Tuesday, January 27, 2026

အမျိုးသမီးနှင့်ကလေးသူငယ် အကြမ်းဖက်ခံရမှုနှင့် စားဝတ်နေရေးကို ဖြေရှင်းပေးနိုင်မည့် လွှတ်တော်ကိုယ်စားလှယ်ကို မျှော်လင့် ဟု တောင်ကြီး အမျိုးသမီးများပြော

နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် သျှမ်းပြည် အတွက် အမျိုးသမီးနှင့် ကလေးသူငယ်တွေ အကြမ်းဖက်ခံရမှုနှင့် အခြေခံလူတန်းစားများ၏ စားဝတ်နေရေးဘဝကို နားလည်ဖြေရှင်းပေးနိုင်မည့် လွှတ်တော်ကိုယ်စားလှယ်မျိုးကို မျှော်လင့်ထားကြောင်း သျှမ်းပြည်၊တောင်ကြီး ဒေသခံအမျိုးသမီးများက ပြောသည်။


“အမျိုးသမီးနဲ့ ကလေးသူငယ်တွေ အကြမ်းဖက်ခံရမှုတွေကို ကာကွယ်ဆောင်ရွက်ပေးစေချင်တယ်။ အိမ်တွင်းအကြမ်းဖက်မှု ကိစ္စတွေကို ပိုမိုအာရုံစိုက်ပြီး ဆောင်ရွက်ပေးစေချင်တယ်။ အမျိုးသမီးများ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပိုမိုပါဝင်လာနိုင်ရေးနဲ့ မိမိမဲဆန္ဒနယ်အတွင်းမှာရှိတဲ့ ထူးချွန်ထက်မြတ်တဲ့ အမျိုးသမီးခေါင်းဆောင်တွေ ပိုမိုပေါ်ပေါက်လာနိုင်ဖို့ တစ်တက်တစ်အား တွန်းအားပေးဆောင်ရွက်ပေးတဲ့ ကိုယ်စားလှယ်လောင်းမျိုးကို မျှော်လင့်ပါတယ်” ဟု Women and Peace Action Network (WAPAN) မှ ဒါရိုက်တာ ဒေါ်သန္တာဦးက ပြောသည်။


တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်နေ အထည်ရောင်းသည့် ဒေါ်နန်းညိုညိုထွေးက “အခြေခံလူတန်းစားတွေရဲ့ ဘဝကိုသိပြီးတော့ အခြေခံကျကျနားလည်တဲ့ ပြဿနာပေါင်းမျိုးစုံကို ဖြေရှင်းပေးနိုင်ပြီး အမြန်ကူညီဖြေရှင်းပေးနိုင်တဲ့ အစိုးရအဖွဲ့ကို လိုလားပါတယ်။ တကယ်အလုပ်လုပ်ပေးနိုင်တဲ့ ကိုယ်စားလှယ်လောင်းမျိုးကို မျှော်လင့်တယ်။ အခြေခံလူတန်းစားတွေရဲ့ အခက်အခဲကို မသိကျိုးကျွံပြုတဲ့ လူတွေကိုတော့ အလိုမရှိဘူး။ လက်ရှိအစိုးရရဲ့ သိသာတဲ့ တိုးတက်မှုကိုပြောရရင် လမ်းပန်းဆက်သွယ်ရေးတွေတော့ အရင်ကထက် ကောင်းမွန်လာတာတွေ့ရတယ်။ ဘုရားတွေ စေတီတွေ ပြုပြင်တာတွေ့ရတယ်” ဟုပြောသည်။။


နိုင်ငံရေးသည် အိမ်ထောင်ရေးနှင့် တစ်စိတ်တစ်ဒေသသက်ဆိုင်ပြီး အိမ်ထောင်ရေးငြိမ်းချမ်းမှ နိုင်ငံရေး ငြိမ်းချမ်းနိုင်မည်ဖြစ်ကြောင်း  အိမ်ထောင်ရေး ငြိမ်းချမ်းစေရန် စီးပွားရေးအခြေအနေ တိုးတက်ကောင်းမွန်မှသာ အဆင်ပြေနိုင်မည်ဖြစ်ကြောင်း တောင်ကြီးမြို့တွင် အိမ်တွင်းမှုလုပ်ငန်းလုပ်ဆောင်နေသူတစ်ဦးဖြစ်သည့် နန်းအွန်က ပြောသည်။


“ကျမက အိမ်ရှင်မဆိုတော့ ကိုယ်နဲ့တိုက်ရိုက်သက်ဆိုင်တဲ့ ကလေးပညာရေးကိစ္စနဲ့ စီးပွားရေးကိစ္စက အရေးကြီးပါတယ်။ စီးပွားရေးပြေလည်မှ အိမ်ထောင်ရေးအဆင်ပြေမယ်၊ အိမ်ထောင်စုတိုင်းအဆင်ပြေမှ နိုင်ငံလဲ တိုးတက်ပြောင်းလဲလာမယ်။ သားသမီးတွေ ပညာရေးအတွက်လဲ ထောက်ပံ့ပေးနိုင်မယ် ဒါကြောင့် အဲ့ဒီလိုလုပ်ဆောင်ပေးနိုင်မယ့် ကိုယ်စားလှယ်လောင်းမျိုးကိုဆိုရင် ဘယ်ပါတီပဲဖြစ်ဖြစ် မဲပေးမယ်” ဟု ၎င်း၏အမြင်ကိုပြောသည်။


သျှမ်းပြည်ရှိ မဲဆန္ဒနယ်အသီးသီးတွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၂၂ ဦးအပါအဝင် ပါတီ ၃၂ ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၀၃၇ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝ” အမျိုးသားပါတီ WNP ဒုဉက္ကဌကို ယာယီဉက္ကဌအဖြစ်တင်မြှောက်

0
လစ်လပ်နေသည့် “ဝ”အမျိုးသားပါတီ(WNP) ၏ ဥက္ကဌနေရာအတွက် ဒုဉက္ကဌ  ဖြစ်သည့်  ဦးညီပလုပ် အား ပါတီ၏ ယာယီဥက္ကဌအဖြစ် ခန့်အပ်တာဝန်ပေးကြောင်းပါတီမှ ထုတ်ပြန်ထားသည်။ ဦးဆိုင်ပေါင်းနပ် ပါတီဥက္ကဌရာထူးမှ နှုတ်ထွက်သွားပြီးနောက် လစ်လပ်နေသည့် ပါတီ၏ ဥက္ကဌနေရာ အတွက် "ဝ" အမျိုးသားပါတီ မှ ဗဟိုကော်မတီဝင်များသည် သြဂုတ်လ ၂၀...

ရွေးကောက်ပွဲ တရားမျှတမှု ဖော်ဆောင်နိုင်ခြင်းမရှိဟု SNDP ပြော

0
၂၀၂၀ အထွေထွေရွေးကောက်ပွဲ နှင့် စပ်လျဉ်းပြီး လွတ်လပ်ပြီး တရားမျှတစွာ ဖော်ဆောင်နိုင်ခဲ့ခြင်းမရှိကြောင်း ဇန်နဝါရီ (၂၄) ရက်စွဲဖြင့် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(SNDP)မှ ထုတ်ပြန်လိုက်သည်။ “တပ်မတော်ဘက်က ထုတ်ပြန်ထားတဲ့ မဲစာရင်းတွေလည်းရှိတော့ ပြန်လည်စိစစ်ဖို့ လိုတယ်တယ်။ဖြေရှင်းပြီးမှပဲ လွှတ်တော်ခေါ်ယူရေး လုပ်ငန်းစဉ် ဆောင်ရွက်ပေးဖို့အကြောင်း မြင်တဲ့အတွက်ကြောင့်မလို့ ထုတ်ပြန်ချက်ထုတ်ရခြင်း ဖြစ်ပါတယ်” ဟု SNDP...

၂၀၂၀ ရွေးကောက်ပွဲတွင် မြန်မာတဝှမ်း မဲဆန္ဒနယ် (၁၁၁၇) နယ်ရွေးကောက် နိုင်ခဲ့

0
၂၀၂၀ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ မြန်မာနိုင်ငံတွင်းရှိ မဲဆန္ဒနယ် စုစုပေါင်း (၁၁၁၇) နေရာ ရွေးကောက် နိုင်ခဲ့ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် က ထုတ်ပြန်ကြောညာခဲ့သည်။ နိုင်ဝင်ဘာ (၁၅) ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ထုတ်ပြန်ချက်အရ ၂၀၂၀ ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲမှ...

၂၀၂၀ ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နေရာများကို အမြန်ကျင်းပရန် တပ်မှ ညှိနှိုင်းနေဟုဆို

0
သျှမ်းပြည် မိုင်းကိုင်မြို့နယ် အတွင်း ကြားဖြတ်ရွေးကောက်ပွဲ အမြန်ကျင်းပနိုင်ရန် အတွက် သက်ဆိုင်ရာအဖွဲ့အစည်းကို ညှိနှိုင်း နေကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး က ထုတ်ပြန်ကြေညာခဲ့သည်။ နိုဝင်ဘာ ၁၂ ရက် ယမန်နေ့က ထုတ်ပြန်သောအဆိုပါကြေငြာချက်တွင် တပ်မတော်အနေဖြင့် ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ ပြုလုပ်ရန် ပယ်ဖျက်ခံထားရသည့်နေရာများတွင်...

၂၀၂၀ ရွေးကောက်ပွဲသည် တရားမျှတမှု မရှိ နိုင်ငံရေးအသိုင်းအဝိုင်းပြော

0
နိုဝင်ဘာ (၈)ရက်တွင် ကျင်းပခဲ့သည့် အထွေထွေ ရွေးကောက်ပွဲ သည် လွတ်လပ်ပြီး၊တရားမျှတမှု မရှိကြောင်း နိုင်ငံရေး အသိုင်းအဝန်းက ပြောဆိုလိုက်သည်။ သျှမ်းပြည်တဝှမ်း နိုဝင်ဘာ (၈) ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် နိုင်ငံရေး စစ်ရေး နှင့် ကိုဗစ်စိန်ခေါ်မှုများကြားမှ ကျင်းပပြီးစီးခဲ့သော်လည်း လွတ်လပ်ပြီး တရားမျှသည့် ရွေးကောက်ပွဲ...