သျှမ်းပြည် အောင်ပန်းမြို့နယ်တွင် အမည်မသိ ပိုင်ရှင်မဲ့ အမျိုးသမီးအလောင်းတွေ့ရှိခဲ့ကြောင်း စုံးစမ်းသိရသ်။
သျှမ်းပြည် အောင်ပန်းမြို့နယ် ကုန်းနီ ကျေးရွာ အနီးအရှေ့တောင်ဘက်ရှိ သစ်တောထဲတွင် ယမန်နေ့( ဧပြီလ ၂၃) ရက် ညနေ ၄ နာရီဝန်းကျင်၌ အမည်းမသိ ပိုင်ရှင်မဲ့ အမျိုးသမီးတစ်ဦး၏ ရုပ်လောင်းကိုတွေ့ရှိခဲ့ကြောင်း အောင်းပန်းမြို့ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“သူဆွေမျိုးတွေကို ရဲတွေလိုက်စုံစမ်းနေတုန်းပါပဲ။သူများကတွေ့တာနဲ့ သက်ဆိုင်ရာကို ဖုန်းချက်ချင်း ဆက်တာ ပေါ့။မိန်းကလေးဆိုတာလောက်တော့ သိရတယ်။သေနေတာ ၁ လလောက်ကြာနေပြီ။ ဒဏ်ရာတွေက စစ်ဆေးဖိုလည်း ခက်သွားပြီလေ။ပုတ်ပွနေပြီဆိုတော့ ဒဏ်ရာရှာလို့မှ မရတော့တာ။”ဟု အောင်ပန်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ထို အမျိုးသမီးသေဆုံးသွားသော နေရာသည် ကန်နီကျေးရွာ အနီးတွင်သေဆုံးခဲ့ပြီး အောင်ပန်းမြို့နှင့် ၇ မိုင်ဝန်းကျင့် ခန့်ဝေးကြောင်းသိရသည်။
၊ထိုသေဆုံးသွားသော ရုံးအလောင်းကို ယမန်နေတွင် တာဝန်ရှိသူများ၏ ခွင့်ပြုချက်ဖြင့် မင်းဂူသုင်္သာန်သို့ပို့ဆောင်မီးသဂြိုဟ်ပေးခဲ့ကြောင်းသိရသည်။