ်။

“ ကျနော်တို့လို အဖြစ်မျိုးမရောက်ဖို့ အားလုံး ရဲရဲဝံ့ဝံ့ကျောက်မီးသွေး တူးဖော်မှုတွေ ကန့်ကွက်စေချင်တယ်” လို့ စိုင်းကောင်း က ပြောလိုက်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တန့်ယန်းမြို့နယ် မီးဖြတ်တောက်ချိန် များနေသဖြင့် ပြည်သူများ ဝင်ငွေပိုင်း ထိခိုက်မှုရှိနေ

0
သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့တွင် မီးဖြတ်တောက်ချိန်များနေသဖြင့် ပြည်သူများ ဝင်ငွေပိုင်း ထိခိုက်မှု ရှိနေကြောင်း သတင်းသိရသည်။ ယခု ဒီဇင်ဘာလဆန်းပိုင်းမှ စတင်ကာ တန့်ယန်းမြို့အတွင်း၌ အချိန်ပိုင်း အလှည့်ကျပေးမည်ဟု အချိန်ဇယား ထုတ်ပြန်ခဲ့သော်လည်း မီးပျက်သည့် အချိန် များနေပြီး ဒေသခံများက စားသောက်ရေးပိုင်း နှင့် ဝင်ငွေပိုင်းများ ထိခိုက်နေကြောင်း ဒေသခံ...

တန့်ယန်းမြို့နယ်အတွင်း တပ်သားသစ်များစုဆောင်းနေ

0
သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်အတွင်းတွင် တအာင်းအမျိုးသားတပ်မတော် TNLA နှင့် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တို့က တပ်သားသစ်များ စုဆောင်းနေကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။ တန့်ယန်းမြို့နယ်အတွင်းရှိ လွယ်လိန်းတောင်တက်လမ်းတစ်လျှောက်တွင် သွားလာလှုပ်ရှားတတ်သည့် TNLA တပ်ဖွဲ့သည် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာမှ ဒေသခံများကို စစ်ပညာ လာရောက် သင်ယူရန် စေခိုင်းမှုများ ရှိနေကြောင်း...

တန့်ယန်းမြို့နယ် MNDAA မှ တပ်သားသစ်နှင့် အမျိုးသမီးများကို တောင်းခံနေ

0
သျှမ်းပြည် မြောက်ပိုင်း တန့်ယန်းမြို့နယ်အတွင်းရှိ နောင်လန်ကျေးရွာအုပ်စု ကုန်းကော်ရွာတွင် ကိုးကန့်တပ်မတော် (MNDAA) တပ်ဖွဲ့မှ စစ်သားသစ်နှင့် အမျိုးသမီးများကို တောင်းခံမှု ပြုလုပ်နေသဖြင့် ကုန်းကော်ရွာခံများက တိမ်းရှောင်ထွက်ပြေးနေရကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၁၉ ရက် နံနက်ပိုင်းတွင် MNDAA တို့သည် ကုန်းကော်ကျေးရွာမှ ရွာလူကြီးထံသို့ တပ်သားသစ်အတွက်...

တန့်ယန်းမြို့နယ် ကျောက်မီးသွေး တူးဖော်မည် မဟုတ်ကြောင်း ကုမ္ပဏီမှ ကတိပေး

0
သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်အတွင်း ကျောက်မီးသွေးတူးဖော်ရန် ကြိုးစားနေသည့် ငွေရည်ပုလဲ ကုမ္ပဏီသည် ဒေသခံပြည်သူများက ဝိုင်းဝန်းဆန့်ကျင်ကန့်ကွက်မှုကြောင့် ကျောက်မီးသွေးကို တူးဖော်တော့မည် မဟုတ်ကြောင်း ပြည်သူများကို ကတိပေးခဲ့သည်ဟု စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၁၇ ရက်နေ့ မနက်ပိုင်း ၁၁ နာရီဝန်းကျင်တွင် မိုင်းဟဌာနေ ပြည်သူ့စစ်အဖွဲ့ နှင့် ငွေရည်ပုလဲ...

တန့်ယန်းမြို့နယ် ကျောက်မီးသွေးတိုးချဲ့တူးဖော်ရန် စီစဉ်နေ

0
သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် နားဟုတ်ကျေးရွာအုပ်စု တက်လျက်ကျေးရွာတွင် ကျောက်မီးသွေး တိုးချဲ့ပြီး တူးဖော်ရန် ကုမ္ပဏီ က ဒေသခံများကို လာရောက်စည်းရုံးနေကြောင်း စုံစမ်းသိရသည်။ Photo Tangyan Youth -တန့်ယန်းမြို့နယ် တတ်လျက်ရွာတောင်ဘက်က ကျောက်မီးသွေးတူးဖော်တဲ့နေရာ ထို့ကြောင့် တန့်ယန်းမြို့နယ် နားဟုတ်ကျေးရွာအုပ်စု တက်လျက်ကျေးရွာ တွင် ကျောက်မီးသွေးတိုးချဲ့ တူးဖော်ရန် အတွက်...